Monday, January 13, 2014

အာဖရိကနစ်မြုပ် သင်္ဘောတွင် လုပ်ကိုင်သည့် မြန်မာများ ပြည်တော်ပြန်

Photo: အာဖရိကနစ်မြုပ် သင်္ဘောတွင် လုပ်ကိုင်သည့် မြန်မာများ ပြည်တော်ပြန်
Monday, January 13, 2014

မုန်တိုင်းဒဏ်ကြောင့် အာဖရိက အရှေ့ပိုင်းတွင် နစ်မြုပ်ခဲ့သည့် သင်္ဘောတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာသင်္ဘော သားလေးဦး ဇန်နဝါရီလ ၁၂ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာ ကြောင်း အဆိုပါ သင်္ဘောသားများထံမှ သိရှိရသည်။

သစ်လုံးများ တင်ဆောင်ကာ မာဒါဂါ စကာနိုင်ငံမှ စင်ကာပူနိုင်ငံသို့ သွားရောက်သည့် MV-PEACE အမည်ရ အဆိုပါ သင်္ဘောသည် မာဒါကာစကာမှ ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ထွက်ခွာခဲ့ကာ သင်္ဘော စတင်ထွက်ခွာပြီး ငါးနာရီခန့် အကြာတွင် မုန်တိုင်းဒဏ် စတင်ခံရခြင်း ဖြစ်ကြောင်း၊ အဆိုပါ သင်္ဘောပေါ်တွင် တစ်ရက်ကျော် ကြာမြင့်ခဲ့ပြီး အသက်ကယ်လှေဖြင့် ပင်လယ်ပြင်တွင် ၂၂ နာရီကျော် နေခဲ့ရကြောင်း ကပ္ပတိန် ဦးမျိုးဝင်းက ပြောကြားသည်။
“ကျွန်တော့်ဘဝမှာ ပထမဆုံးအကြိမ် ကြုံဖူးတာပဲ” ဟု နှစ်သုံးဆယ်ကျော် လုပ်သက်ရှိသူ ၎င်းကဆိုသည်။

အဆိုပါ သင်္ဘောတွင် မြန်မာနိုင်ငံသား လေးဦးနှင့် တရုတ်နိုင်ငံသားငါးဦး ပါဝင်ပြီး သင်္ဘောပေါ်မှာ သက်ကယ်လှေပေါ် ဆင်းပြီး မကြာမီ သင်္ဘောနစ်မြုပ်သွားကြောင်း၊ သင်္ဘောသားများကို တန်ချိန် သုံးသိန်းကျော် တင်နိုင်သည့် ဂရိသင်္ဘော တစ်စီးက လာရောက် ကယ်ဆယ်ကာ တောင်အာဖရိကနိုင်ငံ မြို့တော် ကိပ်တောင်းသို့ ပို့ဆောင် ပေးခဲ့ကြောင်း သင်္ဘောသားများထံမှ သိရှိရသည်။
“လှိုင်းက သင်္ဘောထက်ကြီးတယ်” ဟု အဆိုပါ သင်္ဘောပေါ်တွင် လိုက်ပါခဲ့သည့် ဦးဖြိုးထွန်းကျော်က ဆိုသည်။

မုန်တိုင်း တိုက်ခတ်မည့် သတင်းကို ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ရရှိခဲ့သော်လည်း သင်္ဘောထွက်ရန် စီစဉ်ပြီးပြီ ဖြစ်သဖြင့် ခရီးစဉ်ဆိုင်းငံ့၍ မရခဲ့ကြောင်း ဦးမျိုးဝင်းက ပြောဆိုသည်။ 

မြန်မာသင်္ဘောသားများကို နေရပ်ပြန်ရန် သင်္ဘောပိုင်ရှင် အစီအစဉ်ဖြင့် တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၂၀၀ စီ ပေးအပ်ခဲ့ပြီး သင်္ဘောသားများ ဆုံးရှုံးမှုများနှင့် ပတ်သက်၍ တောင်အာဖရိက နိုင်ငံရှိ PNI အာမခံကုမ္ပဏီကို တင်ပြထားကြောင်း၊ ယင်းနိုင်ငံ ပရီတိုးရီးယားမြို့ရှိ မြန်မာနိုင်ငံ သံရုံးက အကူအညီအချို့ ပေးကြောင်း ဦးမျိုးဝင်းက ပြောကြားသည်။

တန်ချိန် ၁၄၀၀ ကျော် တင်နိုင်သည့် MV-PEACE သင်္ဘောသည် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင် မှတ်ပုံတင်ထားသည့် သင်္ဘောဖြစ်သည်။

The Voice Weekly
မုန်တိုင်းဒဏ်ကြောင့် အာဖရိကအရှေ့ပိုင်းတွင် နစ်မြုပ်ခဲ့သည့် သင်္ဘောတွင် အလုပ်လုပ်ကိုင်နေ သည့် မြန် မာ သင်္ဘော သားလေးဦး ဇန်နဝါရီလ ၁၂ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာ ကြောင်း အဆိုပါ သင်္ဘောသားများထံမှ သိရှိရသည်။
သစ်လုံးများ တင်ဆောင်ကာ မာဒါဂါ စကာနိုင်ငံမှ စင်ကာပူနိုင်ငံသို့ သွားရောက်သည့် MV-PEACE အမည်ရ အဆိုပါ သင်္ဘောသည် မာဒါကာစကာမှ ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ထွက်ခွာခဲ့ကာ သင်္ဘော စတင် ထွက်ခွာပြီး ငါးနာရီခန့် အကြာတွင် မုန်တိုင်းဒဏ် စတင်ခံရခြင်း ဖြစ်ကြောင်း၊ အဆိုပါ သင်္ဘောပေါ် တွင် တစ်ရက်ကျော် ကြာမြင့်ခဲ့ပြီး အသက်ကယ်လှေဖြင့် ပင်လယ်ပြင်တွင် ၂၂ နာရီကျော် နေခဲ့ရကြောင်း ကပ္ပတိန် ဦးမျိုးဝင်းက ပြောကြားသည်။ “ကျွန်တော့် ဘဝမှာ ပထမဆုံးအကြိမ် ကြုံဖူးတာပဲ” ဟု နှစ်သုံး ဆယ်ကျော် လုပ်သက်ရှိသူ ၎င်းကဆိုသည်။

အဆိုပါ သင်္ဘောတွင် မြန်မာနိုင်ငံသား လေးဦးနှင့် တရုတ်နိုင်ငံသားငါးဦး ပါဝင်ပြီး သင်္ဘောပေါ် မှာ သက် ကယ်လှေပေါ် ဆင်းပြီး မကြာမီ သင်္ဘောနစ်မြုပ်သွားကြောင်း၊ သင်္ဘောသားများကို တန်ချိန် သုံးသိန်းကျော် တင်နိုင်သည့် ဂရိသင်္ဘော တစ်စီးက လာရောက် ကယ်ဆယ်ကာ တောင်အာဖရိကနိုင်ငံ မြို့တော် ကိပ်တောင်း သို့ ပို့ဆောင် ပေးခဲ့ကြောင်း သင်္ဘောသားများထံမှ သိရှိရသည်။ “လှိုင်းက သင်္ဘောထက်ကြီး တယ်” ဟု အဆိုပါ သင်္ဘောပေါ်တွင် လိုက်ပါခဲ့သည့် ဦးဖြိုးထွန်းကျော်က ဆိုသည်။

မုန်တိုင်း တိုက်ခတ်မည့် သတင်းကို ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ရရှိခဲ့သော်လည်း သင်္ဘော ထွက်ရန် စီစဉ်ပြီးပြီ ဖြစ်သဖြင့် ခရီးစဉ်ဆိုင်းငံ့၍ မရခဲ့ကြောင်း ဦးမျိုးဝင်းက ပြောဆိုသည်။ 

မြန်မာသင်္ဘောသားများကို နေရပ်ပြန်ရန် သင်္ဘောပိုင်ရှင် အစီအစဉ်ဖြင့် တစ်ဦးလျှင် အမေရိ ကန်ဒေါ်လာ ၂၀၀ စီ ပေးအပ်ခဲ့ပြီး သင်္ဘောသားများ ဆုံးရှုံးမှုများနှင့် ပတ်သက်၍ တောင် အာဖရိက နိုင်ငံရှိ PNI အာမခံ ကုမ္ပဏီကို တင်ပြထားကြောင်း၊ ယင်းနိုင်ငံ ပရီတိုးရီးယားမြို့ရှိ မြန်မာနိုင်ငံ သံရုံးက အကူအညီ အချို့ ပေးကြော င်း ဦးမျိုးဝင်းက ပြောကြားသည်။

တန်ချိန် ၁၄၀၀ ကျော် တင်နိုင်သည့် MV-PEACE သင်္ဘောသည် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင် မှတ်ပုံတင်ထားသည့် သင်္ဘောဖြစ်သည်။

The Voice Weekly

No comments:

Post a Comment