Saturday, January 18, 2014

လာမည့်တတိယဆယ်ရက်ပတ်အတွင်း တနင်္သာရီတိုင်းဒေသကြီး ကချင်ပြည်နယ် ရှမ်းပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးအနည်ငယ် ထစ်ချုန်းရွာနိုင်

လာမည့်တတိယဆယ်ရက်ပတ်အတွင်း တနင်္သာရီတိုင်းဒေသကြီး ကချင်ပြည်နယ် ရှမ်းပြည် နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးအနည်ငယ်ထစ်ချုန်းရွာနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒဦးစီးဌာန၏ ထုတ်ပြန် ချက်အရသိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့ တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့်သာယာ မည်ဖြစ် သည်။

ညအပူချိန်များအနေဖြင့် ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဇန်န၀ါရီလ၏ ပျမ်းမျှအပူချိန်ခန့်သာရှိမည်ဖြစ်ပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ဇန်န၀ါရီလ၏ ပျမ်းမျှ အပူချိန်တို့ထက် အနည်းငယ် ပိုနိုင်ပါသည်။

မြူကျနိုင်သည့် အခြေအနေမှာ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည် နယ်နှင့် ကယားပြည်နယ်တို့တွင် ၅ ရက်မှ ၇ ရက်ခန့်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့ တွင် ၃ ရက်မှ ၄ ရက် ခန့် နံနက်ပိုင်းတွင် မြူထူများ ဆိုင်းနေနိုင်သည်။

မြစ်ရေအခြေအနေမှာ ဧရာဝတီမြစ်ရေသည် မြစ်ကြီးနား၊ ဗန်းမော်၊ ကသာ၊ မန္တလေး၊ စစ်ကိုင်း၊ ပခုက္ကူ၊ ညောင်ဦး၊ ချောက်၊ မင်းဘူး၊ မကွေး၊ အောင်လံ၊ ပြည်၊ ဆိပ်သာ၊ ဟံသာဝတီနှင့် ဇလွန်မြို့တို့ တွင် လက်ရှိရေ မှတ် များအောက် ပေ၀က်ခန့် ကျဆင်းနိုင်သည်။

ချင်းတွင်းမြစ်ရေသည်လည်း ခန္တီး၊ ဟုမ္မလင်း၊ မော်လိုက်၊ ကလေးဝနှင့် မုံရွာမြို့တို့တွင် လက် ရှိရေ မှတ် များအောက် ပေ၀က်ခန့် လျော့ကျနိုင်ပါသည်။

ဘင်္ဂါလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်ကြော င်း မိုးလေ ၀သနှင့် ဇလဗေဒဦးစီးဌာနက ယနေု့ထုတ်ပြန်လိုက်သည်။

မြတ်စုငြိမ်း
Popular Myanmar News Journal

No comments:

Post a Comment