Friday, January 17, 2014

နှစ် ၂၀ သက်တမ်းရှိ မြစ်ကြီးနား မြို့မနာရီစင် ဖျက်သိမ်း၍ မီးပွိုင့်တပ်

Photo: နှစ် ၂၀ သက်တမ်းရှိ မြစ်ကြီးနား မြို့မနာရီစင် ဖျက်သိမ်း၍ မီးပွိုင့်တပ် 
Friday, January 17, 2014

မြစ်ကြီးနားမြို့ ယာဉ်ကြောပိတ်ဆို့လာမှုကို ဖြေရှင်းရန် သခင်နတ်ဖေလမ်း နှင့် ဈေးကြီးလမ်းဆုံတွင် နှစ်ပေါင်း ၂၀ ကျော် သက်တမ်းရှိခဲ့သော မြို့မနာရီစင်ကို ဖျက်သိမ်း၍ မီးပွိုင့် တပ်ဆင်ပေးခဲ့ကြောင်း မြစ်ကြီးနားမြို့ခံ များက The Voice သို့ ပြောသည်။ 

ဖျက်သိမ်းလိုက်သော မြို့မနာရီစင် လမ်းဆုံ အနီးတစ်ဝိုက်တွင် စာသင်ကျောင်း များနှင့် အမှတ် ၁၊ အမှတ် ၂ စည်ပင်သာယာ ဈေးများ တည်ရှိနေရာ ယာဉ်ကြောပိတ်ဆို့မှု တဖြည်းဖြည်း ထူထပ်လာသောကြောင့် ကချင်ပြည်နယ် အစိုးရအဖွဲ့ လမ်းညွန်မှုဖြင့် ဇန်နဝါရီလ ၁၄ ရက်နေ့ ညနေပိုင်းတွင် ယင်းလမ်းအပိုင်းကို ခေတ္တပိတ်ဆို့လျက် မြို့မနာရီစင်ကို စတင်ဖျက်သိမ်း၍ မီးပွိုင့် တပ်ဆင်ပေးခဲ့ပြီး ဇန်နဝါရီလ ၁၆ ရက်နေ့ ၁ နာရီတွင် ပြန်လည်ဖွင့်လှစ်ပေး ခဲ့ကြောင်း မြစ်ကြီးနားမြို့နယ် စည်ပင်သာယာရေး အဖွဲ့မှ အရာရှိတစ်ဦးက The Voice သို့ ပြောသည်။

"အရင်ခေတ်က ကားဆိုင်ကယ် သွားလာနှုန်းနဲ့ အခုခေတ် ကားဆိုင်ကယ် သွားလာနှုန်းက မတူတော့ဘူးလေ။ ဒါကြောင့် မြို့မနာရီစင်ကို ဖျက်သိမ်းလိုက်ရ တာပါ" ဟု ၄င်းကဆိုသည်။

မြစ်ကြီးနားမြို့ပေါ်တွင် ယာဉ်ကြော ပိတ်ဆို့မှုများကို ဖြေရှင်းရန်အတွက် လမ်းဆုံများတွင် မီးပွိုင့်များ တပ်ဆင်လျက် ရှိရာ ယခုအချိန်ထိ မီးပွိုင့်ခြောက်ခုအထိ တပ်ဆင်ပြီး ယင်းအတွက် ကုန်ကျငွေများကို ကချင်ပြည်နယ် အတွင်းရှိ စည်းကမ်းဖောက်ဖျက်သည့် ယာဉ်များကို ဒဏ်ရိုက်သည့် စုဆောင်းသော ယာဉ်စည်းကမ်း လမ်းစည်းကမ်း ထိန်းသိမ်းရေး ရန်ပုံငွေမှ ထုတ်ယူသုံးစွဲကြောင်း မြို့နယ်စည်ပင် သာယာရေးအဖွဲ့ရုံး ထံမှ ဆက်လက်သိရှိ ရသည်။

ယခင်က မြစ်ကြီးနားမြို့ပေါ်တွင် မြို့သစ်နာရီစင်နှင့် မြို့မနာရီစင် ဟူ၍ နှစ်ခုရှိခဲ့ရာ ယခု ဖျက်သိမ်းလိုက်သော မြို့မ နာရီစင်ကို ကချင်ပြည်နယ်တွင် တာဝန် ထမ်းဆောင်ခဲ့သော မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကျော်ဘ လက်ထက်တွင် တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း မြစ်ကြီးနားမြို့ခံများ ထံမှ သိရှိရသည်။

