Wednesday, January 29, 2014

ဓာတ်ငွေ့ပိုက်လိုင်း ပေါက်ထွက်ပါက အန္တရာယ်မဖြစ်ရန် ကာကွယ်ထားဟုဆို

Photo: ဓာတ်ငွေ့ပိုက်လိုင်း ပေါက်ထွက်ပါက အန္တရာယ်မဖြစ်ရန် ကာကွယ်ထားဟုဆို

Wednesday, January 29, 2014

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ သွယ်တန်းထားသော ရွှေသဘာဝဓာတ်ငွေ့ ပိုက်လိုင်း အပါအဝင် ဓာတ်ငွေ့ပိုက်လိုင်းများ အားလုံးကို ပေါက်ကွဲမှု မဖြစ်ရန်နှင့် ပေါက်ထွက်၊ ယိုစိမ့်လာပါက ပြည်သူလူထု အန္တရာယ် မဖြစ်စေရန် ကာကွယ်မှုများ ပြုလုပ်ထားကြောင်း စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။

ဓာတ်ငွေ့ပိုက်လိုင်း တစ်လျှောက် နေထိုင်ကြသည့် ဒေသခံပြည်သူများ အတွက် အန္တရာယ် ဖြစ်ပေါ်နိုင်သောကြောင့် ကာကွယ်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်း မဲဆန္ဒနယ်မှ ဦးထွန်းအောင်ကျော်က ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မေးမြန်းမှုကို ၎င်းက အထက်ပါအတိုင်း ဖြေကြားခြင်း ဖြစ်သည်။

ပိုက်လိုင်းများကို နိုင်ငံတကာ စံချိန်စံညွန်းများနှင့်အညီ ပြုလုပ် ထားသောကြောင့် ဓာတ်ငွေ့လိုင်းများ ပေါက်ကွဲ ယိုစိမ့်မှုဖြစ်စဉ် မရှိသေးကြောင်း ၎င်းကဆိုသည်။

အဆိုပါ ပိုက်လိုင်းများ ပေါက်ထွက်ခြင်း၊ ယိုစိမ့်ခြင်းနှင့် မီးဘေး အန္တရာယ်များ ဖြစ်ပေါ်လာပါက အလိုအလျောက် သိနိုင်သော ခေတ်မီစက်များ တပ်ဆင်ထားပြီး အရေးပေါ် ကိစ္စများအတွက် အချိန်နှင့် တစ်ပြေးညီ ပြုပြင်ရန် စွမ်းအင်ဝန်ကြီးဌာနက ထိန်းချုပ်ထားသောကြောင့် အန္တရာယ် မရှိကြောင်း ၎င်းကထပ်လောင်း ပြောဆိုသည်။

ပြည်တွင်းရှိ ရွှေသဘာဝဓာတ်ငွေ့ ပိုက်လိုင်းသည် အထူ ၀ ဒသမ ၈ လက်မနှင့် အချင်း ၄၀ လက်မ၊ ရဲတံခွန်ပိုက်လိုင်းသည် အထူ ၀ ဒသမ ၇ လက်မနှင့် အချင်း ၂၄ လက်မ၊ ရတနာ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းသည် အထူ ၀ ဒသမ ၇ လက်မနှင့် အချင်း ၃၆ လက်မ၊ ဇောတိက သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းသည် အထူ ၀ ဒသမ ၇ လက်မနှင့် အချင်း ၂၈ လက်မဖြင့် တည်ဆောက် ပို့လွှတ်ပေးနေခြင်း ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနထံမှ သိရသည်။

ညောင်တုန်းမှ အင်းစိန်ရွာမသို့ သွယ်တန်းထားသော သဘာဝဓာတ်ငွေ့ ပိုက်လိုင်းသည် ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ထန်းတပင်မြို့နယ် တောညိုရွာအနီး ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့ပြီး ယင်းမှာ ပိုက်လိုင်း သံချေးစားမှုကြောင့် ဖြစ်ကြောင်း ရွှေပြည်သာ သဘာဝဓာတ်ငွေ့ ပိုက်လိုင်း ထိန်းသိမ်းရေးစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

