Thursday, January 16, 2014

ဂျပန်နိုင်ငံက အာဖရိက ဒေသရှိ ဒုက္ခသည် များအတွက် အမေရိကန် ဒေါ်လာ ၁၁ ဒသမ ၆ သန်း ထောက်ပံ့မည်

Photo: ဂျပန်နိုင်ငံက အာဖရိက ဒေသရှိ ဒုက္ခသည် များအတွက် အမေရိကန် ဒေါ်လာ ၁၁ ဒသမ ၆ သန်း ထောက်ပံ့မည်
Thursday, January 16, 2014

ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေး နှင့် အီသီယိုးပီးယား ဝန်ကြီးချုပ် Hailemariam Desalegn တို့သည် ဇန်နဝါရီ ၁၃ ရက်က အီသီယိုးပီးယား နိုင်ငံ၌ တွေ့ဆုံခဲ့ကြပြီး ဂျပန်နိုင်ငံ အနေဖြင့် တောင်ဆူဒန်နှင့် ဆိုမာလီ နိုင်ငံတို့မှ အိမ်ရာစွန့်ခွာ ထွက်ပြေးခဲ့ရသောဒုက္ခသည်များကို ကူညီရန် အမေရိကန် ဒေါ်လာ ၁၁ ဒသမ ၆ သန်းထောက်ပံ့ မည် ဖြစ်ကြောင်း ရှင်ဇိုအာဘေးက ပြောကြားခဲ့သည်ဟု အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။ အကြမ်း ဖက် တိုက်ခိုက်မှုများနှင့် ပြည်တွင်း စစ်ပွဲများကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်နေသည့် အာဖရိကဒေသရှိ နိုင်ငံ များမှ ဒုက္ခသည်များကို ကူညီရန် အမေရိကန် ဒေါ်လာ ၁၁ ဒသမ ၆ သန်းနှင့် ညီမျှသည့် ဂျပန်ယန်းငွေ ၁ ဒသမ ၂ ဘီလီယံကို နိုင်ငံတကာ အဖွဲ့အစည်းများမှ တစ်ဆင့် ပေးအပ် သွားမည် ဖြစ်ကြောင်း အာဘေးက ပြောကြားခဲ့ သည်။

တောင်ဆူဒန်ရှိ အစိုးရနှင့် အကြမ်းဖက် အဖွဲ့များအကြား စစ်မက်ဖြစ်ပွားမှုများ ဆက်လက် ဖြစ်ပေါ်နေခြင်းနှင့် ပိုမို ဆိုးဝါးလျက် ရှိသည့် အခြေအနေများနှင့် ပတ်သက်၍ စိုးရိမ်ခဲ့ရကြောင်း အာဘေးက ပြောကြားခဲ့သည်။ အီသီယိုး ပီးယားနိုင်ငံ ငြိမ်းချမ်းမှု ရှိစေရေး ကြိုးပမ်းအားထုတ်မှုအဖြစ် အနာဂတ်ကာလတွင် ဂျပန်နိုင်ငံနှင့် နီးကပ်စွာ ပူး ပေါင်း ဆောင်ရွက် လိုပါကြောင်းနှင့် တောင်ဆူဒန်ရှိ ကုလသမဂ္ဂ ငြိမ်းချမ်းမှုအဖွဲ့နှင့် ဆိုမာလီ ကမ်းလွန်ရှိ ပင်လယ် ဓားပြ နှိမ်နင်းရေး စစ်ဆင်ရေးများတွင် တာဝန်ထမ်းဆောင်နေသည့် ဂျပန် ကာကွယ်ရေး တပ်ဖွဲ့များ၏ အခန်း ကဏ္ဍကိုလည်း ချီးကျူးဂုဏ်ပြုပါကြောင်း Hailemariam က ပြန်လည် ပြောကြားခဲ့သည်။

အာဖရိကဒေသတွင် ဂျပန်နိုင်ငံက တည်ဆောက်မည့် ပထမဆုံး လုပ်ငန်းခွင် လေ့ကျင့်ရေးစခန်း ၁ဝ ခုကို အီသီ ယိုးပီးယား နိုင်ငံတွင် တည်ဆောက်မည် ဖြစ်ကြောင်းနှင့် အီသီယိုးပီးယား နိုင်ငံနှင့် အပြန်အလှန် ဆက်ဆံရေးများ ဖွံ့ဖြိုး တိုးတက်လာစေရန် ထပ်မံ အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားလိုကြောင်း အာဘေးက ထပ်လောင်း ပြော ကြားခဲ့သည်။ ထို့အပြင် နှစ်နိုင်ငံ တာဝန်ရှိသူများသည် ဂျပန်- အီသီယိုးပီးယား တိုက်ရိုက် လေကြောင်းခရီးစဉ် ပြေးဆွဲရေး သဘောတူညီချက် တစ်ရပ်ကိုလည်း လက်မှတ်ရေးထိုး ခဲ့ကြကြောင်း သိရသည်။

