Wednesday, January 15, 2014

သမ္မတရုံး ဦးစီးအရာရှိတစ်ဦး၏ မြေကွက် ကျူးကျော်ခံရသဖြင့် ရဲစခန်းတွင် တိုင်ကြား

နိုင်ငံတော် သမ္မတရုံးမှ ဦးစီးအရာရှိတစ်ဦး ပိုင်ဆိုင်သော မြေကွက်တစ်ခုအတွင် နေထိုင်သော တဲတစ်လုံးကို ပိုင်နက်ကျူးကျော်ပြီး အကျိုးဖျက်ဆီးမှုဖြင့် အရေးယူပေးရန် ဇန်နဝါရီ ၁၄ ရက် က အမှုဖွင့် ဦးစီးအရာရှိ၏ ဇနီးဖြစ်သူက တိုင်တန်းထားသည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ မှူးရုံးမှ သတင်းရရှိသည်။

အမှုမှာ နိုင်ငံတော်သမ္မတရုံး၊ သံတမန်ရေးရာဌာနကြီးတွင် ဦးစီးအရာရှိအဖြစ် လုပ် ကိုင်နေသော ခင်ပွန်းဖြစ် သူ ဦးစန်းယု တပ်မတော်တွင် တာဝန်ထမ်းဆောင်စဉ်က နိုင်ငံတော် က ချမှတ်ပေးထားသော အမည်ပေါက်မြေကွက်တွင် ကျူးကျော်ထားခြင်းဖြစ် သည်ဟု ဒဂုံ ဆိပ်ကမ်းမြို့နယ်(၅၀) ရပ်ကွက်နေ ဇနီးဖြစ်သူ ဒေါ်မိုးမိုးအောင် (၅၃)နှစ် တိုင်တန်း ထားသည်။

တရားလိုက ဒဂုံဆိပ်ကမ်းမြို့နယ် (၁၆၈) ရပ်ကွက်တွင်ရှိသော အဆိုပါမြေကွက်အမှတ် (၁၂၄၃) ကို ခြံစည်းရိုးကာရံနေမှု ပြီးစီးမှု ရှိ/မရှိကို ဇန်နဝါရီ ၁၃ ရက်မွန်းလွဲပိုင်းက သွားရောက် စစ်ဆေး ရာတွင် မြေကွက်ပေါ်တွင် သွပ်မိုး၊ တာလပတ်ကာရံထားသော တဲတစ်လုံးဆောက် လုပ်ထားသည်ကို တွေ့ရှိခဲ့ရခြင်းဖြစ်သည်ဟု ဆိုသည်။

ထို့နောက် စုံစမ်းရာ ဦးအောင်မြင့်(စုံစမ်းဆဲ)ဆိုသူမှ ဆောက်လုပ်ထားကြောင်း သိရှိခဲ့ပြီး ခြံစည်း ရိုးအား ရိုက်ချိုးဖျတ်ဆီးထားမှုကြောင့် ငွေ ၂ သိန်းခွဲခန့်ထိ ဆုံးရှုံးရသည်ဟုလည်း ရဲအား ပြောပြထားသည်။

ယင်းကြောင့် ဦးအောင်မြင့်ကို အရေးယူပေးရန် တိုင်တန်းထားသဖြင့် ဒဂုံဆိပ်ကမ်းရဲစခန်းက (ပ)၁၅/၂၀၁၄ ဖြင့် အမှုဖွင့်ပြီး ပြစ်မှုပုဒ်မ ၄၂၇/၄၄၇ တို့ဖြင့် အရေးယူရန် ပြစ်မှုကျူးလွန် ထားခြင်း ဟုတ်မဟုတ် ဖမ်းဆီးစစ်ဆေးရန် လုပ်ဆောင်လျက်ရှိသည်။

Mizzima - News in Burmese

1 comment:

  1. အော် ဤ သည်လည်း တစ်ဒုက္ခ ပါလား ။

    ReplyDelete