Monday, January 27, 2014

တရားမျှတမှုမရှိသည့် ဥပဒေအချို့ကြောင့် မြန်မာနိုင်ငံတွင် မလိုလားအပ်ဘဲ တရားခံများပြားနေဟု ပြည်သူ့လွှတ်တော်နာယက ပြောကြား

မြန်မာနိုင်ငံတွင် တရားမျှတမှုမရှိသော ဥပဒေအချို့ကြောင့် မလိုလားအပ်ပဲ တရားခံများ များပြားနေ ရခြင်းဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ဇန်န၀ါရီ ၂၆ ရက်က စစ်ကိုင်း တိုင်းဒေသကြီး ရွှေဘိုခရီးစဉ်တွင် ပြောကြားသည်။

“တချို့ဥပဒေတွေဟာ တရားမျှတမှုမရှိဘူး။ လက်တွေ့မလိုက်နာနိုင်ဘူးဆိုရင် ဥပဒေပြဌာန်းလိုက်ကတည်း ကိုက ဒီဥပဒေကို ချိုးဖောက်ပြီးသားလူတွေ ရှိနေတယ်။ ချိုးဖောက်တာကို လက်ပိုက်ကြည့်နေကြတဲ့ တာဝန်ရှိသူများကလည်း ဥပဒေကို ထပ်ဆင့်ချိုးဖောက်လိုက်တာဖြစ်တယ်။ အဲဒီတော့ မလိုအပ်ပဲနဲ့ တရားခံတွေ မြန်မာနိုင်ငံမှာ အများကြီး ဖြစ်လာတယ်” ဟု ဦးရွှေမန်းက ပြောကြားသည်။

ထိုကဲ့သို့ တရားမျှတမှုမရှိသည့် ဥပဒေများ ပေါ်ထွက်မလာစေရန် လွှတ်တော်ကဆောင် ရွက်နေကြောင်း ၊ ပြည်သူများ၏ မျှော်လင့်ချက်ကို ဥပဒေပြုပေးရန် လိုအပ်ကြောင်း လွှတ်တော် အနေဖြင့် နိုင်ငံသူနိုင်ငံသား များ၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်သည့် ဥပဒေမျိုး၊ ပြည်သူများ အားလုံး လိုက်နာနိုင်မည့် တရားမျှတသည့် ဥပဒေများကိုသာ ရေးဆွဲပြဌာန်းရန် တာဝန်ရှိနေကြောင်း၊ လွှတ်တော်အမတ်များ အနေဖြင့် ပြည်သူများ၏ဆန္ဒကို လေးစားရန် ပြည်သူများအပေါ် သစ္စာရှိရန် လိုအပ်ကြောင်းလည်း သူရဦးရွှေမန်းက ထည့်သွင်းပြောကြားခဲ့သည်။ ထို့ပြင် ကောက်ချင် တိုင်းကောက် ဖြစ်ချင်တိုင်းဖြစ်နေသည့် အခွန်စနစ်မျိုး မဖြစ်ရန် ဥပဒေပြုပြဌာန်းသွားမည်ဖြစ်ကြောင်း၊ အခက်အခဲပေါင်းစုံနှင့် ဆင်းရဲတွင်း နက်နေသည့် တောင်သူများအတွက်လည်း အကျိုးစီးပွား ကာကွယ်မြှင့်တင်ရေး ဥပဒေပြဋ္ဌာန်းပြီးနောက် နည်းဥပဒေများ ရေးဆွဲဆောင်ရွက်လျက် ရှိကြောင်း၊ ပြဋ္ဌာန်း ပြီးသော ဥပဒေများကိုလည်း လက်တွေ့ လုပ်ဆောင်ခြင်း ရှိမရှိ လွှတ်တော်က စောင့်ကြည့်တည့်မတ်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။

တောင်သူလယ်သမားများအား စကားအရာတွင်သာ ကျေးဇူးရှင်ဟု ဦးထိပ်ထားကြသော်လည်း ခေတ် အဆက်ဆက် အစိုးရများ လက်ထက်၌ တောင်သူများ၏ အခွင့်အရေးနှင့် အကျိုးစီးပွား မရရှိပဲ တဖြည်းဖြည်း ပိုမိုဆင်းရဲနေရကြောင်း ပြည်သူလွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက ပြောကြားသည်။

Eleven

တရားမျှတမှုမရှိသည့် ဥပဒေအချို့ကြောင့် မြန်မာနိုင်ငံတွင် မလိုလားအပ်ဘဲ တရားခံများပြားနေဟု ပြည်သူ့လွှတ်တော်နာယက ပြောကြား

Written by: 
ရဲရင့်အောင်
မြန်မာနိုင်ငံတွင် တရားမျှတမှုမရှိသော ဥပဒေအချို့ကြောင့် မလိုလားအပ်ပဲ တရားခံများ များပြားနေရခြင်းဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ဇန်န၀ါရီ ၂၆ ရက်က စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရီးစဉ်တွင် ပြောကြားသည်။

