Tuesday, January 7, 2014

ပညာတတ်တဲ့ မိန်းကလေးနဲ့ ပညာမတတ်တဲ့ မိန်းကလေး ဘ၀လုံခြုံမှု

ပညာတတ်တဲ့မိန်းကလေးက ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းနိုင်လေလေ၊ ကိုယ့်ဘ၀ လုံခြုံလေလေပဲ။ ပညာ နည်းလေလေ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအားနည်းလေလေ၊ ကိုယ့်ဘ၀မလုံခြုံလေလေပဲ။
ပညာလည်း မတတ်၊ ပိုက်ဆံလည်းမရှိတဲ့ မိန်းကလေးတွေဆိုရင် လမ်းမှားကိုရောက်သွားနိုင်ခြေများတယ်။

မိသားစုဝင်ငွေနည်းတဲ့ပြဿနာက မိန်းကလေးတွေရဲ့ဘ၀လုံခြုံမှုကို လာပြီးတော့ ထိခိုက်စေတယ်။ မိန်းကလေးတွေက မိခင်စိတ်ရှိတဲ့အတွက် အိမ်တစ်အိမ်ရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးချင်တဲ့ စိတ်က မိန်းကလေးတွေဆီမှာ အလိုလိုနေရင်း ပေါ်ပေါက်နေတယ်။ အဲဒီအတွက် ဘ၀အပျက်ခံတဲ့ မိန်းကလေးတွေ အများကြီးရှိတယ်။ မိန်းကလေးတွေအတွက်မိသားစုဝင်ငွေတိုးတဲ့စီးပွားရေးလုပ်ငန်းတွေကိုထူထောင်ဖို့ အများကြီး အကူအညီပေးသင့်တယ်။

တချို့ဆိုရင် ကိုယ့်ခန္ဓာကိုရင်းပြီး မိဘကို လုပ်ကျွေးနေတဲ့အတွက် ကုသိုလ်ပိုရသလိုလို၊ ဂုဏ်ယူနေသလို လိုမျိုး ပြောတာလည်းရှိတယ်။
အဲဒါကတော့ ဘာသာရေးအဆုံးအမနဲ့ဆိုင်တယ်။ မိဘကိုလုပ်ကျွေးတာ ကောင်းတယ်ဆိုပေမယ့် ဘယ်လို နည်းနဲ့ လုပ်ကျွေးတယ်ဆိုတဲ့စကားပြောဖို့လိုတာပေါ့။ အဲဒါတွေကို လူကြီးတွေက ဆုံးမသင့်တယ်။ မိဘ ကိုတော့ လုပ်ကိုင်ကျွေးမွေးရမယ်။ ဒါပေမဲ့ ခိုးမကျွေးသင့်ဘူး။ ဘ၀ကို ရင်းပြီးမကျွေးသင့်ဘူး။

နှင်းဆီဖူးလေးများ

No comments:

Post a Comment