Monday, January 13, 2014

မော်လမြိုင်-ရန်ကုန် အထူးအမြန်ရထား တွဲဆိုင်းသစ်ဖြင့် ဇန်နဝါရီ ၁၁ ရက်တွင် စတင်ပြေးဆွဲ

Photo: မော်လမြိုင်-ရန်ကုန် အထူးအမြန်ရထား တွဲဆိုင်းသစ်ဖြင့် ဇန်နဝါရီ ၁၁ ရက်တွင် စတင်ပြေးဆွဲ
Monday, January 13, 2014

မွန်ပြည်နယ် မော်လမြိုင်ဘူတာကြီးမှ ရန်ကုန်သို့ ပြေးဆွဲနေသည့် အထူးအမြန် (၃၆) အစုန် မော်လမြိုင်-ရန်ကုန် ခရီးစဉ်တွင် ရထားတွဲဟောင်းများအစား ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့ ညနေ ၆ နာရီမှ စတင်ပြီး ရထားတွဲဆိုင်း အသစ်များဖြင့် စတင်ပြေးဆွဲမည် ဖြစ်ကြောင်း မော်လမြိုင် ဘူတာကြီးမှ အထူးတန်းရုံပိုင်ကြီး ဦးတင်စိုးဝင်က ပြောကြားသည်။

ရိုးရိုးတန်း အတွဲခြောက်တွဲနှင့် အထက်တန်းနှစ်တွဲ ပါရှိမည့်တွဲဆိုင်းသစ် ခရီးစဉ်အတွက် လက်မှတ် ဝယ်ယူသူများသည် လက်မှတ်ရောင်းချိန် နံနက် ၇ နာရီမှ ညနေ ၄ နာရီအတွင်း အထက်တန်း လက်မှတ်များကို သုံးရက်ကြိုတင် ဝယ်ရမည် ဖြစ်ကြောင်းနှင့် ရိုးရိုးတန်း လက်မှတ်များကို တစ်ရက်ကြိုတင် ဝယ်ယူရမည် ဖြစ်ကြောင်း၊ နေ့ချင်း လက်မှတ်များကို ရထားမထွက်မီ ၁၀ မိနစ်အလိုထိ ရောင်းချမည် ဖြစ်ကြောင်း မော်လမြိုင် မီးရထားရုံပိုင် ဦးဌေးအောင်က ဆိုသည်။

ယင်းအမြန်ရထားသည် နေ့စဉ် ည ၇ နာရီ ၃၀ မိနစ်တွင် မော်လမြိုင် ဘူတာကြီးမှ ထွက်ခွာပြီး ရန်ကုန်သို့ နံနက် ၄ နာရီ ၄၅ မိနစ်တွင် ဆိုက်ရောက်မည် ဖြစ်ကြောင်း၊ ရန်ကုန်ဘူတာကြီးမှ ည ၉ နာရီအချိန်တွင် ပြန်လည် ထွက်ခွာမည် ဖြစ်ပြီး မော်လမြိုင်သို့ နံနက် ၆ နာရီအချိန်တွင် ပြန်လည် ဆိုက်ရောက်မည် ဖြစ်ကြောင်း အထူးအမြန် (၃၆) အချိန်စာရင်းအရ သိရသည်။

ယင်းခရီးစဉ်တွင် ရိုးရိုးတန်း လက်မှတ် တစ်စောင်လျှင် ၂၈၀၀ ကျပ်၊ အထက်တန်း လက်မှတ် တစ်စောင်လျှင် ၅၅၀၀ ကျပ် ဖြစ်သည်။

The Voice Weekly
မွန်ပြည်နယ် မော်လမြိုင်ဘူတာကြီးမှ ရန်ကုန်သို့ ပြေးဆွဲနေသည့် အထူးအမြန် (၃၆) အစုန် မော်လမြိုင်-ရန်ကုန် ခရီးစဉ်တွင် ရထားတွဲဟောင်းများအစား ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့ ညနေ ၆ နာရီမှ စ တင်ပြီး ရထားတွဲဆိုင်း အသစ်များဖြင့် စတင်ပြေးဆွဲမည် ဖြစ်ကြောင်း မော်လမြိုင် ဘူတာကြီးမှ အထူး တန်း ရုံ ပိုင်ကြီး ဦးတင်စိုးဝင်က ပြောကြားသည်။
ရိုးရိုးတန်း အတွဲခြောက်တွဲနှင့် အထက်တန်းနှစ်တွဲ ပါရှိမည့်တွဲဆိုင်းသစ် ခရီးစဉ်အတွက် လက်မှတ် ဝယ်ယူ သူများသည် လက်မှတ်ရောင်းချိန် နံနက် ၇ နာရီမှ ညနေ ၄ နာရီအတွင်း အထက်တန်း လက်မှတ်များကို သုံးရက်ကြိုတင် ဝယ်ရမည် ဖြစ်ကြောင်းနှင့် ရိုးရိုးတန်း လက်မှတ်များကို တစ်ရက်ကြိုတင် ဝယ်ယူ ရမည် ဖြစ်ကြောင်း၊ နေ့ချင်း လက်မှတ်များကို ရထားမထွက်မီ ၁၀ မိနစ်အလိုထိ ရောင်းချ မည် ဖြစ်ကြော င်း မော်လမြိုင် မီးရထားရုံပိုင် ဦးဌေးအောင်က ဆိုသည်။

ယင်းအမြန်ရထားသည် နေ့စဉ် ည ၇ နာရီ ၃၀ မိနစ်တွင် မော်လမြိုင် ဘူတာကြီးမှ ထွက်ခွာပြီး ရန်ကုန်သို့ နံနက် ၄ နာရီ ၄၅ မိနစ်တွင် ဆိုက်ရောက်မည် ဖြစ်ကြောင်း၊ ရန်ကုန်ဘူတာကြီးမှ ည ၉ နာရီအချိန် တွင် ပြန်လည် ထွက်ခွာမည် ဖြစ်ပြီး မော်လမြိုင်သို့ နံနက် ၆ နာရီအချိန်တွင် ပြန်လည် ဆိုက်ရောက် မည် ဖြစ်ကြော င်း အထူးအမြန် (၃၆) အချိန်စာရင်းအရ သိရသည်။

ယင်းခရီးစဉ်တွင် ရိုးရိုးတန်း လက်မှတ် တစ်စောင်လျှင် ၂၈၀၀ ကျပ်၊ အထက်တန်း လက်မှတ် တစ်စောင် လျှင် ၅၅၀၀ ကျပ် ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment