လာမယ့် ပညာသင်နှစ်ကစပြီး အလယ်တန်းအဆင့် အခမဲ့ပညာရေးကို စတင်ဆောင်ရွက်တော့မယ်လို့ မြန် မာနိုင်ငံ ပညာရေးသုတေသနအဖွဲ့ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြော ကြားလိုက်ပါ တယ်။
မနေ့ကကျင်းပတဲ့ ဒုတိယအကြိမ် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်ကဏ္ဍ အလိုက်ဆွေးနွေးပွဲမှာ ပါဝင်ဆွေးနွေးခဲ့တာနဲပတ်သက်ပြီး မေးမြန်းရာမှာ ညွှန်ကြားရေး မှူးချုပ် ဒေါက်တာ မျိုးသိမ်းကြီး က အခုလို ပြောကြားလိုက်တာလို့ နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။
ပညာရေးဘတ်ဂျက်နဲ့ ပတ်သက်ပြီး ၂၀၁၁ ခုနှစ်ကစပြီး ၃ ဆ တိုးတက်ရရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့နှစ်က မူလတန်း အခမဲ့မသင်မနေရပညာရေးကို ဖော်ဆောင်ပေးပြီးနောက် လာမယ့်နှစ်မှာ အလယ် တန်း အခမဲ့ပညာရေးကို ဆောင်ရွက်မယ်လို့ ဆိုပါ တယ်။
ဒါ့အပြင် ပညာရေးကဏ္ဍရဲ့ အခြေခံအဆောက်အအုံတွေ တိုးချဲ့တည်ဆောက်မှာဖြစ်သလို အရည် အသွေး မြင့်မားတဲ့ပညာရေးဖြစ်ဖို့ ဆရာ၊ ဆရာမတွေ၊ မြို့နယ်နဲ့ ခရိုင်အဆင့် ပညာရေး မှူးတွေကို အရည် အသွေး မြင့်မားအောင် ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
ဒီဗွီဘီ
No comments:
Post a Comment