Tuesday, January 7, 2014

မြန်မာU-22အသင်း၏ ဒုတိယမြောက်ခြေစမ်းပွဲအနိုင်ရရှိ


ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့သွားရောက်လေ့ကျင့်နေသော မြန်မာU-22 အသင်းသည် ဒုတိယမြောက်ခြေ စမ်းပွဲ အဖြစ် ယနေ့ ညနေ ၄နာရီတွင် ထိုင်းလက်ရွေးစင် U-20 အသင်းနှင့် ယှဉ်ပြိုင် ကစားခဲ့ရာ ၂ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။ နှစ်သင်းစလုံးအပြန်အလှန် တိုက်စစ်ဖွင့်ကစားခဲ့ပြီး ပထမပိုင်းတွင် ဂိုးမရှိ သရေကျနေခဲ့သည်။ ဒုတိယပိုင်းတွင် မြန်မာအသင်းလူစားလဲမှုအချို့ ပြုလုပ်ခဲ့ကာ ကစားကွက် ပိုမိုကောင်းမွန်လာခဲ့သည်။

ုမြန်မာအသင်းအတွက် ဂိုးများကို ရန်နိုင်ထွေး က ၇၂ မိနစ်တွင်လည်းကောင်း၊ သက်နိုင် က ၈၅ မိနစ်တွင်လည်းကောင်း အသီးသီးသွင်းယူခဲ့သည်။
မြန်မာU-22 အသင်းသည် လေ့ကျင့်ရေးအစီအစဉ်များ ဆက်လက်ပြုလုပ်မည်ဖြစ်ပြီး ဘန်ကောက်မြို့မှ တဆင့် အာရှဖလား U-22 ပြိုင်ပွဲကျင်းပမည့်အိုမန်နိုင်ငံသို့ ဇန်န၀ါရီလ ၉ ရက်နေ့တွင် ဆက်လက် ထွက်ခွာမည်ဖြစ်ကြောင်းသတင်းရရှိသည်။

ခြေစမ်းပွဲတွေမှာတော့ ပွဲတိုင်းအနိုင်ရခဲ့တဲ့ အာရှဖလား ယူ-၂၂ ပြိုင်ပွဲဝင်မြန်မာလူငယ်အသင်းဟာပြိုင်ပွဲမှာ အကောင်းဆုံးအနေအထားနဲ့ ယှဉ်ပြိုင်ကစားနိုင်ကြမယ်လို့တော့ သတ်မှတ်ရမှာဖြစ်ပြီး၊ အိမ်ရှင် အိုမန်အသင်းနှင့်၁၁ ရက်နေ့တွင် အာရှဖလားစကန်ရတော့မည် ဖြစ်ပါသည်။



credit= MFF
မိုးတိမ် (တမာမြေ)

Football Café

No comments:

Post a Comment