Wednesday, January 29, 2014

၂ဝ၁၄တွင် နိုင်ငံခြားသားဧည့်သည် သုံးသန်းဝင်ရောက်ရန် ကြိုးပမ်း သွားမည်

မြန်မာနိုင်ငံသို့ နိုင်ငံခြားသားဧည်သည့်ဝင်ရောက်မှုသည် ယခု ၂ဝ၁၄ ခုနှစ်တွင် လေဆိပ်မှ ဝင်ရောက်မှု ၁ ဒသမ ၃၅ သန်းနှင့် နယ်စပ်များမှဝင်ရောက်မှု ၁ ဒသမ ၆၅ သန်း စုစုပေါင်း သုံးသန်းဝင် ရောက်နိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွား လာရေး လုပ်ငန်းဝန်ကြီးဌာနမှသိရသည်။


မြန်မာနိုင်ငံ၏ အဓိကခရီးသည် ဝင်ရောက်ရာနေရာများဖြစ်သော ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ အင်းလေးဒေသများသို့ ၂ဝ၁၃ ခုနှစ် ဇန်နဝါရီ လမှ ဒီဇင်ဘာလကုန်အထိ ခရီးသည် ဦးရေနှစ်သန်းခန့် ဝင်ရောက်ခဲ့ပြီး ၂ဝ၁၂ ခုနှစ်တွင် ၁ဝ၅၈၉၉၅ ဦး၊၂ဝ၁၁ ခုနှစ်တွင် ၈၁၆၃၆၉ ဦးခန့် ဝင်ရောက်ခဲ့ကြောင်း သိရသည်။

နယ်စပ်ဝင်ပေါက်များမှတစ်ဆင့်ခရီးသည်ဝင်ရောက်မှုမှာ တရုတ် နယ်စပ်ဝင်ပေါက် များဖြစ် သည့် ကန်ပိုက်တီး၊ လွယ်ဂျယ်၊ မူဆယ်၊ မြန်မာ-ထိုင်းနယ်စပ်များဖြစ်သည့် တာချီလိတ်-မယ်ဆိုင်၊ မြဝတီ-မဲဆောက်၊ တီးခီး-ဖူနာရွန်၊ ကော့သောင်း-ရနောင်းနှင့်မြန်မာ- အိန္ဒိယ နယ်စပ် တမူး-မိုရေးတို့မှ ၂ဝ၁၁ ခုနှစ်တွင် ၄၂၅၁၉၃ ဦး၊ ၂ဝ၁၂ ခုနှစ်တွင် ၄၆၅၆၁၄ ဦးဝင်ရောက်ခဲ့ပြီး ၂ဝ၁၃ ခုနှစ်တွင် ၁ ဒသမ ၁ သန်းခန့်ဝင်ရောက်ခဲ့ကြောင်းသိရသည်။

မြန်မာ-လာအိုချစ်ကြည်ရေးတံတားပြီးစီးပါက လာအိုနယ်စပ်မှ ဝင်ရောက်မှုကိုလည်း တိုးမြှင့်ဆောင် ရွက်နိုင်မည်ဖြစ်ကြောင်းသိရ သည်။

The Union Daily

No comments:

Post a Comment