Friday, January 24, 2014

ဖမ်းမိသည့် ကာမစိတ်ကြွဆေးဝါးကို ဆိုင်ပိုင်ရှင်များက ရောင်းခိုင်းခြင်းမဟုတ်ဟု ပြည်ထဲရေး ဒု-၀န်ကြီးဆို

ရန်ကုန်မြို့ရှိ နာမည်ကြီး ဈေးဝယ်စင်တာများဖြစ်သည့် စိန်ဂေဟာနှင့် တော်ဝင်စင်တာတို့တွင် ဖမ်းဆီး ရမိ သော ကာမစိတ်ကြွဆေးများကို ဆိုင်ပိုင်ရှင်နှင့် ဆိုင်မန်နေဂျာများက ရောင်းချ ခိုင်းခြင်း မဟုတ်ဟု ပြည် ထဲ ရေးဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ဇန်န၀ါရီလ ၂၃ ရက် အမျိုးသားလွှတ်တော် အစည်း အဝေးတွင် ပြောဆိုလိုက်သည်။
ရဲတပ်ဖွဲ့ကဆိုင်ပိုင်ရှင်နှင့်မန်နေဂျာတို့အား စစ်ဆေးချက်အရ “အဲဒီပစ္စည်းမျိုးကို ရောင်းချ ရန် နှုတ်ဖြင့် ဖြစ်စေ၊ စာဖြင့် ဖြစ်စေ၊ ညွှန်ကြားထားခြင်းမရှိကြောင်း တွေ့ရှိရသည်ဟု ပြည်ထဲရေး ဒုဝန်ကြီး က ပြော သည်။

တရားဝင်ရောင်းချခွင့် မပြုထားသည့် ကာမစိတ်ကြွဆေးများကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က စီမံချက်ဖြင့် ဖမ်း ဆီးခဲ့ရာမှ ဒဂုံမြို့နယ်ရှိ စိန်ဂေဟာနှင့် တော်ဝင်စင်တာ ဆေးဆိုင်များတွင် ပြီးခဲ့သည့်နှစ် ဇန်န၀ါရီလ ၁၆ ရက်က ဖမ်းမိခဲ့ပြီး တာဝန်ကျ အရောင်းဝန်ထမ်း အမျိုးသမီးနှစ်ဦး ကို အရေးယူခဲ့သည့်ဖြစ်စဉ်အပေါ် ဒု-၀န် ကြီးက ရှင်းလင်းပြောဆိုခြင်း ဖြစ်သည်။

ထိုဖြစ်စဉ်တွင် တာဝန်ကျအရောင်း ၀န်ထမ်း အမျိုးသမီးနှစ်ဦးကိုသာ ဒဂုံမြိုနယ်ရဲစခန်း၌ ချုပ်နှောင် ဖမ်း ဆီးခဲ့သည့်အတွက် လူ့အခွင့်အရေး ချိုးဖောက်ခံနေရသည်ဟု အမျိုးသား လွှတ်တော်၊ ပြည်သူတို့၏ တိုင် ကြားစာဆိုင်ရာ ကော်မတီသို့ တိုင်ကြားထားသည်နှင့်စပ်လျဉ်း၍ ဥက္ကဋ္ဌ ဦးမြငြိမ်းက မေးမြန်းစဉ် ဒု-၀န် ကြီးက အထက်ပါအတိုင်း ပြန်ဖြေခဲ့သည်။

ယင်းအမှုတွင် ဆိုင်ရှင်မျာက ရောင်းချရန် ညွှန်ကြားထားမှုမရှိသလို ဆေးအရောင်း ၀န်ထမ်းများတွင်လည်း အပြစ်မရှိ ဟု ဒု-၀န်ကြီးက ပြောသည်။ ၎င်းတို့ကို စစ်ဆေးချက်အရ အ၀ယ်တော်များတွင်သာ တာဝန်ရှိ သည့်အတွက် အ၀ယ်တော် နှစ်ဦးဖြစ်သည့် စိန်ဂေဟာမှ မျိုးဝင်းနှင့် တော်ဝင်စင်တာမှ အောင်မြတ်သူ တို့ကို “အမျိုးသား ဆေးဝါးဥပဒေအရ ထောင်ဒဏ်တစ်လနှင့်ငွေဒဏ် ငါးသောင်းချမှတ်ခဲ့ပြီးဖြစ်သည်ဟု ဒု-၀န်ကြီးက ဆိုသည်။

သို့သော် ကော်မတီ၏ စိစစ်တွေ့ရှိချက်အရ စူပါမားကက်ကြီးများတွင် တာဝန်ရှိသူတို့၏ စီမံခန့်ခွဲမှုအောက် တွင်သာ အုပ်ချုပ်မှုအဆင့်ဆင့် ၀န်ထမ်းများ တာဝန်ထမ်းဆောင်နေကြရ သည့် အတွက် “အပြစ်မရှိသော ပြည်သူများ နစ်နာမှုမရှိရန်နှင့် အပြစ်ရှိသောသူများအား ဥပဒေနှင့်အညီ အရေးယူဆောင် ရန်” ဟု ဦးမြ ငြိမ်းက လွှတ်တော်သို့ တင်ပြခဲ့ခြင်းဖြစ်သည်။

ဒု-၀န်ကြီး၏ ဖြေကြားချက်အရပင် အရောင်းဝန်ထမ်း နှစ်ဦးကို ဖေဖော်ဝါရီလ ၁၆ရက် (စတင်ဖမ်းဆီးမိ သည့်နေ့)က စတင်ဖမ်းဆီးပြီး မတ်လ ၁၂ ရက်မှ ခံဝန်ချုပ်များဖြင့် ပြန်လွှတ်ခဲ့သည့်အတွက် တစ်လနီးပါး ဖမ်းဆီးစစ်ဆေးခဲ့သည့် သဘောဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment