Tuesday, January 7, 2014

အစ်မဖြစ်သူက ရည်စားနဲ့ ချိန်းတွေ့တာကို အဖော် လိုက်သွားတဲ့ ညီမ သားမယားအဖြစ် ပြုကျင့် ခံလိုက်ရ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ ကြောင်ဝင်းဒူးကျေးရွာတွင် အစ်မဖြစ်သူ သမီးရည်းစား ချိန်းတွေ့ရာ အရပ်သို့ အဖော်အဖြစ် လိုက်ပါသွားခဲ့သည့် အမျိုးသမီးတစ်ဦးအား အလိုမတူဘဲ သားမယား အဖြစ် အဓမ္မပြုကျင့်ခံရသည့် အတွက် ပုလဲမြို့မရဲစခန်းက ယခုလ ၄ ရက်နေ့ ညနေ ၆ နာရီအချိန်က အမှုရေးဖွင့် ဆောင်ရွက်ခဲ့ရကြောင်း တာဝန်ကျ ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။
ကြောင်ဝင်းဒူးကျေးရွာနေ မ....ဆိုသူသည် သူမ၏ ရည်စားဖြစ်သူ မောင်... ဆိုသူနှင့် ချိန်းဆိုတွေ့ရန် ယခုလ ၂ ရက်နေ့ ညနေ ၆ နာရီခွဲအချိန်က ရွာ၏အရှေ့ဘက် တစ်ဖာလုံခန့်ရှိ ရွာဦးညောင်ပင်ကြီးရှိရာသို့ သွားရောက်ခဲ့ရာတွင် ညီ မဖြစ်သူ မ....အသက်( ၁၈)နှစ် အား အဖော်လိုက်ပါခဲ့ရန် ခေါ်ဆောင်ခဲ့သဖြင့် လိုက်ပါခဲ့ခြင်းဖြစ်သည်။
ထို့နောက် အစ်မဖြစ်သူ မ....မှာ သူ၏ ရည်စားဖြစ်သူနှင့် ညောင်ပင်ကြီးအောက်တွင် ချိန်းဆိုတွေ့ နေသည့် အတွက် ရွာသို့ တစ်ယောက်တည်းပြန်လာခဲ့ရာ ဦးရဲကြီး ယာခင်းတော ကုက္ကိုပင်အောက် နေရာ အရောက် တွင် တစ်ရွာတည်းနေ မောင် ... အသက်( ၂၇)နှစ်ဆိုသူမှ သူမအား အဝေရာတော အတွင်းသို့ ခေါ်ဆောင် ကာ အလိုမတူဘဲ နာရီဝက်ခန့်ကြာမျှ သားမယားအဖြစ် အဓမ္မ ပြုကျင့် ခဲ့ခြင်းဖြစ်သည့် အတွက် တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
အဆိုပါ တိုင်တန်းချက်အား ပုလဲမြို့မရဲစခန်းက(ပ) ၈/ ၂၀၁၄ ပြစ်မှုပုဒ်မ ၃၇၆ အရ အမှုရေးဖွင့်၍ ဆက်လက် ဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည်။
By  ကိုတိုးကြီး (facebook)

No comments:

Post a Comment