Friday, January 17, 2014

တရုတ်နှင့် ဆက်ဆံရေးကောင်းကြောင့် အာဆီယံ ပြဿနာများ ဖြေရှင်းရန် အင်အားဖြစ်ဟု မြန်မာဆို

Photo: တရုတ်နှင့် ဆက်ဆံရေးကောင်းကြောင့် အာဆီယံ ပြဿနာများ ဖြေရှင်းရန် အင်အားဖြစ်ဟု မြန်မာဆို

ပုဂံ၊ ဇန်နဝါရီ ၁၆

မြန်မာနိုင်ငံ၏ အာဆီယံ ဥက္ကဋ္ဌရာထူး တာဝန် ထမ်းဆောင်စဉ် ကာလတစ်လျှောက်လုံး တွေ့ကြုံရမည့် ဒေသတွင်း ပြဿနာများကို တာဝန်ယူ ဖြေရှင်းရာတွင် မြန်မာနှင့် ဆက်ဆံရေးကောင်းသော တရုတ်ပြည်သူ့ သမ္မတနိုင်ငံသည် အင်အားတစ်ခု ဖြစ်လာနိုင်ကြောင်း နိုင်ငံတော်သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။

ပုံမှန်အားဖြင့် အာဆီယံဥက္ကဋ္ဌရာထူး ရယူထားသော နိုင်ငံခြားရေးဝန်ကြီးများက ထိုသို့သော ကိစ္စရပ်မျိုးကို မှတ်ချက်ပြု ပြောဆိုလေ့ ရှိသော်လည်း ဇန်နဝါရီလ ၁၆ ရက်နေ့ ပုဂံမြို့ ရွှေနန်းတော်ဟိုတယ် နန်းမြင့်ဆောင်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးလည်းဖြစ်သူ ဦးရဲထွဋ်က ထိုသို့ ပြောခဲ့ခြင်း ဖြစ်သည်။ 

တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် အပြန်အလှန် နားလည်မှုရှိသော ဆက်ဆံရေး ကျင့်သုံးနေသည့် မြန်မာနိုင်ငံအတွက် တောင်တရုတ်ပင်လယ် ရေပိုင်နက် အငြင်းပွားမှုကဲ့သို့ ဒေသတွင်း ပြဿနာများကို ဖြေရှင်းရာတွင် အနှောင့်အယှက် မဖြစ်ဘဲ အင်အားသာ ဖြစ်လာနိုင်ကြောင်း ၎င်းကဖြည့်စွက် ပြောကြားသည်။

လာမည့် ၂၀၁၄ ခုနှစ်တွင် ကျင်းပမည့် အာဆီယံ ညီလာခံအတွက် ကြိုတင် အစည်းအဝေးဖြစ်သော အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ သီးသန့် အစည်းအဝေးတွင် ဒေသတွင်းနှင့် ဆိုင်သော ရွှေ့ပြောင်း လုပ်သား ပြဿနာများနှင့် တောင်တရုတ်ပင်လယ် အငြင်းပွားမှုတို့ကို ဆွေးနွေးသွားမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောဆိုသည်။

အာဆီယံနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံတို့အကြား ပူးပေါင်း ဆောင်ရွက်မှုများ မြှင့်တင်နေချိန် အဆိုပါ တောင်တရုတ်ပင်လယ် ရေပိုင်နက် အငြင်းပွားမှုကြောင့် ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှား၊ အင်ဒိုနီးရှားနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံတို့တွင် နိုင်ငံရေးအရ မငြိမ်သက်မှုများ ဖြစ်ပေါ်ခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင် ၂၀၁၂ ခုနှစ်အတွင်းက ကျင်းပခဲ့သော အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် တောင်တရုတ် ပင်လယ် ပြဿနာနှင့် ပတ်သက်၍ ကမ္ဘောဒီးယား အစိုးရက ဆွေးနွေးရန် ငြင်းဆိုခဲ့ဖူးသည်။

ပြီးခဲ့သော နိုင်ငံခြားရေးဝန်ကြီးများ သီးသန့် အစည်းအဝေးတွင် အာဆီယံနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံတို့အကြား တောင်တရုတ်ပင်လယ် အရေးနှင့် ပတ်သက်၍ ဆွေးနွေးပွဲ စည်းမျဉ်းဘောင် (Code of Conduct) အဆုံးသတ် ရေးဆွဲရန် ဆွေးနွေးခဲ့သော်လည်း ယခုနှစ်အထိ အပြီးသတ်နိုင်ခြင်း မရှိသေးချေ။

မြန်မာနိုင်ငံတွင်လည်း တရုတ်တို့၏ ဧရာဝတီ မြစ်ဆုံ ရေကာတာ စီမံကိန်း၊ မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ စီမံကိန်းနှင့် လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းကြီး များကြောင့် အစိုးရသစ် လက်ထက် ဆန္ဒပြပွဲကြီးများ ဆက်တိုက် ပေါ်ပေါက်ခဲ့ပြီး အစိုးရက လက်ပံတောင်းတောင် စီမံကိန်းတွင် အင်အားသုံး ဖြေရှင်းခဲ့သည် အထိ ဖြစ်သွားသည်။

