Friday, January 24, 2014

ကုလငြိမ်းချမ်းရေးတပ်ဖွဲ့နဲ့ မြန်မာစစ်တပ် ပူးပေါင်းဆောင်ရွက်မည်

မြန်မာ့တပ်မတော် အနေနဲ့ ကုလသမဂ္ဂရဲ့ ငြိမ်းချမ်းရေးတပ်ဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကမ်းလှမ်း ချက်ကို လက်ခံတဲ့အကြောင်း မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြော ကြား လိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဗီဂျေးနမ်ဘီယားနဲ့ နေပြည်တော်မှာ တွေ့ဆုံရာမှာ မြန်မာ စစ်တပ်အကြီးအကဲက ပြောကြား လိုက်တာပါ။

မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာမှာ တာဝန်သိတဲ့ နိုင်ငံအနေနဲ့ တာဝန်ထမ်းဆောင်လိုတဲ့အကြောင်း ငြိမ်းချမ်းရေး ကိုလည်း လိုလားတဲ့အကြောင်းနဲ့ ပြည်သူလူထုရဲ့ လူမှုဘ၀လုံခြုံရေးအတွက် ကုလမသဂ္ဂ အဖွဲ့အစည်းနဲ့ ညှိနှိုင်းဆောင်ရွက်သွားမှာ ဖြစ်တဲ့အကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကုလသမဂ္ဂ ကိုယ် စားလှယ်ကို ပြောကြားခဲ့တယ်လို့ နိုင်ငံပိုင်သ တင်းစာတွေ မှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်ဖွဲ့မှာ ဘယ်လို ပူးပေါင်းပါဝင်မယ်ဆိုတာ ကိုတော့ မသိ ရသေးပါဘူး။

ကုလသမဂ္ဂအနေနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအတွက် နိုင်ငံတကာက စစ်သည်တွေပါဝင်တဲ့ ငြိမ်း ချမ်းရေး တပ်ဖွဲ့တွေကို ပြည်တွင်းစစ်နဲ့ ပဋိပက္ခဖြစ်ပွားနေတဲ့ တိုင်းပြည်တွေကို စေလွှတ် ထား တာ ဖြစ်ပါ တယ်။

By ဒီဗွီဘီ

No comments:

Post a Comment