Right Thereစတား အဆိုတော်မလေးက အငြင်းပွားဖွယ် အခြေအနေများစွာ ဖန်တီးပြခဲ့သည့် မိုင်လီ၏ ဘက်တော်သား တစ်ဦးအနေဖြင့် ရပ်တည်ခဲ့သည်။
သူမအနေဖြင့် မိုင်လီဆိုင်းရပ်စ်၏ မိမိကိုယ်ကိုယ် ယုံကြည် စိတ်ချမှုမျိုးကို နှစ်သက် သဘောကျမိကြောင်း တက်သစ်စ အဆိုတော်မလေး အေရီရာနာ ဂရန်ဒီက ပြောကြားလိုက် သည်။ Right Thereစတား အဆိုတော်မလေးက အငြင်းပွားဖွယ် အခြေအနေများစွာ ဖန်တီးပြခဲ့သည့် မိုင်လီ၏ ဘက်တော်သား တစ်ဦးအနေဖြင့် ရပ်တည်ခဲ့သည်။ Wrecking Ball ဂီတ ဗီဒီယိုတွင် မိုင်လီက ဝတ်လစ်စားလစ် ပုံရိပ်များ ထည့်သွင်းခဲ့သလို ပြီးခဲ့သည့်နှစ် MTV၏ VMA ဆုပေးပွဲတွင် ကြမ်းတမ်းလော်လီလွန်း သည့် ဖျော်ဖြေမှု များ ပြုလုပ်ခဲ့ခြင်းကြောင့် လူပြောများခဲ့သည်။
မိုင်လီ့အနေဖြင့် ဝေဖန်မှုများ ကြုံနေရသော်လည်း ထောက်ခံရပ်တည်သူများလည်း ရှိနေရာ ယင်းတို့ အနက် အေရီရာနာက တစ်ဦးအပါအဝင် ဖြစ်လာသည်။ အေရီရာနာက "ကျွန်မ ကတော့ မိုင်လီ့စိတ်ကို သဘောကျတယ်။ သူ့ကို Rock Starတစ်ယောက်လို မြင်တယ်။ မိုင်လီဟာ ကိုယ့်သရုပ်သကန်ကိုယ် ယုံယုံကြည်ကြည် ထုတ်ပြနေတာလို့ ကျွန်မ ထင်ပါ တယ်။ Popဂီတ ယဉ်ကျေးမှုမှာ နည်းနည်းပါးပါး လွန်ကဲသွားတာဟာ အမှားတစ်ခု မဟုတ်ဘူး။ ပြော ရရင် ကျွန်မကိုယ်တိုင်လည်း သံဘောလုံးကြီး တစ်ခုပေါ်မှာ ဝတ်လစ် စားလစ် တက်ထိုင်ပြရဲတဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ကိုးစားမှုမျိုး လိုချင်မိပါတယ်။ ဒီအခြေအနေ မှာ ကိုယ့်ခန္ဓာကိုယ်အပေါ် အပြည့်အဝ ဂုဏ်ယူယုံကြည်စိတ် ရှိနေရမယ်လေ" ဟု ပြောကြားခဲ့ သည်။
အသက်(၂၀) အရွယ်ရှိ အေရီရာနာက Popဂီတ လောက၏ လူဆိုးလေးအဖြစ် နာမည်ကြီးနေသော ဂျက်စတင်ဘီဘာကိုလည်း ကာကွယ်သွားသည်။ ဂျက်စတင်သည် မကြာသေး မီက အရက်သောက်ပြီး ကားမောင်းမှုဖြင့် အဖမ်းခံရသည်။ "လူတွေက ပုံကြီးချဲ့နေ တာပါ။ Twitterမှာ ဒါမျိုးဒါမျိုးတွေကို လူပေါင်းစုံ လုပ်ပြတာတွေ ဂုဏ်ယူပြီး ရေးနေတာပဲ။ အဲဒီလူတွေကျတော့ မျက်ကွယ်ပြု ခံနေရတယ်။ ဂျက်စတင် အဆင်ပြေပါစေလို့ ကျွန်မ ဆန္ဒပြုပါတယ်"ဟု သူမက ဂျက်စတင်ဘက်မှ ရပ်တည် ပြောဆိုသွားသည်။
Planet Myanmar Network
No comments:
Post a Comment