Friday, January 17, 2014

လက်ရွေးစင်အသင်း မတ်လအတွင်း ဖွဲ့စည်းလေ့ကျင့်မည်

2014 AFC Challenge Cup ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းကို လာ မည့် မတ်လအတွင်း ဖွဲ့စည်းလေ့ကျင့်ရန် ပြင်ဆင်ထားသည်ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အတွင်းရေး မှူး ဦးတင်အောင်က မဇ္ဈိမသို့ ပြောသည်။
လက်ရှိအချိန်တွင် မြန်မာ့လက်ရွေးစင်အသင်း ဖွဲ့စည်းထားခြင်းမရှိသေးသလို နည်းပြသစ်ခန့်အပ်ရန် လည်း စီစဉ်နေဆဲဖြစ်သောကြောင့် နည်းပြသစ်ရောက်ရှိမှသာ အသင်းကိုဖွဲ့စည်းရန် စီစဉ်ထားခြင်းဖြစ် သည်။

“AFC Challenge Cup ပြိုင်ပွဲက မေလမှာကစားရမှာဆိုတော့ အသင်းကို မတ်လလောက်မှာ ဖွဲ့စည်း ပြင် ဆင် ဖို့ ရည်ရွယ်ထားပါတယ်။ နည်းပြသစ်ရောက်လာရင် ကစားသမားတွေကို စိတ်ကြိုက်ရွေးချယ် ခွင့်ပေးမှာပါ။ မတ်လထဲမှာ မြန်မာနေရှင်နယ်လိဂ်ပွဲတွေရှိနေပေမယ့် အနည်းဆုံး တစ်ပတ်တစ်ကြိမ် လော က်ေ တာ့ စု စည်းလေ့ကျင့်မှာပါ။ ပြည်ပထွက်လေ့ကျင့်ဖို့ကတော့ လတ်တလောမှာ အစီအစဉ်မရှိ ပါဘူး” ဟု ၎င်းက ဆိုသည်။

မြန်မာအသင်းသည် AFC Challenge Cup ပြိုင်ပွဲနောက်ဆုံးအဆင့်ကို ခြေစစ်ပွဲအောင်ပြီး ကစားခွင့် ရ ခြင်းဖြစ် ကာ ၂၀၁၃ ခုနှစ်အတွင်း ယင်းခြေစစ်ပွဲစဉ်သုံးပွဲ၊ ဟောင်ကောင်နှင့် ခြေစမ်းပွဲတစ်ပွဲသာ ကစား ထားသည်။ မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ်ရာထူးကို ဇန်န၀ါရီလအတွင်းခန့်အပ်မည် ဟု မြန် မာ နိုင်ငံဘော လုံး အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်ကလည်း ပြောထားသည်။

Mizzima - News in Burmese

No comments:

Post a Comment