အစိုးရသစ်လက်ထက် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့ကြား စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုများ တိုးလာသော်လည်း ၂၀၁၂ ခုနှစ်နောက်ပိုင်းတွင် တရုတ်နိုင်ငံ၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ရာခိုင်နှုန်းမှာ ၂ နှစ်နီးပါး ရပ်တန့်နေကြောင်း အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန စာရင်းများအရ သိရသည်။
မြန်မာနိုင်ငံ၏ အာဆီယံ ဥက္ကဋ္ဌရာထူး တာဝန် ထမ်းဆောင်စဉ် ကာလတစ်လျှောက်လုံး တွေ့ကြုံရ မည့် ဒေသတွင်း ပြဿနာများကို တာဝန်ယူ ဖြေရှင်းရာတွင် မြန်မာနှင့် ဆက် ဆံရေးကောင်းသော တရုတ်ပြည် သူ့ သမ္မတနိုင်ငံသည် အင်အားတစ်ခု ဖြစ်လာနိုင်ကြောင်း နိုင်ငံတော် သမ္မတ ပြောရေးဆိုခွင့်ရှိ သူ ဦးရဲထွဋ်က ပြောကြားသည်။
ပုံမှန်အားဖြင့် အာဆီယံဥက္ကဋ္ဌရာထူး ရယူထားသော နိုင်ငံခြားရေးဝန်ကြီးများက ထိုသို့သော ကိစ္စ ရပ်မျိုးကို မှတ်ချက်ပြု ပြောဆိုလေ့ ရှိသော်လည်း ဇန်နဝါရီလ ၁၆ ရက်နေ့ ပုဂံမြို့ ရွှေနန်းတော်ဟိုတယ် နန်းမြင့်ဆောင် တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး လည်းဖြစ် သူ ဦးရဲထွဋ် က ထိုသို့ ပြောခဲ့ခြင်း ဖြစ်သည်။ 
တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် အပြန်အလှန် နားလည်မှုရှိသော ဆက်ဆံရေး ကျင့်သုံးနေ သည့် မြန်မာနိုင်ငံ အတွက် တောင်တရုတ်ပင်လယ် ရေပိုင်နက် အငြင်းပွားမှုကဲ့သို့ ဒေသ တွင်း ပြဿနာ များကို ဖြေရှင်းရာတွင် အနှောင့်အယှက် မဖြစ်ဘဲ အင်အားသာ ဖြစ်လာနိုင်ကြောင်း ၎င်းကဖြည့် စွက် ပြောကြား သည်။

လာမည့် ၂၀၁၄ ခုနှစ်တွင် ကျင်းပမည့် အာဆီယံ ညီလာခံအတွက် ကြိုတင် အစည်း အဝေးဖြစ်သော အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ သီးသန့် အစည်းအဝေးတွင် ဒေသတွင်းနှင့် ဆိုင်သော ရွှေ့ပြောင်း လုပ်သား ပြဿနာများနှင့် တောင်တရုတ်ပင်လယ် အငြင်းပွားမှုတို့ကို ဆွေးနွေးသွားမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောဆိုသည်။

အာဆီယံနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံတို့အကြား ပူးပေါင်း ဆောင်ရွက်မှုများ မြှင့်တင်နေ ချိန် အဆိုပါ တောင် တရုတ်ပင်လယ် ရေပိုင်နက် အငြင်းပွားမှုကြောင့် ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှား၊ အင်ဒိုနီးရှားနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံတို့တွင် နိုင်ငံရေးအရ မငြိမ်သက်မှုများ ဖြစ်ပေါ်ခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင် ၂၀၁၂ ခုနှစ်အတွင်းက ကျင်းပခဲ့သော အာဆီယံ နိုင်ငံခြားရေးဝန်ကြီး များအစည်းအဝေးတွင် တောင်တရုတ်ပင်လယ် ပြဿနာနှင့်ပတ်သက်၍ ကမ္ဘောဒီးယား အစိုးရက ဆွေးနွေး ရန် ငြင်းဆိုခဲ့ဖူးသည်။

ပြီးခဲ့သော နိုင်ငံခြားရေးဝန်ကြီးများ သီးသန့် အစည်းအဝေးတွင် အာဆီယံနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ တို့အကြား တောင်တရုတ်ပင်လယ် အရေးနှင့် ပတ်သက်၍ ဆွေးနွေးပွဲ စည်း မျဉ်းဘောင် (Code of Conduct) အဆုံးသတ် ရေးဆွဲရန် ဆွေးနွေးခဲ့သော်လည်း ယခုနှစ် အထိ အပြီးသတ်နိုင်ခြင်း မရှိသေးချေ။

မြန်မာနိုင်ငံတွင်လည်း တရုတ်တို့၏ ဧရာဝတီ မြစ်ဆုံ ရေကာတာ စီမံကိန်း၊ မြန်မာ-တရုတ် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ စီမံကိန်းနှင့် လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းကြီး များကြောင့် အစိုးရသစ် လက်ထက် ဆန္ဒပြပွဲကြီးများ ဆက်တိုက် ပေါ်ပေါက်ခဲ့ပြီး အစိုးရက လက်ပံတောင်းတောင် စီမံကိန်းတွင် အင်အား သုံး ဖြေရှင်းခဲ့သည် အထိ ဖြစ်သွားသည်။

အစိုးရသစ်လက်ထက် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့ကြား စီးပွားရေး ပူးပေါင်း ဆောင်ရွက် မှုများ တိုး လာသော် လည်း ၂၀၁၂ ခုနှစ်နောက်ပိုင်းတွင် တရုတ်နိုင်ငံ၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ရာခိုင်နှုန်းမှာ ၂ နှစ်နီးပါး ရပ်တန့်နေကြောင်း အမျိုးသား စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန စာရင်းများအရ သိရသည်။

The Voice Weekly

No comments:

Post a Comment