Monday, January 13, 2014

မန်စီးတီးပွဲ အကြည့်ကောင်းလို့ အလုံမှ နေအိမ်တစ်လုံးဆုံးရှုံး

အလုံမြို့နယ် ကမ်းနားလမ်းရှိ Apex ဓါတ်ဆီဆိုင်နှင့်စွမ်းအင် ၀န်ကြီးဌာနပိုင်ဆိုင်သည့် ဓါတ်ငွေ့အရောင်းဆိုင် ကြားရှိပျဉ်ထောင် အိမ်တစ်လုံး ဆေးလိပ်မီးမှတဆင့် ဇန်န၀ါရီလ(၁၂)ရက်နေ့ ည ၉နာရီကျော်အချိန်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ မီးသတ်ကား ၈ စီးနှင့်အချိန်မီ မီးငြိမ်းသတ်နိုင်ခဲ့သည်။
အဆိုပါ မီးလောင်ကြွမ်းမှုဖြစ်ပွားရာနေအိမ်မီးလောင်ကျွမ်း ပျက်စီးကာဆုံးရှုံးမှုတန်ဖိုးငွေ(ခန့်မှန်း)တစ်သိန်းခွဲ ၀န်းကျင်ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရမှုမရှိခဲ့ကြောင်း မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးထံက သိရသည်။

“မီးလောင်ချိန် ၁၀ မိနစ်ကျော် ရှိပါတယ်။ သွပ်မိုးသွပ်ကာ ပျဉ်ထောင်အိမ်ပါ။အိမ်ပိုင်ရှင်ကိုတော့ အမှုဖွင့် အရေးယူ ထား တယ်။ ဆေးလိပ်မီးကတဆင့် မီးလောင်တာပါ။” ဟု အလုံမြို့နယ် မီးသတ်တပ်ဖွဲ့ လက်ထောက် ဦးစီးမှူးဦးကြည်စိုး က ပြောသည်။

အဆိုပါ မီးလောက်ကြွမ်းမှုကို မီးသတ်ကား ၈ စီး၊ ရေသယ်ယဉ် ၂ စီးနှင့် အုပ်ချုပ်ရေးယဉ် တစ်စီးတို့ဖြင့် ငြိမ်းသတ်ခဲ့ရကြောင်း သိရသည်။

“ကျွန်တော်တို့ ညီအကိုနှစ်ယောက်လုံး ဘောလုံးပွဲသွားကြည့်နေတာ။မီးလောင်တယ်ဆိုလို့ ပြန်ပြေးလာတော့ မီးသတ်တွေ ရော က်နေ ပြီ။ နောက်ဖေးကစလောင်တာပါ” ဟု အိမ်ပိုင်ရှင် နာဂလာချာက ပြောသည်။

ဇန်န၀ါရီလ(၁၂)ရက်နေ့ အခင်းဖြစ်ပွားစဉ်အချိန်ကအင်္ဂလန် အမှတ်ပေးပြိုင်ပွဲဖြစ်သည့် နယူးကာဆယ်နှင့် မန်စီးတီးဘောလုံး အသင်း ယှဉ်ပြိုင်ကစားနေသည့်ဘောလုံးပွဲကို ကြည့်ရှုခဲ့ရာမှယခုကဲ့သို့ ကြုံတွေ့ရခြင်း ဖြစ် သည်။ အခင်းဖြစ်ပွားရာနေအိမ်တွင် ညီအကိုနှစ်ဦးနေ ထိုင်ပြီး အခင်းမဖြစ်ပွားမီက ဖယောင်တိုင်မီး ထွန်းညှိထား သည် ကိုတွေ့ရသည်ဟု အနီးအနားတွင်နေထိုင် သူများကပြောဆိုသည်။

“ဓါတ်ဆီဆိုင်နဲ့ ဂတ်ဝင်းနဲ့က အုတ်တံတိုင်းပဲခြားတယ်။ အရှေ့မှာစက္ကူစက်ရုံနဲ့ ဘတ်ထရီအိုးရုံရှိတယ်။ အသိမြန် လို့ မဟုတ်ရင် တစ်ရပ်ကွက်လုံးကုန်ပြီ။” ဟု အိမ်နီးဝန်းကျင်တွင်နေထိုင်သူတစ်ဦးကပြောသည်။

အဆိုပါအိမ်ပိုင်ရှင် ၂ ဦးဖြစ်သည့် နသီဘလူးနှင့် နာဂလာချာတို့နှစ်ဦးကိုအလုံမြိုနယ်ရဲစခန်မှပပုဒ်မ (၂၅၈) နှင့် တရားဆွဲ ဆိုထားပြီး နသီဘလူးမှာ ထွက်ပြေးတိမ်ရှောင်နေသည်ဟု သိရသည်။

Myit Ma Kha

No comments:

Post a Comment