Thursday, January 16, 2014

ရုရှားနိုင်ငံက အမေရိကန်နိုင်ငံသို့ နှစ်စဉ် သေနတ် နှစ်သိန်းကျော် ရောင်းချရန်စီစဉ်


ရုရှားနိုင်ငံ၏ Kalashnikov လက်နက်ထုတ်လုပ်ရေး ကုမ္ပဏီသည် အမေရိကန် နိုင်ငံသို့ နှစ်စဉ် အမဲလိုက်နှင့် သေနတ်ပစ် အားကစားပြိုင်ပွဲသုံး ရိုင်ဖယ်များ၊ ပြောင်းချောသေနတ် များ နှစ်သိန်းေ ကျာ် ရောင်း ချပေးရန် စီစဉ် လျက်ရှိကြောင်း အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။
Kalashnikov လက်နက်ထုတ်လုပ်ရေး ကုမ္ပဏီတွင် Izhmash ၊ Izhmekh နှင့် အခြား အသေးစား လက်နက်များ ထုတ်လုပ်သော ကုမ္ပဏီများ ပါဝင်ပြီး Kalashni - kov ကုမ္ပဏီအနေဖြင့် ရုရှား လက်နက်ထုတ် လုပ်ရေး ကုမ္ပဏီနှင့် မူပိုင်ခွင့် သဘောတူညီချက် တစ်ရပ်အား လက်မှတ်ရေးထိုး သွားရန် မျှော်မှန်းထားကြောင်း သိရသည်။ Izhmash ကုမ္ပဏီသည် ကမ္ဘာ့အကြီးဆုံး လက်နက်ထုတ်လုပ်ရေး ကုမ္ပဏီ တစ်ခုဖြစ်ပြီး Saiga ရိုင်ဖယ် များနှင့် ပြောင်းချော သေနတ်များ၊ Biathlon ရိုင်ဖယ်များနှင့် AK-47 သေနတ်များ ထုတ်လုပ်လျက် ရှိ ကြောင်း သိရသည်။ Saiga ရိုင်ဖယ်နှင့် ပြောင်းချော သေနတ်များသည် Saiga သေနတ် ပုံစံအား အခြေခံ ထား ကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment