Tuesday, January 7, 2014

လူကုန်ကူးခံရသော မြန်မာနိုင်ငံသား၁ဝဦးကိုမလေးရှား ရဲတပ်ဖွဲ့ကယ်တင်

မလေးရှားနိုင်ငံရှိ ပီနန်းခရိုင်ရဲ တပ်ဖွဲ့သည် နီဘောင်းတီဗယ်ဒေသ တွင် လူကုန် ကူးခံ ရသော မြန်မာ နိုင်ငံသား ၁ဝ ဦးကို ယနေ့နံနက် ပိုင်းက ကယ်တင်နိုင်ခဲ့သည်ဟု မလေးရှားနေ့စဉ် ထုတ်သတင်းစာ များက ဖော်ပြသည်။ လူကုန်ကူး ခံရသူများမှာ အသက် (၈) နှစ်မှ (၂၂)နှစ် အရွယ်ကြားရှိ မြန်မာနိုင်ငံ သားများဖြစ်ပြီး အရွယ်မရောက် သေးသောကလေးငယ်နှစ်ဦးပါဝင် ခဲ့သည်ဟု သိရသည်။

အဆိုပါမြန်မာနိုင်ငံသားများကို အသက် (၃၅)နှစ်အရွယ်နှင့် အသက် (၂၁)နှစ်အရွယ်ရှိ ဇနီး မောင်နှံနှစ်ဦးက ၄င်းတို့၏အိမ်တွင် ဖမ်းဆီးချုပ်နှောင်ထားခဲ့ခြင်းဖြစ်ပြီး မလေးရှားနိုင်ငံတွင် အခြေစိုက် ထားသော လူမှောင်ခိုဂိုဏ်းများနှင့် ဆက်စပ်နေသည့် လုပ်ရပ်တစ်ခု ဖြစ်ဖွယ်ရှိကြောင်း ပီနန်းခရိုင်ရဲတပ် ဖွဲ့မှ ထုတ်ပြန်သော သတင်းထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံသားများကို ဖမ်းဆီး ချုပ်နှောင်ထားသည့် ဇနီးမောင်နှံ နှစ်ဦးသည် ကုလသမဂ္ဂဒုက္ခသည် များဆိုင်ရာ မဟာမင်းကြီးရုံးမှ ဒုက္ခသည်မှတ်ပုံတင်ကတ်များကိုင်
ဆောင်ထားသူများဖြစ်သည်ဟု အဆိုပါသတင်းထုတ်ပြန်ချက်တွင် အတည်ပြုထားသည်။

ပီနန်းခရိုင် ရဲအရာရှိချုပ် ဒါ တက်ခ်ဟာနာဖီက ''လူမှောင်ခို ဂိုဏ်းတွေနဲ့ပတ်သက်တဲ့ သတင်း တွေ ကနေ မြန်မာနိုင်ငံသားတွေ ကို ဖမ်းဆီးထားတဲ့သတင်းကို ခြေရာ ခံနိုင်ခဲ့ တာပါ။ ကနဦး စစ်ဆေးမှုတွေ အရ အတည်ပြုနိုင်တာကတော့ ဒီ ဇနီးမောင်နှံနှစ်ယောက်ဟာဖမ်းဆီး ထားတဲ့ မြန်မာနိုင်ငံသားတွေ ဆီက နေ လွတ်မြောက်ဖို့အတွက် သူတို့ မိသားစုတွေဆီကပေးပို့ မယ့်ငွေကြေး တွေကိုစောင့်ဆိုင်းနေပုံရ ပါတယ်။ ဒီဇနီးမောင်နှံ နှစ်ယောက်လုံးဟာ မလေးရှား လူမှောင်ခိုဂိုဏ်းတွေနဲ့ ဆက်စပ်နေသူတွေဖြစ်ပြီး အရင် ကတည်းက အခုလိုလုပ်ရပ်မျိုးတွေ လုပ်ခဲ့ပုံရပါတယ်။ မြန်မာနိုင်ငံ သားတွေရဲ့ထွက်ဆိုချက်အရဆိုရင်
မြန်မာနိုင်ငံမှာရှိတဲ့ သူတို့မိသားစု တွေဆီကနေ တစ်ယောက်ကို ရင်းဂစ် ၄ဝဝဝ ကနေ ၆ဝဝဝအထိ ပေးဖို့တောင်းဆိုထားတယ်လို့ သိရ ပါတယ်။သူတို့ကိုဖမ်းဆီးချုပ်နှောင် ထားတာ ရက် သတ္တပတ်လောက် ရှိပါပြီ'' ဟုပြောသည်။

အဆိုပါ ဖမ်းဆီးမှုတွင် ရင်းဂစ် ၁ဝဝဝ နှင့် မိုဘိုင်းလ် ဖုန်းငါးလုံး၊ လူကုန် ကူးခံရသူများဟု ယူဆရသော အမည်များကို ရေးမှတ်ထားသည့် မှတ်တမ်းစာအုပ်တစ်အုပ်ကို သိမ်း ဆည်းရရှိခဲ့သည်ဟု သိရသည်။

The Union Daily

No comments:

Post a Comment