မြ၀တီ
ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေး နှင့် အီသီယိုးပီးယား ဝန်ကြီးချုပ် Hailemariam Desalegn တို့သည် ဇန်နဝါရီ ၁၃ ရက်က အီသီယိုးပီးယား နိုင်ငံ၌ တွေ့ဆုံခဲ့ကြပြီး ဂျပန်နိုင်ငံ အနေဖြင့် တောင်ဆူဒန်နှင့် ဆိုမာလီ နိုင်ငံတို့မှ အိမ်ရာစွန့်ခွာ ထွက်ပြေးခဲ့ရသောဒုက္ခသည်များကို ကူညီရန် အမေရိကန် ဒေါ်လာ ၁၁ ဒသမ ၆ သန်းထောက်ပံ့ မည် ဖြစ်ကြောင်း ရှင်ဇိုအာဘေးက ပြောကြားခဲ့သည်ဟု အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။
အကြမ်း ဖက် တိုက်ခိုက်မှုများနှင့် ပြည်တွင်း စစ်ပွဲများကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်နေ သည့် အာဖရိကဒေသရှိ နိုင်ငံ များမှ ဒုက္ခသည်များကို ကူညီရန် အမေရိကန် ဒေါ်လာ ၁၁ ဒသမ ၆ သန်းနှင့် ညီမျှသည့် ဂျပန်ယန်းငွေ ၁ ဒသမ ၂ ဘီလီယံကို နိုင်ငံတကာ အဖွဲ့အစည်းများမှ တစ်ဆင့် ပေးအပ် သွားမည် ဖြစ်ကြောင်း အာဘေးက ပြောကြားခဲ့ သည်။

တောင်ဆူဒန်ရှိ အစိုးရနှင့် အကြမ်းဖက် အဖွဲ့များအကြား စစ်မက်ဖြစ်ပွားမှုများ ဆက်လက် ဖြစ်ပေါ်နေခြင်းနှင့် ပိုမို ဆိုးဝါးလျက် ရှိသည့် အခြေအနေများနှင့် ပတ်သက်၍ စိုးရိမ်ခဲ့ရကြောင်း အာဘေးက ပြောကြားခဲ့သည်။ အီသီယိုး ပီးယားနိုင်ငံ ငြိမ်းချမ်းမှု ရှိစေရေး ကြိုးပမ်းအားထုတ်မှုအဖြစ် အနာဂတ်ကာလတွင် ဂျပန်နိုင်ငံနှင့် နီးကပ်စွာ ပူး ပေါင်း ဆောင်ရွက် လိုပါကြောင်းနှင့် တောင်ဆူဒန်ရှိ ကုလသမဂ္ဂ ငြိမ်းချမ်းမှုအဖွဲ့နှင့် ဆိုမာလီ ကမ်းလွန်ရှိ ပင်လယ် ဓားပြ နှိမ်နင်းရေး စစ်ဆင်ရေးများတွင် တာဝန်ထမ်းဆောင်နေသည့် ဂျပန် ကာကွယ်ရေး တပ်ဖွဲ့များ၏ အခန်း ကဏ္ဍကိုလည်း ချီးကျူးဂုဏ်ပြုပါကြောင်း Hailemariam က ပြန်လည် ပြောကြားခဲ့သည်။

အာဖရိကဒေသတွင် ဂျပန်နိုင်ငံက တည်ဆောက်မည့် ပထမဆုံး လုပ်ငန်းခွင် လေ့ကျင့်ရေးစခန်း ၁ဝ ခုကို အီသီ ယိုးပီးယား နိုင်ငံတွင် တည်ဆောက်မည် ဖြစ်ကြောင်းနှင့် အီသီယိုးပီးယား နိုင်ငံနှင့် အပြန်အလှန် ဆက်ဆံရေးများ ဖွံ့ဖြိုး တိုးတက်လာစေရန် ထပ်မံ အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားလိုကြောင်း အာဘေးက ထပ်လောင်း ပြော ကြားခဲ့သည်။ ထို့အပြင် နှစ်နိုင်ငံ တာဝန်ရှိသူများသည် ဂျပန်- အီသီယိုးပီးယား တိုက်ရိုက် လေကြောင်းခရီးစဉ် ပြေးဆွဲရေး သဘောတူညီချက် တစ်ရပ်ကိုလည်း လက်မှတ်ရေးထိုး ခဲ့ကြကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment