Monday, January 13, 2014

သမ၀ါယမသိမ်း လယ်မြေပြဿနာ တစ်လအတွင်း ဖြေရှင်းမပေးလျှင် သပိတ်စခန်းဖွင့်မည်ဟုဆို

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် အောင်ကုန်းကျေးရွာရှိ အမှတ်(၃)လယ်ယာလက်ကား သမ၀ါယမ လီမိတက်က သိမ်းဆည်းထားသည့် လယ်မြေဧက တစ်ထောင်ကျော် ပြန်ရရေးနှင့် အင်းမ ရေထိန်းတမံ ဖျက်သိမ်းပေးရေး အတွက် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများက တစ်လအတွင်း မဆောင် ရွက် နိုင်ပါက သပိတ်စခန်းဖွင့် တောင်းဆိုမည်ဟု လယ်မြေသိမ်း ဆည်း ခံရသူ တောင်သူများ က ကြေညာ ချက် ထုတ်ပြန်သည်။
သဲကုန်းမြို့နယ် အောင်ကုန်းကျေးရွာရှိ ဇန်န၀ါရီလ ၁၁ ရက်က ပြုလုပ်သည့် တောင်သူလယ် သမား များ တွေ့ဆုံဆွေးနွေးပွဲတွင် ဒေသခံလယ်သမားများ၊ လယ်သမားအရေး ကူညီဆောင် ရွက်သူများ စုပေါင်း ကာ အဆိုပါကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။

“အခု ၁၁ ရက်ကစပြီး တစ်လပြည့်တဲ့နေ့အထိ အချိန်ပေးထားတယ်။ ကျေနပ်လောက်တဲ့ အထိ ဆောင် ရွက်မပေးနိုင်ရင် အထိုင်သပိတ်လုပ်မယ်။ ကျေနပ်လောက်သည်အထိ ဖြေရှင်းဆောင်ရွက်မှု မရမချင်း သပိတ်စခန်းဖွင့် ဆောင်ရွက်မယ်”ဟု လယ်သမားအရေး ကူညီဆောင်ရွက်သူ ကိုသန့်ဇင်ထက်က ပြော သည်။

သိမ်းဆည်းလယ်မြေများတွင် တည်ဆောက်ထားသော ငါးကန်များနှင့် အင်းမ ရေထိန်း တမံကြောင့် ရေ လွှမ်းမိုးမှုဖြစ်ပွားပြီး နှစ်စဉ် လယ်ဧက တစ်ထောင်ကျော် ရေနစ်မြုပ်နေ သည့် အတွက် ကြေညာချက် ထုတ် ပြန်ရခြင်းဖြစ်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။

သိမ်းဆည်းထားသည့် လယ်မြေပေါ်တွင် ငါးကန်များ တူးဖော်ထားသော တရုတ်သူဌေး ဦးထိုင်ထိုင် က “အဲဒီလယ်မြေနဲ့ပတ်သက်ပြီး ဥပဒေအတိုင်းသွားမယ်။ သူတို့ဘက်ကလည်း ညှိစရာရှိတာညှိ၊ တင်စရာ ရှိတာတင် ကျွန်တော်တို့ဘက်ကတော့ ဥပဒေအတိုင်းသွားမယ်။ သက်သေအထောက်အထားလိုရင် ကူ ညီပေးမယ်”ဟု မဇ္ဈိမကို ပြောသည်။

၂၀၀၁ ခုနှစ်တွင် သမ၀ါယမလီမိတက်လုပ်ရန် လယ်သမား ၁၅၀ ကျော်ပိုင် လယ်ဧက ၁၁၅၉ ဒသမ ၅၅ လျော်ကြေးတစ်စုံတစ်ရာ မပေးဘဲ သိမ်းယူခဲ့ကြောင်း သိမ်းဆည်းစဉ်အခါက အောင်ကုန်းကျေးရွာ အုပ် ချုပ်ရေးမှူးဖြစ်သူ ဦးတင်နွယ်က ပြောသည်။

“ဘာလျော်ကြေးမှ မပေးဘူး။ ညှိနှိုင်းခွင့်တောင် မရဘူး။ သမ၀ါယမလီမိတက် လုပ်မယ်ဆိုပြီး ဗိုလ်ချုပ် တွေ ဆင်းလာတယ်။ ဧကတစ်ရာ့လေးငါးဆယ်လောက်ကနေ တဖြည်းဖြည်း သိမ်းသွား တာ”ဟု ဆိုသည်။

ဒေသခံတောင်သူများ၏ အခက်အခဲကို နိုင်ငံတော်သမ္မတ၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ လွှတ်တော်နှင့် ကြေး တိုင်မြေစာရင်းဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲမှုဌာန၊ ရပ်ကွက်မြို့နယ် တိုင်း ခရိုင်များ သို့ အသနားခံ စာတင်ပြခဲ့သည့်အပြင် ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်တွင် ၂၃ ရက်ကြာ ထွန်တုံး တိုက်ပွဲပြုလုပ်ခဲ့ ကြောင်း လယ်သမားဒေါ်ညိုက ပြောသည်။

သိမ်းဆည်းလယ်မြေများအနက် ၅၆ ဒသမ ၇၇ ဧကကို တစ်ဧက စပါးတင်းနှစ်ဆယ်နှုန်းဖြင့် သီးစားချ ထားပြီး ၁၀ ဧကခန့်ရှိ လယ်ကွက်ကို ကျပ်သိန်း ၅၀ ဖြင့် ရောင်းစားကြောင်း၊ ကျန်ဧက တစ်ထောင်ကျော်ကို ငါးကန်များ တူးဖော်လုပ်ကိုင်နေကြောင်း လယ်သမား ကိုဖြူကြီး က ပြောသည်။

Mizzima - News in Burmese

No comments:

Post a Comment