Tuesday, January 7, 2014

ပါကစ္စတန်တွင် လက်နက်ပေါက်ကွဲမှုတစ်ခုကြောင့် အနည်းဆုံး လူ (၉) ဦး သေဆုံး



ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းပြည်နယ်ရှိ အိမ်တစ်အိမ်တွင် ဖြစ်ပွားခဲ့သော ပေါက်ကွဲမှု တစ်ခုကြောင့် အနည်းဆုံး လူ (၉) ဦး သေဆုံးသွားကြောင်း သတင်းများအရ သိရသည်။ စစ်သွေးကြွများနှင့် စစ်တပ်တို့ အကြား တိုက်ခိုက်မှုများ ဖြစ်ပွားရာ Tirah ချိုင့်ဝှမ်းရှိ လူမျိုးစုခေါင်းဆောင်နေအိမ်တွင် လက်နက်များ စုပုံသိုလှောင်ထားရာမှ ယခုကဲ့သို့ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ အဆိုပါနေရာမှာ Lashkar-e-Islam(LeI) စစ်သွေးကြွများ လက်နက် ဖြန့်ဖြူးရာနေရာဟု ယုံကြည်ရကြောင်း၊
အဆိုပါ ပေါက်ကွဲမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိပါကြောင်း တာဝန်ရှိသူ များက ပြောကြားသည်။ ဖောက်ခွဲမှုများ ပြုလုပ်ရန် ပြင်ဆင်နေချိန်၌ ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်ဟု သတင်းထွက်ပေါ်နေသော်လည်း ယင်းနှင့်ပတ်သက်၍ တရားဝင် အတည်ပြုပြောကြားမှု တစ်စုံတစ်ရာ မရှိသေးပေ။ ပေါက်ကွဲမှုကြောင့် သေဆုံးရသူများတွင် စစ်သွေး ကြွ သုံးဦး ပါဝင်သည်ဟု ယုံကြည်ရသည်။

BBC News

No comments:

Post a Comment