Monday, January 13, 2014

ဘာသာရပ်အလိုက် အမျိုးသား တက္ကသိုလ်များ ဖွဲ့စည်းရန်စီစဉ်

Photo: ဘာသာရပ်အလိုက် အမျိုးသား တက္ကသိုလ်များ ဖွဲ့စည်းရန်စီစဉ်
Monday, January 13, 2014

ပညာရေးဝန်ကြီးဌာနနှင့် အခြားဝန်ကြီးဌာန လက်အောက် တက္ကသိုလ်များ အားလုံးအနက် ဘာသာရပ်နှင့် ဒေသအလိုက် စုစည်းထားသော အမျိုးသား တက္ကသိုလ်များ စုစည်းဖွဲ့စည်းရန် လျာထားကြောင်း လက်တွေ့ကျသော ပညာရေး မြှင့်တင်မှု အကောင်အထည်ဖော်ရေး ကော်မတီ၏ ဇန်နဝါရီလ ၁၂ ရက်နေ့ အစည်းအဝေးတွင် သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးက ပြောကြားသည်။

နည်းပညာဆိုင်ရာ အမျိုးသား တက္ကသိုလ် အဖွဲ့တွင် နည်းပညာ တက္ကသိုလ်၊ ကွန်ပျူတာ တက္ကသိုလ်နှင့် ရေကြောင်းပညာ တက္ကသိုလ်တို့ ပါဝင်ပြီး ဆေးဘက်ဆိုင်ရာအတွက် လက်ရှိ တည်ထောင်ထားသော ဆေးတက္ကသိုလ် အားလုံး စုစည်းသွားရန် ရှိကြောင်း၊ ဝိဇ္ဇာ၊ သိပံ္ပတက္ကသိုလ်များ အတွက်လည်း သက်ဆိုင်ရာ ဒေသအလိုက် အမျိုးသား တက္ကသိုလ်နှင့် ဒေသအဆင့် တက္ကသိုလ်များ ဖွဲ့စည်းရန် လျာထားကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။

အဆိုပါ ပေါင်းစည်းထားသော တက္ကသိုလ်များတွင် ဘာသာရပ်ဆိုင်ရာ တက္ကသိုလ်များသည် ယင်းတို့၏ မူလတာဝန် များကိုသာ ဆက်လက်လုပ်ဆောင် သွားရမည် ဖြစ်ကြောင်း၊ ယင်းသို့ တက္ကသိုလ်များ အစုအဖွဲ့ ဖွဲခြင်းကြောင့် တက္ကသိုလ် ပညာရေး၏ မဟာဌာနများကို ပိုမို အားကောင်းလာနိုင်ကြောင်း အဆင့်မြင့်ပညာ ဦးစီးဌာန (အောက်မြန်မာပြည်) ၏ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဖြည့်စွက် ပြောဆိုသည်။

“ဒီလို ပေါင်းစည်းတာတွေ လုပ်မယ်ဆိုရင် ဘာအပိုင်းကို ပေါင်းစည်းမှာလဲ မေးဖို့လိုလာပြီ။ တက္ကသိုလ်တွေက မူဝါဒကို ပေါင်းမှာလား၊ ဘာကိုပေါင်းမှာလဲဆိုတာ ရှင်းလင်းရမယ်” ဟု လက်တွေ့ကျသော ပညာရေးမြှင့်တင်မှု အကောင်အထည် ဖော်ရေး ကော်မတီ၏ အကြံပေးအဖွဲ့ နာယက ဦးသန်းဦးက ထောက်ပြ ဝေဖန်သည်။

သက်ဆိုင်ရာ အထူးပြု ဘာသာရပ်အလိုက် စုစည်းလိုက်ရာ အမျိုးသား တက္ကသိုလ် ခုနစ်ခု၊ ဒေသအဆင့် တက္ကသိုလ် ၁၆ ခုနှင့် အဝေးသင် ပညာရေးအတွက် Open University နှစ်ခု ယာယီ ထွက်ပေါ်လာပြီး အတည်ပြု အကောင်အထည် ဖော်ရန်အတွက် ဆက်လက် ဆွေးနွေးသွားမည် ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။

ယာယီ ဖွဲ့စည်းထားသော အမျိုးသား တက္ကသိုလ်များ စာရင်းတွင် ကာကွယ်ရေးဝန်ကြီးဌာန လက်အောက် တက္ကသိုလ်များနှင့် သာသနာရေး ဝန်ကြီးဌာန လက်အောက် တက္ကသိုလ်များ မပါဝင်ကြောင်း အဆိုပါ ကော်မတီထံမှ သိရသည်။