The Voice Weekly
မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ သွယ်တန်းထားသော ရွှေသဘာဝဓာတ်ငွေ့ ပိုက်လိုင်းအပါအဝင် ဓာတ်ငွေ့ ပိုက်လိုင်းများ အားလုံးကို ပေါက်ကွဲမှု မဖြစ်ရန်နှင့် ပေါက်ထွက်၊ ယိုစိမ့်လာပါက ပြည်သူလူထု အန္တရာယ် မဖြစ်စေရန် ကာကွယ်မှုများ ပြုလုပ်ထားကြောင်း စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး က ပြော ကြားသည်။

ဓာတ်ငွေ့ပိုက်လိုင်း တစ်လျှောက် နေထိုင်ကြသည့် ဒေသခံပြည်သူများ အတွက် အန္တရာယ် ဖြစ်ပေါ်နိုင်ေ သာကြော င့် ကာကွယ်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်း မဲဆန္ဒနယ်မှ ဦးထွန်းအောင်ကျော် က ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေး တွင် မေးမြန်းမှုကို ၎င်းက အထက်ပါအတိုင်း ဖြေကြားခြင်း ဖြစ်သည်။

ပိုက်လိုင်းများကို နိုင်ငံတကာ စံချိန်စံညွန်းများနှင့်အညီ ပြုလုပ်ထားသောကြောင့် ဓာတ်ငွေ့လိုင်းများ ပေါက် ကွဲယိုစိမ့်မှုဖြစ် စဉ် မရှိသေးကြောင်း ၎င်းကဆိုသည်။

အဆိုပါ ပိုက်လိုင်းများ ပေါက်ထွက်ခြင်း၊ ယိုစိမ့်ခြင်းနှင့် မီးဘေး အန္တရာယ်များ ဖြစ်ပေါ်လာပါက အလို အလျော က် သိနိုင်သော ခေတ်မီစက်များ တပ်ဆင်ထားပြီး အရေးပေါ် ကိစ္စများအတွက် အချိန်နှင့် တစ်ပြေးညီ ပြုပြင်ရန် စွမ်းအင်ဝန်ကြီးဌာနက ထိန်းချုပ်ထားသောကြောင့် အန္တရာယ်မရှိကြောင်း ၎င်းက ထပ်လောင်း ပြော ဆိုသည်။

ပြည်တွင်းရှိ ရွှေသဘာဝဓာတ်ငွေ့ ပိုက်လိုင်းသည် အထူ ၀ ဒသမ ၈ လက်မနှင့် အချင်း ၄၀ လက်မ၊ ရဲတံခွန်ပိုက်လိုင်းသည် အထူ ၀ ဒသမ ၇ လက်မနှင့် အချင်း ၂၄ လက်မ၊ ရတနာ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းသည် အထူ ၀ ဒသမ ၇ လက်မနှင့် အချင်း ၃၆ လက်မ၊ ဇောတိက သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းသည် အထူ ၀ ဒသမ ၇ လက်မနှင့် အချင်း ၂၈ လက်မဖြင့် တည်ဆောက် ပို့လွှတ်ပေးနေခြင်း ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနထံမှ သိရသည်။

ညောင်တုန်းမှ အင်းစိန်ရွာမသို့ သွယ်တန်းထားသော သဘာဝဓာတ်ငွေ့ ပိုက်လိုင်းသည် ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ထန်းတပင်မြို့နယ် တောညိုရွာအနီး ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့ပြီး ယင်းမှာ ပိုက်လိုင်း သံချေး စားမှုကြောင့် ဖြစ်ကြောင်း ရွှေပြည်သာ သဘာဝဓာတ်ငွေ့ ပိုက်လိုင်း ထိန်းသိမ်းရေးစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

The Voice Weekly

No comments:

Post a Comment