“တချို့ဥပဒေတွေဟာ တရားမျှတမှုမရှိဘူး။ လက်တွေ့မလိုက်နာနိုင်ဘူးဆိုရင် ဥပဒေပြဌာန်းလိုက်ကတည်းကိုက ဒီဥပဒေကို ချိုးဖောက်ပြီးသားလူတွေ ရှိနေတယ်။ ချိုးဖောက်တာကို လက်ပိုက်ကြည့်နေကြတဲ့ တာဝန်ရှိသူများကလည်း ဥပဒေကို ထပ်ဆင့်ချိုးဖောက်လိုက်တာဖြစ်တယ်။ အဲဒီတော့ မလိုအပ်ပဲနဲ့ တရားခံတွေ မြန်မာနိုင်ငံမှာ အများကြီး ဖြစ်လာတယ်” ဟု ဦးရွှေမန်းက ပြောကြားသည်။

ထိုကဲ့သို့ တရားမျှတမှုမရှိသည့် ဥပဒေများ ပေါ်ထွက်မလာစေရန် လွှတ်တော်ကဆောင်ရွက်နေကြောင်း၊ ပြည်သူများ၏ မျှော်လင့်ချက်ကို ဥပဒေပြုပေးရန် လိုအပ်ကြောင်း လွှတ်တော်အနေဖြင့် နိုင်ငံသူနိုင်ငံသားများ၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်သည့် ဥပဒေမျိုး၊ ပြည်သူများအားလုံး လိုက်နာနိုင်မည့် တရားမျှတသည့် ဥပဒေများကိုသာ ရေးဆွဲပြဌာန်းရန် တာဝန်ရှိနေကြောင်း၊ လွှတ်တော်အမတ်များအနေဖြင့် ပြည်သူများ၏ဆန္ဒကို လေးစားရန် ပြည်သူများအပေါ် သစ္စာရှိရန် လိုအပ်ကြောင်းလည်း သူရဦးရွှေမန်းက ထည့်သွင်းပြောကြားခဲ့သည်။ ထို့ပြင် ကောက်ချင်တိုင်းကောက် ဖြစ်ချင်တိုင်းဖြစ်နေသည့် အခွန်စနစ်မျိုး မဖြစ်ရန် ဥပဒေပြုပြဌာန်းသွားမည်ဖြစ်ကြောင်း၊ အခက်အခဲပေါင်းစုံနှင့် ဆင်းရဲတွင်းနက်နေသည့် တောင်သူများအတွက်လည်း အကျိုးစီးပွား ကာကွယ်မြှင့်တင်ရေး ဥပဒေပြဋ္ဌာန်းပြီးနောက် နည်းဥပဒေများ ရေးဆွဲဆောင်ရွက်လျက်ရှိကြောင်း၊ ပြဋ္ဌာန်းပြီးသော ဥပဒေများကိုလည်း လက်တွေ့လုပ်ဆောင်ခြင်း ရှိမရှိ လွှတ်တော်က စောင့်ကြည့်တည့်မတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

တောင်သူလယ်သမားများအား စကားအရာတွင်သာ ကျေးဇူးရှင်ဟု ဦးထိပ်ထားကြသော်လည်း ခေတ်အဆက်ဆက် အစိုးရများ လက်ထက်၌ တောင်သူများ၏ အခွင့်အရေးနှင့် အကျိုးစီးပွား မရရှိပဲ တဖြည်းဖြည်း ပိုမိုဆင်းရဲနေရကြောင်း ပြည်သူလွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက ပြောကြားသည်။
- See more at: http://www.news-eleven.com/local/%E1%80%90%E1%80%9B%E1%80%AC%E1%80%B8%E1%80%99%E1%80%BD%E1%80%BA%E1%80%90%E1%80%99%E1%82%88%E1%80%99%E1%80%9B%E1%80%BD%E1%80%AD%E1%80%9E%E1%80%8A%E1%80%B9%E1%80%B7-%E1%80%A5%E1%80%95%E1%80%B1%E1%80%92%E1%80%A1%E1%80%81%E1%80%BA%E1%80%B3%E1%80%AD%E1%82%95%E1%80%B1%E1%81%BE%E1%80%80%E1%80%AC%E1%80%84%E1%80%B9%E1%80%B7-%E1%80%BB%E1%80%99%E1%80%94%E1%80%B9%E1%80%99%E1%80%AC%E1%82%8F%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%84%E1%80%B6%E1%80%90%E1%80%BC%E1%80%84%E1%80%B9-%E1%80%99%E1%80%9C%E1%80%AD%E1%80%AF%E1%80%9C%E1%80%AC%E1%80%B8%E1%80%A1%E1%80%95%E1%80%B9%E1%80%98%E1%80%B2-%E1%80%90%E1%80%9B%E1%80%AC%E1%80%B8%E1%80%81%E1%80%B6%E1%80%99%E1%80%BA%E1%80%AC%E1%80%B8%E1%80%BB%E1%80%95%E1%80%AC%E1%80%B8%E1%80%B1%E1%80%94%E1%80%9F%E1%80%AF#sthash.ovxELdFc.dpuf

No comments:

Post a Comment