Tuesday, January 21, 2014

အစိမ်းရောင်မြို့တော်စီမံကိန်းအတွက် မြေယာအသုံးပြုမှု အဓိကထား ဆွေးနွေးမည်

အစိမ်းရောင်မြို့တော်စီမံကိန်းအတွက် မန္တလေးမြို့၏ မြေယာအသုံးပြုမှုနှင့်ပတ်သက်၍ အာရှ ဖွံ့ဖြိုးရေးဘဏ် (ADB)မှ အဖွဲ့ခေါင်းဆောင် မစ္စတာအလစ်စတဲယားဘလန့်တ်က မြန်မာနိုင်ငံ၏ မြေယာအသုံးပြု မှုနှင့် ပတ် သက်ပြီး ရန်ကုန်နှင့် နေပြည်တော်မြို့များကို သွားရောက်လေ့လာ ကာ စာတမ်းပြုစုထားပြီး Land Use Managementကို ဇန်န၀ါရီ ၂၉ ရက်တွင် ကျင်းပပြုလုပ် မည့် ဆွေးနွေးပွဲတွင် အဓိကဆွေးနွေး သွား မည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင် သာယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ဇန်န ၀ါရီ ၂၀ ရက်တွင် မဇ္ဈိမကို ပြောသည်။
၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၆ ရက်က ပထမအကြိမ်ပြုလုပ်ခဲ့သော Green City Mandalay ဆွေးနွေးပွဲတွင် မန္တလေးမြို့သည် နောင်အနှစ်သုံးဆယ်တွင် မြို့နေလူထုအတွက် နေထိုင်စရာ အိုးအိမ်လိုအပ်ချက်မှာ တစ်နှစ်လျှင် အခန်းပေါင်း ၃,၀၀၀ ခန့်ရှိကြောင်းကို ၎င်းတို့၏ စစ်ဆေးလေ့လာချက်များအရ တွေ့ရှိရ သည်။

မန္တလေးမြို့ စည်ပင်နယ်နိမိတ်အတွင်းရှိ ချမ်းမြသာစည်လေဆိပ်ဝန်းကျင်၊ တပ်မြေများနှင့် လယ်မြေများကို အကျိုးရှိစွာ စနစ်တကျအသုံးချနိုင်မည်ဆိုပါက နှစ်သုံးဆယ်အတွင်း တိုးလာမည့် လူဦးရေအတွက် အဆင်ပြေနိုင်မည်ဖြစ်သည်ဟု မစ္စတာအလစ်စတဲယား ဘလန့်တ် က ဆိုသည်။

မန္တလေးမြို့ကို သဘာဝပတ်ဝန်းကျင်နှင့် ကိုက်ညီသော အစိမ်းရောင်မြို့တော်ဖြစ်ပေါ်လာစေရန် အတွက် အာရှဖွံ့ဖြိုးရေးဘဏ်မှ ဒေါ်လာသန်း ၆၀ ပံ့ပိုးပေးမည်ဖြစ်၍ အဆိုပါစီမံကိန်းအတွက် အမေရိကန်နိုင်ငံမှ ပညာရှင်များ လာရောက် လေ့လာလျက်ရှိသည်။

Mizzima - News in Burmese

No comments:

Post a Comment