Wednesday, January 29, 2014

အမှတ် (၅) ချည်မျှင်နှင့်အထည် စက်ရုံမှူးဟောင်းကို ကာမလိမ်လည်မှုဖြင့် အရေးယူပေးရန် ဒေသခံများ တောင်းဆို

မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့တွင် စက်ရုံဝန်ထမ်း အမျိုးသမီးများကို ကာမလိမ်လည် ရယူခဲ့သည်ဟု ဆိုကာ အမှတ် ၅ ချည်မျှင်နှင့် အထည်စက်ရုံမှူးဟောင်း အငြိမ်းစားဗိုလ်မှူးတစ်ဦးကို အရေး ယူ ဆောင်ရွက်ပေးရန် ပခုက္ကူမြို့ အမျိုးဘာသာ သာသနာစောင့်ရှောက် အဖွဲ့ (မဘသ) နှင့် ဒေသခံ ၁၀၀ ကျော် တို့က လက်မှတ်ထိုး တောင်းဆိုထားသည့် ကြေညာချက် ထုတ်ပြန်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အထက်ပါ ပခုက္ကူအမှတ် (၅) ချည်မျှင်နှင့် အထည်စက်ရုံမှူးဟောင်းက စက်ရုံ ဝန်ထမ်း အမျိုးသမီးများကို ကာမ လိမ်လည်ရယူပြီး ရိုက်ကူးခဲ့သော ဗီဒီယို ဖိုင်များ လူမှုကွန်ရက် စာမျက်နှာပေါ် ပျံ့နှံ့ခဲ့၍ ပခုက္ကူ မဘသနှင့် ဒေသခံ ၁၀၀ ကျော်တို့က လက်မှတ်ရေးထိုးကာ ကြေညာချက် ထုတ်ပြန်ခဲ့ရခြင်း ဖြစ်ကြောင်း၊ ယင်းကြေညာချက်ကို လွှတ်တော်ကိုယ်စား လှယ်များ၊ အုပ်ချုပ်ရေးဆိုင်ရာ ဌာနများ၊ တရားရေးဆိုင်ရာ ဌာနများ၊ နိုင်ငံရေး ပါတီများ၊ လူမှုအသင်းအဖွဲ့ များထံ ပေးပို့ခဲ့ကြောင်း ပခုက္ကူမြို့ အမျိုးဘာသာ သာသနာစောင့်ရှောက် အဖွဲ့ (မဘသ) ထံမှ သိရသည်။

ယင်းထုတ်ပြန်ချက်နှင့် ပတ်သက်၍ မဘသ ဆရာတော်များနှင့် ဒေသခံများကို စစ်ဆေးနေကြောင်း ပခုက္ကူမြို့မ ရဲတပ်ဖွဲ့ စခန်း တာဝန်ရှိရဲအရာရှိက ပြောကြားသည်။ 

လူမှုကွန်ရက် စာမျက်နှာပေါ်တွင် အဆိုပါဗီဒီယိုဖိုင်များ ပျံ့နှံ့ရခြင်းမှာ ၄င်း၏ဇနီး ဖြစ်သူက ဖြန့်ခြင်းဖြစ်ကြော င်း ၊ ဇနီးဖြစ်သူ လူမှုရေးဖောက်ပြန်သည်ကို ၄င်းကသိရှိပြီး ပခုက္ကူမြို့နယ် တရားရုံးတွင် မယားခိုးမှုဖြင့် ဖွင့်ထားသောအမှုကို ပြန်လည်ရုပ်သိမ်းပေးရန်အပြင် ငွေသိန်း ၄၈၀၀ နှင့်အတူ ကွာရှင်းလက်မှတ် ထိုးပေး ရန် ၄င်း၏ ဇနီးက တောင်းဆိုထားကြောင်း၊ တောင်းဆိုမှုကို မလိုက်လျောသဖြင့် ဗီဒီယိုဖိုင်ကို လူမှု ကွန်ရက် စာမျက်နှာပေါ်တွင် ၄င်း၏ ဇနီးက ပျံ့နှံ့စေခြင်း ဖြစ်ကြောင်း ချည်မျှင်နှင့်အထည်စက်ရုံမှူးဟောင်း အငြိမ်းစား ဗိုလ်မှူးအောင်ထွန်း က ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment