Monday, January 13, 2014

ဆိုင်ကယ်လိုင်စင် သက်တမ်းတိုးခြင်း နယ်လှည့်အစီအစဉ် ပုသိမ်ကြီးတွင် စမည်

မော်တော်ဆိုင်ကယ် လိုင်စင်သက်တမ်းတိုးခြင်းလုပ်ငန်း နယ်လှည့်ဆောင်ရွက်ခြင်းအစီအစဉ်ကို လာ မည့်ဖေဖော်ဝါရီ ပထမပတ်တွင် မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်တွင် ဆောင်ရွက်ပေးမည်ဟု မန္တလေး တိုင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တိုင်းဦးစီးမှူးဦးသိန်းဦး က ဇန်န၀ါရီ ၁၁ ရက်တွင် မဇိ္ဈမ ကို ပြော သည်။
မော်တော်ဆိုင်ကယ် မှတ်ပုံတင်သက်တမ်းကို နှစ်နှစ်သတ်မှတ်ထားပြီး သတ်မှတ် ကာလကျော် လွန်ကာ သွားလာနေသော ဆိုင်ကယ်များရှိ၍ ယင်းကဲ့သို့ ဆောင် ရွက်ခြင်းဖြစ် သည် ဟု ၎င်းက ဆိုသည်။

“ကညနရုံးကို လာရောက်သက်တမ်းတိုးရန် အခက်အခဲရှိသူတွေ အဆင်ပြေစေအောင် နယ်လှည့် ဆောင် ရွက်ပေးခြင်း ဖြစ်ပါတယ်”ဟု ဦးသိန်းဦးက ပြောကြားသည်။

၂၀၁၃ခုနှစ်မှ စတင်ကာ မန္တလေးတိုင်းအတွင်း ဆိုင်ကယ်အသုံးပြုမှုများပြီး သွားရေးလာရေး ခရီး ကွာဝေး သော မြို့နယ် တို့ကို တိုင်းကညနရုံးမှ နယ်လှည့်ကာ ယာဉ်မောင်းလိုင်စင်နှင့် ယာဉ်လိုင်စင် သက် တမ်း တိုးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့သည်။

ပုသိမ်ကြီးမြို့နယ်တွင် ဆိုင်ကယ်အစီးရေ ၂၈,၆၀၉ စီးရှိ၍ ကားအစီးရေ ၁,၉၆၄ စီးခန့် ရှိကြောင်း ၂၀၁၃ ခုနှစ် ဒီဇင်ဘာအထိ ကောက်ယူထားသော ကညန၏ မှတ်တမ်းများအရ သိရသည်။

ဆိုင်ကယ်သက်တမ်းတိုးခြင်းအစီအစဉ်ကို ပုသိမ်ကြီးမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက် အကူပြု ကော် မတီ က တောင်းဆိုသဖြင့် ယခုကဲ့သို့ စီစဉ်ဆောင် ရွက်ပေးခြင်းဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment