Tuesday, January 14, 2014

မင်းတပ်တွင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာအတွက် မြို့နယ်ကော်မတီ၊ ဒေသခံနှင့် NGO များ ပူးပေါင်း

ချင်းပြည်နယ် မင်းတပ်မြို့တွင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ လုပ်ငန်းများနှင့် ဒေသခံများ အသိ ပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်ကော်မတီ၊ ဒေသခံတိုင်းရင်းသားများနှင့် NGO's Child Right Working Group (NCRWG)တို့ တွေ့ဆုံဆွေးနွေးပွဲကို ဇန်န၀ါရီ ၁၁ ရက်က မြို့နယ်ကော်မရှင် အဖွဲ့ခွဲ ရုံးတွင် ပြုလုပ်သည်။
ချင်းပြည်နယ် မင်းတပ်ခရိုင်အုပ်ချုပ်ရေးမှူးက “ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလ သမဂ္ဂပဋိ ညာဉ်စာချုပ်မှာ ပြဋ္ဌာန်းထားတဲ့ အခြေခံမူများ ကလေးသူငယ် ကာ ကွယ်စောင့်ရှောက်ရေးမှာ လူမှုဝန် ထမ်းဦးစီးဌာန ရုံးစိုက်ရာ ၂၁ ခုသာရှိပြီး ၀န်ထမ်း အင်အား နည်းပါးတဲ့အတွက် စေတနာရှင်ဝန်ထမ်းများ သာမက NGO၊ INGO များနဲ့ ပြည်တွင်း လူမှုရေးအဖွဲ့အစည်းများနဲ့ လက်တွဲပူးပေါင်းပြီး ဆောင်ရွက် လျက်ရှိပါတယ်”ဟု ပြောသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် မြို့နယ် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီနှင့် NCRWG တို့ က ဒေသခံများ၏ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာများ မြှင့်တင်နိုင်ရေးအတွက် ပူးပေါင်း လုပ်ဆောင်ရန်၊ ဒေသခံတိုင်းရင်းသား ကလေးငယ်များ၏ ဖွံ့ဖြိုးရေးနှင့် လက်တွေ့လုပ်ဆောင်နိုင်ရန် ဆွေးနွေးပို့ချခဲ့သည်။

NCRWG အတွင်းရေးမှူး ဦးကျော်သန်းထွန်းက “ကျွန်တော်တို့ အရင်နှစ်က ရန်ကုန်တိုင်း မင်္ဂလာဒုံနဲ့ မြောက်ဒဂုံ၊ ပဲခူးတိုင်း ကျောက်တန်းရွာ၊ ကယား လွိုင်ကော်မြို့၊ လွိုင်လင် ပထမတော့ ဟားခါး သွားမလို့ NGO တော်တော်များများ ရောက်တယ် မင်းတပ်ကို လမ်းပန်းဆက်သွယ်ရေးကြောင့် မရောက်ဘူး ဆိုတာ နဲ့ လာခဲ့ပါတယ်။ ဒီနှစ်မှာ ၂၄ နှစ်မြောက် ကလေးသူငယ်များ အခွင့် အရေးဆိုင်ရာနေ့ ဆောင်ပုဒ်လေး တစ်ခုရှိတယ်။ “မြန်မာနိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်ဖို့ ကလေးသူငယ်များထံမှာ ရင်းနှီးမြှုပ်နှံစို့” ဆိုတဲ့ ဆောင်ပုဒ်လေး ထုတ်ထားပါတယ်။ အဲ့ဒီထဲမှာ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ စာချုပ်အကြောင်းကို အစိုးရကအစ NGO တွေအဆုံး သိအောင်လုပ်ရမယ်။ ၁၉၉၁ ကတည်းက လက်မှတ်ထိုးထားပြီး ကလေး တွေ အခုထိ မသိဘူး၊ စိန်ခေါ်မှုတွေများနေတယ်၊ စာချုပ်အကြောင်းသိရုံနဲ့မရဘူး လိုက်နာပြီး လက်တွေ့ အကောင်အထည်ဖော်မှ အကျိုးရှိမှာပါ”ဟု ပြောသည်။

မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငွေဒိုးကလည်း “ကလေးသူငယ်အခွင့်အရေးနဲ့ပတ်သက်ပြီး ချိုးဖောက်ခံရတာ ရှိသလားဆိုပြီး၊ အခက်အခဲရှိသလားဆိုပြီး လစဉ်လတိုင်း လကုန်ရက်တွေမှာ ပုံမှန်အစည်းအဝေး နဲ့ ပေါင်းပြီးလုပ်ပါတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူးသည် ကလေးသူငယ်နဲ့ပတ်သက်ပြီး ဥက္ကဋ္ဌဖြစ်ပါတယ်” ဟု ပြောသည်။

ချင်းပြည်နယ် မင်းတပ်မြို့၏ မြို့ပေါ်ရပ်ကွက်လေးခုတွင် အိမ်ခြေ ၁၇၄၅၊ အိမ်ထောင်စု ၁၈၆၁ နှင့် လူဦး ရေ ၈၉၉၆၊ ကျေးရွာအုပ်စု(၄၆) အုပ်စုတွင် အိမ်ခြေ ၈၈၂၈ ၊ အိမ်ထောင်စု ၅၈၂၉ တွင် လူဦးရေ ၃၂၅၇၃ ဦးရှိကြောင်း သိရသည်။

Mizzima - News in Burmese

No comments:

Post a Comment