Tuesday, January 21, 2014

ယခုဘဏ္ဍာနှစ်အတွက် ချပေးရန် လျာထားသည့် ဆင်းမ်ကတ်အရေအတွက် ပြည့်မီအောင် ချပေးမည်

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ၂၀၁၃- ၂၀၁၄ ဘဏ္ဍာရေးနှစ်အတွက် မိုဘိုင်းဆင်းမ်ကတ်လေးသန်း ချထားပေးမည်ဟု လျာထားရာ ကျန်ရှိနေ သည့် လအတွင်း လျာထားသည့်အရေအတွက် အတိုင်း ပြည့်မီအောင် ချထားပေးမည်ဖြစ်သည် ဟု မြန်မာ့ ဆက်သွယ်ရေးမှ မိုဘိုင်းအင်ဂျင် နီယာ ချုပ် ဦးခင်မောင်ထွန်းက မဇ္ဈိမကို ပြောသည်။
တန်ဖိုးနည်း ၁၅၀၀ တန် မိုဘိုင်းဆင်းမ်ကတ်များကို ဧပြီလအတွင်းက ချထားပေးခဲ့ရာ လက်ရှိ အချိန်ထိ အလုံးရေသုံးသန်းကျော်ချထားပေးပြီးဖြစ်ကာ လျာထားသည့် ပမာဏအတိုင်း ပြည့်မီအောင် ချထားပေး သွားမည်ဖြစ်သည်။

ဦးခင်မောင်ထွန်းက “ဆက်တိုက်ချပေးနေမှာပါ။ အမှန်ပြောရရင် ဆင်သမျှအားလုံးချပေးမှာပါ။ လေး သန်းမှ မဟုတ်ပါဘူး။ တစ်လကို သုံးသိန်းခွဲကတော့ ပေးနေတာပါပဲ”ဟု ဆိုသည်။

တန်ဖိုးနည်း မိုဘိုင်းဆင်းမ်ကတ်များကို တစ်လလျှင် အလုံးရေ ၃၅၀,၀၀၀ ဖြင့် ဧပြီလမှစတင် ချ ထားပေးရာ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းနှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတို့က ချထားပေးခြင်းဖြစ် သည်။ လက်ရှိတွင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းအနေဖြင့်လည်း လိုင်းချဲ့ခြင်း များဆောင် ရွက်နေ သလို မြန် မာ့ ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့်လည်း လိုင်းတိုး ချဲ့ခြင်းများ ဆောင်ရွက်နေရာ လိုင်းချဲ့ပြီးစီး သမျှ ချထားပေးသွားမည်ဖြစ်သည်ဟုလည်း ဦးခင်မောင်ထွန်းက ဆိုသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် ရန်ကုန်တိုင်းအတွင်းတွင် လိုင်းချဲ့ခြင်း၊ စက်ပစ္စည်းများ တိုးချဲ့ တပ်ဆင်ခြင်းကိုလည်း ဒီဇင်ဘာလအတွင်းက စတင်ဆောင်ရွက်နေရာ ဇန်န၀ါရီ ၃၁ ရက်အထိ ဆောင် ရွက်သွားမည်ဖြစ်သည်။

လိုင်းများတိုးချဲ့တပ်ဆင်ရာတွင် GSM နှင့် WCDA မိုဘိုင်းဖုန်းများအတွက် အဓိက ဦးစားပေးဆောင် ရွက်နေပြီး ယင်းဖုန်းလိုင်းများကိုသာ ဦးစားပေးချပေးမည်ဖြစ်သည် ဟု လည်း ဦးခင်မောင်ထွန်းက ဆို သည်။

၎င်းက “အခုလိုင်းတိုးချဲ့တာ အများစုက GSM, WCDMA ဆိုတော့ အဲဒါကို အဓိက ထားပေးနေပါတယ်” ဟု ဆိုသည်။

လာမည့် ၂၀၁၅ ခုနှစ်တွင် မိုဘိုင်းဖုန်း သိပ်သည်းဆ ၅၀ ရာခိုင်နှုန်းအထိ ရောက်ရှိရန်ဆောင်ရွက်သွား မည်ဟု ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာ ၀န်ကြီးဌာနက ပြောကြားထားပြီးဖြစ်သော ကြောင့် မိုဘိုင်းဖုန်းလိုင်းအင်အားတိုးချဲ့ခြင်းများ ကိုလည်း ပုံမှန်ဆောင်ရွက်နေခြင်း ဖြစ်သည်။

ယင်းသို့တိုးချဲ့ရာတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ မိုဘိုင်းလိုင်းအင်အားတိုးချဲ့ခြင်းစီမံကိန်း အနေ ဖြင့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် မိုဘိုင်းလိုင်းအင်အား လေးသန်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် မိုဘိုင်းလိုင်း အင်အားငါးသန်းနှင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင်လည်း မိုဘိုင်းလိုင်းအင်အား ငါးသန်း တိုးချဲ့ရန် စီစဉ်ထားကြောင်းလည်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း က ထုတ်ပြန်ထားပြီးဖြစ်သည်။

ပြည်တွင်းတွင် လက်ရှိမိုဘိုင်းဖုန်းသုံးစွဲမှုမှာ နိုဝင်ဘာလကုန်အထိ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အသုံးပြုနေသော မိုဘိုင်းဖုန်းလိုင်းအင်အား ၆ ဒသမ ၂၈ သန်းရှိနေပြီဖြစ် သည်။

Mizzima - News in Burmese

No comments:

Post a Comment