ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသည့် ပဋိပက္ခများ ထိန်းသိမ်းနိုင်ရေး၊
ပြည်နယ်၊ နယ်စပ်များ လုံခြုံရေး အတွက် အစိုးရတပ်များနှင့်
ရခိုင်တပ်မတော်တို့ပူးပေါင်းကာ ဆောင်ရွက်သင့်ပြီဟု ရခိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအေးသာအောင်က ဇန်န၀ါရီ ၂၉ ရက်တွင် မဇ္ဈိမကို ပြောသည်။
ပြည်နယ်အတွင်း လက်နက်ကိုင်အဖွဲ့များက ပြည်သူများ အသက်အိုးအိမ်စည်းစိမ်တို့ကို ကာကွယ်နိုင် ရေး ဆောင်ရွက်ပေးနိုင်ရန် တာဝန်ရှိပုဂိ္ဂုလ်များကို တင်ပြထားပြီးဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။
“နိုင်ငံတော်က ကာကွယ်ရေးစရိတ် ထပ်မသုံးပဲ၊ လုံခြုံရေးအင်အား၊ တပ်အင်အား
ထပ်မသုံးပဲ ရှိပြီးသား ရခိုင်တပ်မတော်တွေဖြစ်တဲ့ ALP, AA တို့နဲ့
ပေါင်းပြီး လုပ်သင့်နေပြီ”ဟု ပြောသည်။ပြည်နယ်အတွင်း လက်နက်ကိုင်အဖွဲ့များက ပြည်သူများ အသက်အိုးအိမ်စည်းစိမ်တို့ကို ကာကွယ်နိုင် ရေး ဆောင်ရွက်ပေးနိုင်ရန် တာဝန်ရှိပုဂိ္ဂုလ်များကို တင်ပြထားပြီးဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။
ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့
ရခိုင်ပြည်နယ်အတွင်းရှိ ရခိုင်အမျိုးသားများ၏ နစ်နာဆုံးရှုံးမှုများနှင့်ပတ်သက်
“ကျွန်တော်တို့အမျိုးသားတွေ လက်ရှိ နစ်နာဆုံးရှုံးနေရတာတွေ ဒါတွေကို ကာကွယ်ဖို့ အခု ပြင်ဆင်နေ ပါတယ်။ ဘယ်လို ပြင်နေတယ်ဆိုတာကိုတော့ ပြောလို့မရဘူးဆိုပေမယ့် တိုက်စစ်မှူးကတော့ ဂိုးသွင်း မှာပဲ။ ဒါပေမဲ့ ဘယ်လိုသွင်းမယ်ဆိုတာကိုတော့ ဘယ်ပြောလို့ရနိုင်မလဲ”ဟု ၎င်းက ပြောသည်။
ရခိုင်ပြည်နယ်အတွင်း လုံခြုံရေးအတွက် လက်ရှိတွင် ရဲတပ်ဖွဲ့များမှ တာဝန်ယူဆောင်ရွက်နေပြီး ယင်း ကိစ္စရပ်အပေါ်တွင် တိကျသည့် မှတ်ချက်တစ်စုံတစ်ရာကို မပေးလိုသေးဟု သမ္မတရုံး အကြီးတန်းအရာ ရှိတစ်ဦးက မဇ္ဈိမကို ပြောသည်။
“အခုလိုအချိန်မျိုးမှာ ဒီလိုမျိုးလုပ်မယ်ဆိုရင် တခြားတစ်ဖက်ကလည်း ပြောလာနိုင်တယ်။ နောက်တစ်ခု က ရခိုင်တပ်မတော်ဆိုတာ အစက သိပ်ရှိတာမဟုတ်ပါဘူး။ အခုလည်း ငြိမ်းချမ်းရေးယူနေသေးတဲ့ အ ဆင့်ပဲရှိနေသေးတယ်။ ဒီတော့ သိပ်တော့ မှတ်ချက်မပေးချင်ဘူး”ဟု ၎င်းက ဆိုသည်။
ရခိုင်ပြည်နယ်အတွင်း ထပ်မံဖြစ်ပေါ်လာသည့် အခြေအနေများတွင် နိုင်ငံတကာ သတင်းမီဒီယာများ၊ နိုင် ငံတကာအဖွဲ့အစည်းများ၊ ကုလသမဂ္ဂအဖွဲ့ဝင်များသည် ဘင်္ဂါလီများဘက်မှသာ တစ်ဖက်စောင်းနင်း ပြော ဆိုနေမှုများကို ရပ်တန့်ပေးရန်အတွက် ထုတ်ပြန်ချက်တစ်စောင်ကိုလည်း ရခိုင်အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ် (ALD)က ဇန်န၀ါရီလ ၂၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ထို့ပြင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (ANDP) ကလည်း ရခိုင်ပြည်နယ်အတွင်း တိုင်းရင်း သား ပြည်သူများသာမက လုံခြုံရေးတပ်ဖွဲ့ဝင်များပါ တိုက်ခိုက်ခံနေရသောကြောင့် ပြစ်မှုကျူးလွန်သူများကို ထိရောက်စွာ အရေးယူပေးရန်နှင့် လုံခြုံရေးတိုးမြှင့်လုပ်ဆောင်ေ
Mizzima - News in Burmese
No comments:
Post a Comment