Monday, January 13, 2014

အခွန်မဆောင်သည့် လုပ်ငန်းရှင်များ မတ်လမကုန်မီ အခွန်ဘုတ်အဖွဲ့ ဆက်တိုက်တွေ့ဆုံမည်

အခွန်မဆောင်သည့် စီးပွားရေး လုပ်ငန်းရှင်များကို အခွန်စိစစ် ကြပ်မတ်ရေး ဘုတ်အဖွဲ့က ၂၀၁၃-၁၄ ဘဏ္ဍာနှစ် ပြီးဆုံးသည့် မတ်လမကုန်မီ ဆက်တိုက်ခေါ်ယူ တွေ့ဆုံမည် ဖြစ်ကြောင်း အဆိုပါ ဘုတ်အဖွဲ့ထံမှ သိရသည်။
ကုန်သွယ်လုပ်ငန်းခွန် လစဉ်အချိန်မှန် ပေးဆောင်ရန်နှင့် မတ်လမတိုင်မီ ဝင်ငွေကြေညာလွှာ အပြီးကြေညာ ရန် အတွက် အခွန်စည်းကြပ်မှု ခံယူရခြင်း မရှိသေးသည့် လုပ်ငန်းရှင် များကို ခေါ် ယူ တွေ့ဆြုံ ခင်း ဖြ စ် ပြီး ပြီး ခဲ့သည့် နှစ်များထက် အခွန်ကောက်ခံမှု ပိုမိုရရှိရန် ရည်ရွယ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနထံမှ သိရသည်။

“ကျွန်တော်တို့ ဘယ်သူတွေကို ထပ်တွေ့မယ်၊ မတွေ့ဘူးဆိုပြီး ကြိုပြောလို့ မရပါဘူး။ ဒါပေမဲ့ ထပ်တွေ့ ဖို့တော့ ရှိတယ်” ဟု ပြည်တွင်းအခွန်များ ဦးစီးဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ပြော ဆိုသည်။

အခွန်ဘုတ်အဖွဲ့က ယခုဘဏ္ဍာနှစ်အတွင်း ပြည်တွင်း လုပ်ငန်းရှင်များကို ခေါ်ယူတွေ့ဆုံ ရာတွင် ပထမဆုံး အကြိမ်အဖြစ် ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ဒုတိယပတ် အတွင်းက တစ်ဦး တည်း ပိုင်နှင့် အများပိုင် စားသောက်ဆိုင် လုပ်ငန်းရှင် ၄၀ ခန့်ကို ခေါ်ယူတွေ့ဆုံခဲ့ပြီး ပြည် ပလေကြောင်းလိုင်း များကိုလည်း ဒီဇင်ဘာလ ပထမပတ်အတွင်း ခေါ်ယူ တွေ့ဆုံခဲ့ကာ ပြည်တွင်း အခွန်ဥပဒေ ပြဋ္ဌာန်းရန် ဖြစ်ကြောင်း အခွန်ဘုတ် အဖွဲ့ထံမှ သိရသည်။

The Voice Weekly

No comments:

Post a Comment