ယင်းနောက် လက်တွေ့ကျသော ပညာရေး မြှင့်တင်မှု အကောင်အထည်ဖော်ရေး ကော်မတီ၏ အဆင့်မြင့်ပညာရေး မူဝါဒတွင် ထည့်သွင်း ရေးဆွဲထားသော တက္ကသိုလ်များ ကိုယ်ပိုင် အုပ်ချုပ်ခွင့်နှင့် တက္ကသိုလ် ဗဟိုကောင်စီ ဖွဲ့စည်းရေးကို ပြင်ပ ပညာရေး အဖွဲ့အစည်းများထံက ဝေဖန်သံများ ထွက်ပေါ်နေသောကြောင့် ပြင်ဆင် ရေးဆွဲရန် စီစဉ်နေကြောင်း ယင်းကော်မတီဝင်များထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly
ပညာရေးဝန်ကြီးဌာနနှင့် အခြားဝန်ကြီးဌာနလက်အောက် တက္ကသိုလ်များအားလုံးအနက် ဘာသာ ရပ်နှင့် ဒေသ အလိုက် စုစည်းထားသော အမျိုးသား တက္ကသိုလ်များ စုစည်းဖွဲ့စည်းရန် လျာထားကြောင်း လက်တွေ့ကျသော ပညာရေး မြှင့်တင်မှု အကောင်အထည်ဖော်ရေး ကော်မတီ၏ ဇန်နဝါရီလ ၁၂ ရက်နေ့ အစည်းအဝေးတွင် သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦး က ပြောကြား သည်။
နည်းပညာဆိုင်ရာအမျိုးသားတက္ကသိုလ်အဖွဲ့တွင် နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာ တက္ကသို လ်နှင့် ရေကြောင်း ပညာ တက္ကသိုလ်တို့ ပါဝင်ပြီး ဆေးဘက်ဆိုင်ရာအတွက် လက်ရှိ တည်ထောင် ထားသော ဆေး တက္ကသိုလ် အားလုံး စုစည်းသွားရန် ရှိကြောင်း၊ ဝိဇ္ဇာ၊ သိပံ္ပတက္ကသိုလ်များ အတွက်လည်း သက်ဆိုင်ရာ ဒေသအလိုက် အမျိုးသား တက္ကသိုလ်နှင့် ဒေသအဆင့် တက္ကသိုလ်များ ဖွဲ့စည်းရန် လျာထားကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။

အဆိုပါ ပေါင်းစည်းထားသော တက္ကသိုလ်များတွင် ဘာသာရပ်ဆိုင်ရာ တက္ကသိုလ်များသည် ယင်းတို့၏ မူလတာဝန် များကိုသာ ဆက်လက်လုပ်ဆောင် သွားရမည် ဖြစ်ကြောင်း၊ ယင်းသို့ တက္ကသိုလ်များ အစုအဖွဲ့ ဖွဲခြင်းကြောင့် တက္ကသိုလ် ပညာရေး၏ မဟာဌာနများကို ပိုမို အားကောင်းလာနိုင်ကြောင်း အဆင့်မြင့်ပညာ ဦးစီးဌာန (အောက်မြန်မာပြည်) ၏ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဖြည့်စွက် ပြောဆိုသည်။

“ဒီလို ပေါင်းစည်းတာတွေ လုပ်မယ်ဆိုရင် ဘာအပိုင်းကို ပေါင်းစည်းမှာလဲ မေးဖို့လိုလာပြီ။ တက္ကသိုလ်တွေ က မူဝါဒကို ပေါင်းမှာလား၊ ဘာကိုပေါင်းမှာလဲဆိုတာ ရှင်းလင်းရမယ်” ဟု လက်တွေ့ကျသော ပညာရေးမြှင့် တင် မှု အကောင်အထည် ဖော်ရေး ကော်မတီ၏ အကြံပေးအဖွဲ့ နာယက ဦးသန်းဦး က ထောက်ပြ ဝေဖန် သည်။

သက်ဆိုင်ရာ အထူးပြု ဘာသာရပ်အလိုက် စုစည်းလိုက်ရာ အမျိုးသား တက္ကသိုလ် ခုနစ်ခု၊ ဒေသအဆင့် တက္ကသိုလ် ၁၆ ခုနှင့် အဝေးသင် ပညာရေးအတွက် Open University နှစ်ခု ယာယီ ထွက်ပေါ်လာပြီး အတည်ပြု အကောင်အထည် ဖော်ရန်အတွက် ဆက်လက် ဆွေးနွေးသွားမည် ဖြစ်ကြောင်း ၎င်းကပြောဆို သည်။

ယာယီ ဖွဲ့စည်းထားသော အမျိုးသား တက္ကသိုလ်များ စာရင်းတွင် ကာကွယ်ရေးဝန်ကြီးဌာန လက်အောက် တက္ကသိုလ်များနှင့် သာသနာရေး ဝန်ကြီးဌာန လက်အောက် တက္ကသိုလ်များ မပါဝင်ကြောင်း အဆိုပါ ကော် မတီ ထံမှ သိရသည်။

ယင်းနောက် လက်တွေ့ကျသော ပညာရေး မြှင့်တင်မှု အကောင်အထည်ဖော်ရေး ကော်မတီ၏ အဆင့်မြင့် ပညာရေး မူဝါဒတွင် ထည့်သွင်း ရေးဆွဲထားသော တက္ကသိုလ်များ ကိုယ်ပိုင် အုပ်ချုပ်ခွင့်နှင့် တက္ကသိုလ် ဗဟိုကောင်စီ ဖွဲ့စည်းရေးကို ပြင်ပ ပညာရေး အဖွဲ့အစည်းများထံက ဝေဖန်သံများ ထွက်ပေါ်နေသောေ ကြာင့် ပြင်ဆင် ရေးဆွဲရန် စီစဉ်နေကြောင်း ယင်းကော်မတီ ဝင် များထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly

No comments:

Post a Comment