Friday, January 17, 2014

အာဆီယံမသန်စွမ်းဆီးဂိမ်း ဒုတိယနေ့ ပွဲစဉ်များအပြီး မြန်မာအားကစားအဖွဲ့ ရွှေတံဆိပ် လေးခု ထပ်မံရရှိ

(၇) ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲ ဖွင့်ပွဲနေ့တွင် ပြေးခုန်ပစ်နှင့် ရေကူးအားကစား နည်းများမှ ရွှေတံဆိပ် ရှစ်ခုအထိရယူနိုင်ခဲ့သည့် မြန်မာအား ကစားအဖွဲ့အနေဖြင့် ဒုတိယနေ့ ပွဲစဉ်များ အပြီး တွင် ရွှေတံဆိပ် လေးခုထပ်မံရရှိခဲ့သည်။
မြန်မာမသန်စွမ်း အားကစားအဖွဲ့အတွက် ရွှေတံဆိပ်လေးခုတွင် ပထမနေ့က ရွှေတံဆိပ် ခြောက်ခုအထိ ရယူနိုင်ခဲ့သည့် ရေကူးအားကစားနည်းက တစ်ခုသာရယူ နိုင်ခဲ့ပြီး ပထမနေ့ပြိုင်ပွဲများတွင် ရွှေ တံဆိပ် နှစ်ခု သာ ရရှိခဲ့သည့် ပြေးခုန်ပစ်အားကစားအဖွဲ့က ရွှေတံဆိပ်သုံးခုရယူပေးနိုင်ခဲ့ခြင်း ဖြစ်သည်။

ရေကူးအားကစားအဖွဲ့မှ ရွှေတံဆိပ်ရယူပေးနိုင်ခဲ့သူမှာ အမျိုးသားမီတာ ၂၀၀ စိတ်ကြိုက်ကူး ပြိုင်ပွဲမှ အောင်မြင့်မြတ်ဖြစ်ပြီး ပြေးခုန်ပစ် အားကစားနည်းအတွက် ရွှေတံဆိပ်သုံးခုကို အမျိုးသမီး လှံတံ ပစ်မှ မကြီး၊ အမျိုးသားလှံတံပစ်မှ အောင်ကြီးနှင့် အမျိုးသားသံပြားပစ်မှ မျိုးဆွေတို့က ဆွတ်ခူးပေး ခဲ့ခြင်းဖြစ် သည်။

“ကျွန်မ ပြောမပြတတ်အောင် ကျေနပ်ပါတယ် နိုင်ငံကိုယ်စားပြုပြီး ပထမဆုံးဝင်ပြိုင်တဲ့ပွဲမှာ ရွှေတံဆိပ်ရ ပြီး ဂုဏ်ဆောင်နိုင်ခဲ့တဲ့အတွက်လည်း ပျော်ပါတယ်။နောက်ရက်တွေမှာ ကစားရမယ့် ပွဲတွေရှိနေပါသေး တယ်။ ရွှေတံဆိပ်ထပ်ရအောင် ကြိုးစားသွားမှာပါ” ဟု အမျိုးသမီးလှံတံပစ် ရွှေတံဆိပ်ဆုရှင် မကြီးက မဇ္ဈိမသို့ ပြောသည်။

မသန်စွမ်းဆီးဂိမ်းဒုတိယနေ့ ပွဲစဉ်များ အပြီးတွင် ရေကူးအားကစားအဖွဲ့မှ ရွှေတံဆိပ် ခုနစ်ခုရယူပေး ထားနိုင်ပြီး ပြေးခုန်ပစ်အားကစားအဖွဲ့က ရွှေတံဆိပ်ငါးခုအထိ ရယူပေးထားနိုင်ပြီးဖြစ်သည်။ (၇) ကြိမ် မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ၏ တတိယနေ့ပွဲစဉ်များကို ဇန်န၀ါရီ ၁၇ ရက် နံနက်ပိုင်း တွင် ဆက်လက်ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး မြားပစ်အားကစားနည်းမှ ရွှေတံဆိပ်ဆုများ စတင်ချီးမြှင့် တော့ မည် ဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment