Friday, January 17, 2014

UWSA“၀” တပ်ဖွဲ့ဝင်တစ်ဦး တရားမ၀င်လက်နက်ကိုင်ဆောင်ပြီး ဟိုတယ် အနီး နေအိမ်ခြံဝင်း အတွင်း ၀င်ရောက်ရန် ကြိုးစား

တာချီလိတ်မြို့၊ ဟောင်လိတ်အုပ်စု ၀ိန်းကျောက်ကျေးရွာ ၀ိန်းကျောက် ဟိုတယ်အနီးရှိ ဦးသန်းအောင် ၏ နေအိမ်ခြံဝင်းအတွင်းသို့ ဇန်န၀ါရီ ၁၅ ရက်နေ့ ည ၉ နာရီခန့်တွင် UWSA “၀”တပ်ဖွဲ့ဝင်တစ်ဦး ၀င်ရောက် ရန် ကြိုးစားရာ ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်ပြည်သူ့စစ်နှင့် ရပ်ကွက်သူရပ်ကွက် သားများမှ ၀ိုင်းဝန်းဖမ်းဆီးခဲ့ရ ကြောင်း ယင်းမြို့ခံများထံမှ သိရသည်။
“ည ၉ နာရီလောက်မှာ အိမ်ငှားနေတဲ့ နှင်းနှင်းရီရဲ့ အော်သံကြောင့် ကျွန်တော်တို့ အပြေးအလွှား ထွက်ကြည့် တော့ ခြံစည်းရိုးကို လူတစ်ယောက်ကျော်တက်နေတာတွေ့လို့ ၀ိုင်းဖမ်းခဲ့ရတာပါ၊ “၀” အဖွဲ့ကလို့တော့ သိရပါတယ်၊ အခုတော့ ရဲစခန်းအပ်လိုက်ပါပြီ ” ဟု အိမ်ပိုင်ရှင် ဦးသန်းအောင် က ပြောသည်။

အဆိုပါ နေအိမ်သည် ၀ိန်းကျောက်ဟိုတယ်အနီးတွင်ရှိသောကြောင့် ဥပဒေမဲ့လုပ်ရပ်တစ်ခုခုကျူးလွန်ရန် ခြံဝင်းအတွင်းသို့ ၀င်ရောက်ခြင်းဖြစ်နိုင်ကြောင်း၊ ခြံပိုင်ရှင်နှင့် ဟိုတယ်ဝန်ထမ်းများမှာလည်း ဖမ်းဆီးမိသော ``၀´´ တပ်ဖွဲ့ဝင်ဆီမှ တရားမ၀င်လက်နက် ခဲယမ်း များ တွေ့ရှိခဲ့မှုကြောင့် ဖောက်ခွဲဖျက်ဆီးရန် ကြိုးစားခြင်း ဖြစ်နိုင်ကြောင်းလည်း ပြောဆိုနေမှုများအရ သိရသည်။

ရဲအရာရှိတစ်ဦးက `` UWSA ``၀´´ အဖွဲ့၊ စစ်ဒေသ(၁၇၁)၊ တပ်မဟ ၅၁၈)၊ မိုင်းယွန်းမြို့က အိုက်လုံလို့ သိရ တယ်၊ အခင်းဖြစ် တဲ့နေရာမှာ သူ့ကို ၀ိုင်းဝန်းဖမ်းဆီးမိတဲ့အချိန် လက်ပစ်ဗုံး ၂ လုံးနဲ့ စတီးခေါက်ဓါး တစ်ချောင်း သိမ်းဆည်းရမိခဲ့ပါတယ်၊ လက်ပစ်ဗုံးတွေက UWSA `` ၀´´ အဖွဲ့က လုပ်တဲ့ လက်ပစ်ဗုံးတွေပါ´´ ဟု ပြောကြား သွားခဲ့သည်။

``တကယ်လို့သာ မဖမ်းမိခဲ့ရင် အန္တရာယ်တော်တော်ကြီးပါတယ်၊ လက်ပစ်ဗုံးတွေနဲ့ ခြံစည်းရိုးကျော်တက် တယ်ဆိုတော့ ဖောက်ခွဲဖျက်ဆီးဖို့ ကြံစည်တာပဲလေ၊ ဦးသန်းအောင် အိမ်ကိုလား၊ ဒါမှမဟုတ် ဟိုတယ် ကိုလား၊ အခုလို ``၀´´ တပ်ဖွဲ့ဝင်တွေ တရားမ၀င်လက်နက်တွေ ကိုင်ဆောင်ပြီး ပြည်သူတွေကို အထိတ် တလန့်ဖြစ်အောင် လုပ်တာဟာ ဥပဒေကို ဂရုမစိုက်တဲ့သဘောဖြစ်နေပါတယ် ´´ ဟု မြို့ခံတစ်ဦးက ပြော သွားသည်။

တရားမ၀င် လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိသော `` ၀´´ တပ်ဖွဲ့အင်အား တာချီလိတ်ရဲစခန်းမှ တရားမ၀င် လက်နက်ခဲယမ်း ကိုင်ဆောင်မှု ဥပဒေပုဒ်မ ၁၆/၂၀၁၄ ရှမ်းလက်နက် ၁၂(ဂ)ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရှိရပါသည်။

အိုက်စံ
Shan News

No comments:

Post a Comment