The Voice Weekly
မြစ်ကြီးနားမြို့ ယာဉ်ကြောပိတ်ဆို့လာမှုကို ဖြေရှင်းရန် သခင်နတ်ဖေလမ်း နှင့် ဈေးကြီး လမ်းဆုံ တွင် နှစ်ပေါ င်း ၂၀ ကျော် သက်တမ်းရှိခဲ့သော မြို့မနာရီစင်ကို ဖျက်သိမ်း၍ မီးပွိုင့် တပ်ဆင်ပေး ခဲ့ကြောင်း မြစ်ကြီးနား မြို့ခံ များက The Voice သို့ ပြောသည်။ 
ဖျက်သိမ်းလိုက်သော မြို့မနာရီစင် လမ်းဆုံ အနီးတစ်ဝိုက်တွင် စာသင်ကျောင်း များနှင့် အမှတ် ၁၊ အမှတ် ၂ စည်ပင်သာယာ ဈေးများ တည်ရှိနေရာ ယာဉ်ကြောပိတ်ဆို့မှု တဖြည်းဖြည်း ထူထပ်လာသောကြောင့် ကချင်ပြည်နယ် အစိုးရအဖွဲ့ လမ်းညွန်မှုဖြင့် ဇန်နဝါရီလ ၁၄ ရက်နေ့ ညနေပိုင်းတွင် ယင်းလမ်းအပိုင်း ကို ခေတ္တပိတ်ဆို့လျက် မြို့မနာရီစင်ကို စတင်ဖျက်သိမ်း၍ မီးပွိုင့် တပ်ဆင်ပေးခဲ့ပြီး ဇန်နဝါရီလ ၁၆ ရက်နေ့ ၁ နာရီတွင် ပြန်လည်ဖွင့်လှစ်ပေး ခဲ့ကြောင်း မြစ်ကြီးနားမြို့နယ် စည်ပင်သာယာရေး အဖွဲ့မှ အရာရှိတစ်ဦးက The Voice သို့ ပြောသည်။

"အရင်ခေတ်က ကားဆိုင်ကယ် သွားလာနှုန်းနဲ့ အခုခေတ် ကားဆိုင်ကယ် သွားလာနှုန်းက မတူတော့ဘူးလေ။ ဒါကြောင့် မြို့မနာရီစင်ကို ဖျက်သိမ်းလိုက်ရ တာပါ" ဟု ၄င်းကဆိုသည်။

မြစ်ကြီးနားမြို့ပေါ်တွင် ယာဉ်ကြော ပိတ်ဆို့မှုများကို ဖြေရှင်းရန်အတွက် လမ်းဆုံများတွင် မီးပွိုင့်များ တပ်ဆင် လျက် ရှိရာ ယခုအချိန်ထိ မီးပွိုင့်ခြောက်ခုအထိ တပ်ဆင်ပြီး ယင်းအတွက် ကုန်ကျငွေများကို ကချင်ပြည်နယ် အတွင်းရှိ စည်းကမ်းဖောက်ဖျက်သည့် ယာဉ်များကို ဒဏ်ရိုက်သည့် စုဆောင်းသော ယာဉ်စည်းကမ်း လမ်းစည်းကမ်း ထိန်းသိမ်းရေး ရန်ပုံငွေမှ ထုတ်ယူသုံးစွဲကြောင်း မြို့နယ်စည်ပင် သာယာရေးအဖွဲ့ရုံး ထံမှ ဆက်လက်သိရှိ ရသည်။

ယခင်က မြစ်ကြီးနားမြို့ပေါ်တွင် မြို့သစ်နာရီစင်နှင့် မြို့မနာရီစင် ဟူ၍ နှစ်ခုရှိခဲ့ရာ ယခု ဖျက်သိမ်းလိုက်သော မြို့မ နာရီစင်ကို ကချင်ပြည်နယ်တွင် တာဝန် ထမ်းဆောင်ခဲ့သော မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကျော်ဘ လက်ထက်တွင် တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း မြစ်ကြီးနားမြို့ခံများ ထံမှ သိရှိရသည်။

The Voice Weekly

No comments:

Post a Comment