Thursday, January 30, 2014

တရုတ်နိုင်ငံတွင် H7N9 ကြက် ငှက်တုတ်ကွေး ရောဂါပိုး ကူးစက်မှုကြောင့် မွေးမြူရေး သမားများ ယွမ် ၂၀ ဘီလီယံခန့် ဆုံးရှုံး


တရုတ်နိုင်ငံ တွင် H7N9 ကြက် ငှက်တုတ်ကွေး ရောဂါပိုး ကူးစက် ခံရမှုကြောင့် မွေးမြူရေး လယ်သမားများ တရုတ်ငွေ ယွမ် ၂၀ ဘီလီယံခန့် ( အမေရိကန် ဒေါ်လာ ၃ ဒသမ ၃ ဘီလီယံ ) ဆုံးရှုံး ခဲ့ကြောင်း မွေးမြူရေး ၀န်ကြီးဌာန က ယမန်နေ့ တွင် ထုတ်ပြန် ခဲ့ကြောင်း သိရသည်။

နိုင်ငံအတွင်း H7N9 ကြက် ငှက်တုတ်ကွေး ရောဂါပိုး ကူးစက် ခံရမှုကြောင့် ကြက် ၊ ဘဲ ရောင်းဝယ်မှုမှာ ဆိုးဆိုးရွားရွား ကျဆင်း ခဲ့ပြီး ယင်းရောဂါပိုး သည် အဆိုပါ ကြက် ၊ ဘဲ များမှ လူသားများထံသို့ တိုက်ရိုက်
ကူးစက် ပျံ့နှံ့သည့် အထောက်အထား များကို တွေ့ရှိ ခဲ့ရခြင်းကြောင့် ပြည်သူ အများစုမှာ ကျန်းမာရေး စိတ်ချရ စေရန်အတွက် ဘေးကင်း လုံခြုံသည့် နေရာများ မှသာ ၀ယ်ယူခဲ့ ကြကြောင်း အဆိုပါ ၀န်ကြီးဌာန မှ တိရစ္ဆာန် ဆရာဝန် တစ်ဦး ဖြစ်သူ ကျန်းကျုံးချူ က ပြောကြား ခဲ့သည်။

အာဏာပိုင် များသည် မြို့ကြီး ၁၀ မြို့နှင့် ပြည်နယ် ၁၀ ခုရှိ ပြည်သူ ၁ ဒသမ ၆ သန်းကျော် ကို စစ်ဆေး ခဲ့ရာတွင် အဆိုပါ ရောဂါပိုး ကူးစက် ခံရသူ ၈၈ ဦးကို ရှာဖွေ တွေ့ရှိ ခဲ့ကြောင်း ကျန်းကျုံးချူ က ထပ်လောင်း ပြောကြား ခဲ့သည်။

H7N9 ကြက် ငှက်တုတ်ကွေး ရောဂါပိုး ကူးစက် ခံရမှုကြောင့် တရုတ်နိုင်ငံ တွင် ယခုနှစ်အတွင်း လူ ၁၉ ဦး သေဆုံးခဲ့ပြီး ရောဂါပိုး ကူးစက်ခံရသူ ဦးရေမှာ ၉၆ ဦးအထိ မြင့်တက် လာခဲ့ကြောင်း တရုတ် ကူးစက်ရောဂါ ထိန်းချုပ်ရေး နှင့် ကာကွယ်ရေး အဖွဲ့၏ ပြောကြားချက် အရ သိရှိရသည်။

Credit To :The Myawady Daily

No comments:

Post a Comment