Monday, January 13, 2014

နေပြည်တော်တွင် ဟိုတယ်အလုံးပေါင်း ၈၀ အထိ ဖွင့်လှစ်မည်

၂၀၁၄ ခုနှစ်သည် အာဆီယံနိုင်ငံများ အလှည့်ကျဥက္ကဋ္ဌအဖြစ် မြန်မာနိုင်ငံမှ တာဝန် ယူဆောင်ရွက် မည့် အပြင် နိုင်ငံခြားသားဧည့်သည်များ လာရောက်လည်ပတ်မှု များ လာသောကြောင့် နေပြည်တော်တွင် ဟို တယ်အလုံးပေါင်း ၈၀ ထိ ဖွင့်လှစ်မည်ဟု ဟို တယ်နှင့် ခရီး သွား လာရေးဝန်ကြီး ဦးဌေးအောင်က ဇန်န၀ါ ရီ ၁၀ ရက်တွင် ပြောသည်။
လက်ရှိတွင် နေပြည်တော်၌ ဟိုတယ်အလုံး ၅၀ ရှိကာ ထပ်တိုးဖွင့်လှစ်သွားမည်ဖြစ်သည်ဟု ၀န်ကြီးက ဆိုသည်။

“အခန်းပေါင်းလည်း ၁၀,၀၀၀ ကျော်ထိ ရှိလာမယ်။ ၂၀၁၄ အာဆီယံအစည်းအဝေးအများစု က နေပြည် တော် မှာ ကျင်း ပမယ်။ အဲဒီအတွက် နိုင်ငံတော်အဆင့် ဧည့်သည်တွေအတွက် လည်း နိုင်ငံတော် ဧည့်ဂေ ဟာ ဖွင့်လှစ်ပြီးပါပြီ။ နိုင်ငံတော်ဧည့်ဂေဟာမှာ အခန်းပေါင်း ၁၈၉၄ ခန်းအထိ ဖွင့်လှစ်ပြီးပြီ။ ကျန်တာ တွေကို မတ်လမှာ အပြီးဖွင့်လှစ်မယ်”ဟု ဆိုသည်။ 

လာရောက်လည်ပတ်သည့် နိုင်ငံခြားသားဧည့်သည်များမှာ ၂၀၁၁ ခုနှစ်တွင် ရှစ်သိန်းခန့်၊ ၂၀၁၂ တွင် ၁,၀၆၀,၀၀၀ ခန့်၊ ၂၀၁၃ ခုနှစ်တွင် ၂,၀၄၀ ,၀၀၀ ရှိလာပြီး ထိုင်းနိုင်ငံမှ အများဆုံး လာရောက်လည်ပတ် ပြီး၊ တရုတ်နိုင်ငံသည် ဒုတိယအများဆုံး လာရောက်ခဲ့သည်။

“တစ်နှစ်ထက်တစ်နှစ် နိုင်ငံခြားဧည့်သည်တွေ များလာတဲ့အတွက် အရင်က တည်ဆောက် ခွင့်မရတဲ့ နိုင်ငံခြား သားပိုင်ဟိုတယ်တွေ ပြန်ဆောက်ခွင့်ရတယ်။ ပြည်တွင်း လုပ်ငန်းရှင်တွေ လည်း ဟိုတယ်တွေတည် ဆောက်လာကြတယ်။ အဲဒီအတွက် ရန်ကုန်၊ မန္တလေး၊ နေပြည်တော် မှာ ဟိုတယ်တွေ များလာတယ်။ နိုင်ငံခြားသားဧည့်သည်တွေ အတွက် ဟိုတယ်တွေ ကျွန်တော်တို့မှာ လုံလောက်စွာ ရှိသွားပြီ”ဟု ၀န်ကြီး က ပြောသည်။

နေပြည်တော်ရှိ ဟိုတယ်အခန်းခမှာ အမေရိကန်ဒေါ်လာ လေးဆယ်မှ ၁၂၀ အထိရှိပြီး ဧည့်သည်အများ စုသည် ဒေါ်လာလေးဆယ်တန် အခန်းများကိုသာ တည်းခိုသည်ဟု နေပြည်တော်ရှိ ဟိုတယ်တစ်ခုမှ သိ ရသည်။ နေပြည်တော်တွင် ၂၀၀၆ ခုနှစ်က ဟိုတယ် ငါးလုံးနှင့် အခန်းပေါင်း ၁၀၀ ခန့်သာ ရှိသည်။

Mizzima - News in Burmese

No comments:

Post a Comment