Friday, January 24, 2014

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ အပစ်ရပ်မူကြမ်း အတည်ပြုလိုက်ပြီ

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ ဒုတိယအကြိမ် ညီလာခံ နောက်ဆုံးရက်တွင် တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့များ၏ အပစ်အခတ်ရပ်စဲရေး မူကြမ်းကို အတည်ပြု လိုက်ပြီဖြစ်သည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ဒုတိယအကြိမ်ညီလာခံကို ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့ KNU တပ်မဟာ ၇ လော်ခီးလာ(ခေါ်) လေးဝါးစခန်းတွင် ဇန်နဝါရီလ ၂၀ရက်မှ ၂၄ရက်အထိ ပြုလုပ်ခဲ့ခြင်းပြီး အဖွဲ့ ၁၈ဖွဲ့ တက်ရောက်ခဲ့သည်။

ယင်းသို့ တိုင်းရင်းသားများ၏ အပစ်ရပ်မူကြမ်းကို အတည်ပြုလိုက်ပြီဖြစ်သော်လည်း ဖက်ဒရယ် စစ်တပ် ဖွဲ့စည်းခြင်း ဆိုင်ရာ ဆွေးနွေးခြင်းနှင့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးကိစ္စကို အစိုးရနှင့် ဆက်လက်ဆွေးနွေးမည်ဖြစ်သည်။

ထို့အပြင် တိုင်းရင်းသားများဘက်မှ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT)နှင့် အစိုးရ ၏ ပြည်ထော င်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UWPC)တို့ ဇန်နဝါရီ လ ၂၉ရက် တွင် တွေ့ဆုံကာ မူကြမ်းနှစ်ခုကို ထပ်မံ ဆွေးနွေးမည်ဖြစ်ပြီး ဘားအံဆွေးနွေးပွဲကို ဖေဖော်ဝါ ရီလ နောက် ဆုံးပတ်တွင် တွေ့ဆုံမည်ဖြစ်သည်။ တွေ့ဆုံမည့် နေရာကိုမူ မသိရှိ ရသေးပေ။

အတည်ပြုလိုက်သည့် တိုင်းရင်းသားအဖွဲ့တို့၏ မူကြမ်းကို ၂၀၁၃ခုနှစ် အောက်တိုဘာ ၃၁ရက်မှ နိုဝင်ဘာ ၃ရက်အထိ ပြုလုပ်ခဲ့သည့် လိုင်ဇာညီလာခံတွင် သဘောတူညီချက်ရရှိခဲ့ပြီး ယခုတစ်ကြိမ် ညီလာခံတွင် အတည်ပြုနိုင်ခဲ့ခြင်းဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment