Tuesday, January 14, 2014

မလေးရှားရောက် တရားမဝင် မြန်မာ လုပ်သားများ တရားဝင် ဖြစ်စေရေး ကူညီ ဆောင်ရွက်ပေးမည်

Photo: မလေးရှားရောက် တရားမဝင် မြန်မာ လုပ်သားများ တရားဝင် ဖြစ်စေရေး ကူညီ ဆောင်ရွက်ပေးမည်

ရန်ကုန် ဇန်နဝါရီ ၁၄

မလေးရှားနိုင်ငံ ပြည်ထဲရေး ဝန်ကြီးဌာနက တရားဝင် ထုတ်ပြန်ကြေညာချက်အပေါ် မလေးရှား နိုင်ငံရောက် မြန်မာရွှေ့ပြောင်း လုပ်သားများ အန္တရာယ် ကင်းစွာ နေထိုင် အလုပ်လုပ် ကိုင်နိုင်ရေးအတွက် ယခင်ထက် ပိုမိုကူညီ သွားမည်ဟု အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

မလေးရှား နိုင်ငံတွင် တရားမဝင် နေထိုင်သူများကို ဇန်နဝါရီ ၂ဝရက်မှ စတင်ပြီး စုံစမ်း စစ်ဆေးကာ ဖမ်းဆီး သွားမည်ဟု မလေးရှား နိုင်ငံ ပြည်ထဲရေး ဝန်ကြီးဌာနက တရားဝင် ထုတ်ပြန်ကြေညာ လိုက်သည့်အပေါ် အလုပ် သမား ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ယခုကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

''ကျွန်တော်တို့ ဌာနက အဖွဲ့တွေ ရောက်နေပါပြီ။ သူတို့က တရားဝင်ကြေညာ ထားတော့ ဟိုမှာရှိတဲ့ ကျွန်တော်တို့ နိုင်ငံသားတွေ အတွက် စိတ်ပူရတယ်။ တရားမဝင် တဲ့လူတွေကို တရားဝင်ဖြစ်အောင် အရင်ကထက်ပိုပြီး အာရုံစိုက်ကူညီ သွားမှာပါ''ဟု အဆိုပါ တာဝန်ရှိသူက ဆိုသည်။ လက်ရှိ မလေးရှားနိုင်ငံ၌ ဖမ်းဆီးမှုတွင်  ပြည်ထဲရေး လက်အောက်ရှိ အဖွဲ့ (၃)ဖွဲ့မှ ပူးပေါင်း ဖမ်းဆီးမည်ဖြစ်ပြီး တရားမဝင် အလုပ်သမား လက်ခံထားသော အလုပ်ရှင်များကိုပါ တိတိကျကျ အရေးယူသွား မည်ဖြစ် ကြောင်းနှင့်  ဖမ်းဆီးရမိသော တရားမဝင် အလုပ်သမားများအား သက်ဆိုင်ရာ နိုင်ငံ အသီးသီးသို့ ပြန်လည် ပို့ဆောင် မည် ဖြစ်ကြောင်း သိရသည်။

ထိုသို့ဖမ်းဆီးခြင်းမှာ သုံးလတစ်ကြိမ်ခန့် လုပ်ဆောင်နေခြင်း ဖြစ်ပြီး တရားမဝင် လာရောက်နေထိုင်သူ အရေအတွက် လျှော့ချခြင်းဖြစ်ကြောင်း မြန်မာပြည်ပ အလုပ် အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမင်းလှိုင်က ဆိုသည်။

လက်ရှိ မလေးရှား နိုင်ငံတွင် ရောက်ရှိနေသော မြန်မာနိုင်ငံသား လုပ်သားများ အနေဖြင့် နိုင်ငံကူး လက်မှတ်များကို မိမိနှင့် တကွ အမြဲ ဆောင်ထားရန်၊ မိမိတို့ နိုင်ငံကူး လက်မှတ် များကို မိတ္တူကူး ထားကြရန် UNHCR ကတ်ကိုင်ဆောင် ထားသူများအနေဖြင့် UNHCR ကတ်များကို မိတ္တူ ကူးထားပြီး ရင်းနှီးသော မိတ်ဆွေ များထံ ပေးအပ်ထားကြရန် ကြေညာထားကြောင်း ကိုလည်း သိရသည်။

မျိုးသူ

http://www.myawady.net.mm/allnews/headline/item/34551-2014-01-14-09-51-04
မလေးရှားနိုင်ငံ ပြည်ထဲရေး ဝန်ကြီးဌာနက တရားဝင် ထုတ်ပြန်ကြေညာချက်အပေါ် မလေးရှား နိုင် ငံရော က် မြန် မာရွှေ့ပြောင်း လုပ်သားများ အန္တရာယ် ကင်းစွာ နေထိုင် အလုပ်လုပ် ကိုင်နိုင်ရေးအတွက် ယခင် ထက် ပိုမိုကူညီ သွားမည်ဟု အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။
မလေးရှား နိုင်ငံတွင် တရားမဝင် နေထိုင်သူများကို ဇန်နဝါရီ ၂ဝရက်မှ စတင်ပြီး စုံစမ်း စစ်ဆေးကာ ဖမ်းဆီး သွားမည်ဟု မလေးရှား နိုင်ငံ ပြည်ထဲရေး ဝန်ကြီးဌာနက တရားဝင် ထုတ်ပြန်ကြေညာ လိုက်သည့်အပေါ် အလုပ် သမား ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ယခုကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

''ကျွန်တော်တို့ ဌာနက အဖွဲ့တွေ ရောက်နေပါပြီ။ သူတို့က တရားဝင်ကြေညာ ထားတော့ ဟိုမှာရှိတဲ့ ကျွန်တော်တို့ နိုင်ငံသားတွေ အတွက် စိတ်ပူရတယ်။ တရားမဝင် တဲ့လူတွေကို တရားဝင်ဖြစ်အောင် အရင်ကထက်ပိုပြီး အာရုံစိုက်ကူညီ သွားမှာပါ''ဟု အဆိုပါ တာဝန်ရှိသူက ဆိုသည်။ လက်ရှိ မလေးရှားနိုင်ငံ၌ ဖမ်းဆီးမှုတွင် ပြည်ထဲရေး လက်အောက်ရှိ အဖွဲ့ (၃)ဖွဲ့မှ ပူးပေါင်း ဖမ်းဆီးမည်ဖြစ်ပြီး တရားမဝင် အလုပ်သမား လက်ခံထားသော အလုပ်ရှင်များကိုပါ တိတိကျကျ အရေးယူသွား မည်ဖြစ် ကြောင်းနှင့် ဖမ်းဆီးရမိသော တရားမဝင် အလုပ်သမားများအား သက်ဆိုင်ရာ နိုင်ငံ အသီးသီးသို့ ပြန်လည် ပို့ဆောင် မည် ဖြစ်ကြောင်း သိရသည်။

ထိုသို့ဖမ်းဆီးခြင်းမှာ သုံးလတစ်ကြိမ်ခန့် လုပ်ဆောင်နေခြင်း ဖြစ်ပြီး တရားမဝင် လာရောက်နေထိုင်သူ အရေအတွက် လျှော့ချခြင်းဖြစ်ကြောင်း မြန်မာပြည်ပ အလုပ် အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမင်းလှိုင်က ဆိုသည်။

လက်ရှိ မလေးရှား နိုင်ငံတွင် ရောက်ရှိနေသော မြန်မာနိုင်ငံသား လုပ်သားများ အနေဖြင့် နိုင်ငံကူး လက်မှတ်များကို မိမိနှင့် တကွ အမြဲ ဆောင်ထားရန်၊ မိမိတို့ နိုင်ငံကူး လက်မှတ် များကို မိတ္တူကူး ထားကြရန် UNHCR ကတ်ကိုင်ဆောင် ထားသူများအနေဖြင့် UNHCR ကတ်များကို မိတ္တူ ကူးထားပြီး ရင်းနှီးသော မိတ်ဆွေ များထံ ပေးအပ်ထားကြရန် ကြေညာ ထားကြောင်း ကိုလည်း သိရသည်။

မျိုးသူ
မြ၀တီ

No comments:

Post a Comment