Monday, January 13, 2014

လွှတ်တော်ပြင်ပရှိ အင်အားစုများအနေဖြင့် လွှတ်တော်တွင်းရှိသူများနှင့် ဟန်ချက်ညီရန် လိုအပ်ကြောင်း ၈၈ မျိုးဆက်အဖွဲ့ခေါင်းဆောင်များ ပြောကြား

Photo: လွှတ်တော်ပြင်ပရှိ အင်အားစုများအနေဖြင့် လွှတ်တော်တွင်းရှိသူများနှင့် ဟန်ချက်ညီရန် လိုအပ်ကြောင်း ၈၈ မျိုးဆက်အဖွဲ့ခေါင်းဆောင်များ ပြောကြား
Monday, January 13, 2014

လွှတ်တော်ပြင်ပရှိ အင်အားစုများ အနေဖြင့် လွှတ်တော်တွင်း ရှိသူများနှင့် ဟန်ချက်ညီရန် လိုအပ်ကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လွှတ်တော်ပြင်ပနိုင်ငံရေးနှင့် ချိတ်ဆက်ဆောင်ရွက်နေသည်ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမင်းကိုနိုင်နှင့် ဦးကိုကိုကြီးတို့က ပြောကြားသည်။

ဇန်န၀ါရီ ၁၁ ရက်က ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သည့် ရှစ်လေးလုံးအရေးတော်ပုံ ငွေရတုဆုံးဖြတ်ချက်များ အကောင်အထည်ဖော်ရေး စုံညီအစည်းအဝေး ပထမနေ့တွင် ဦးမင်းကိုနိုင်က မိန့်ခွန်းပြောကြားရာ ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စုဆိုင်ရာနှင့် ပတ်သက်ပြီး ပြောကြားခဲ့ရာ ရွေးကော်ပွဲဝင်ပြီး လွှတ်တော်တွင်း ၀င်ရောက်ကြသူများနှင့် လွှတ်တော်ပြင်ပရှိ အင်အားစုများ ဟန်ချက်ညီညီ ဆောင်ရွက်ရန် လိုအပ်သည်ဟု ပြောကြားသည်။

“ကျွန်တော်တို့အားလုံး သွားနိုင်တဲ့ အခြေအနေတစ်ခုကို ဘုံထုတ်လိုက်မယ်ဆိုရင် ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စုတစ်ခု ဖြစ်ပါလိမ့်မယ်။ ပန်းတိုင်ကတော့ ကျွန်တော်တို့ တူတယ်ဆိုရင် ရှေ့ဆက်ပြီး ဘယ်လိုလက်တွဲကြမလဲ ဆိုတာကို စဉ်းစားဖို့ ကျန်ပါလိမ့်မယ်။ အဲဒီမှာ နှစ်မျိုးရှိပါလိမ့်မယ်။ ရွေးကောက်ပွဲဝင်ပြီးတော့ လွှတ်တော်ထဲကိုဝင်ကြမယ်။ အဲဒါကတစ်ပိုင်း၊ နောက်တစ်ပိုင်းက ဒီလွှတ်တော်ပြင်ပမှာလည်း အင်အားစုတွေက ရှိနေပါလိမ့်မယ်။ အကြောင်းကြောင်းကြောင့် လွှတ်တော်ထဲ မ၀င်သော်လည်းပဲ ကျွန်တော်တို့ ပြည်ထောင်စုတစ်ခုလုံးအတွက် အလုပ်လုပ်ချင်ကြတဲ့ အင်အားစုတွေဟာ လွှတ်တော်တွင်း ရောက်သွားသူတွေနဲ့ ဟန်ချက်ညီဖို့လိုတယ်” ဟု ဦးမင်းကိုနိုင်က ပြောကြားသည်။

ဇန်န၀ါရီ ၁၂ ရက်တွင် ဆက်လက်ပြုလုပ်ခဲ့သည့် ရှစ်လေးလုံး အရေးတော်ပုံ ငွေရတုဆုံးဖြတ်ချက်များ အကောင်အထည်ဖော်ရေး စုံညီအစည်းအဝေး ဒုတိယနေ့တွင် ဦးကိုကိုကြီးက လက်ရှိမြန်မာနိုင်ငံ၏ အကျပ်အတည်းကို ဖြေရှင်းရန်အတွက် ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးအပေါ် အခြေခံကာ အားလုံးပါဝင်သည့် ဆွေးနွေးပွဲတစ်ခု ဖြစ်ပေါ်လာရေး ဆိုင်ရာများနှင့်ပတ်သက်ပြီး ပြောကြားခဲ့သည်။

“အထင်အရှားဆုံး နိုင်ငံရေး အချိုးအကွေ့လို့ ပြောရမယ်ဆိုရင် ၁၉၉၀ ရွေးကောက်ပွဲမှာ အဓိကအနိုင်ရတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လက်ရှိလွှတ်တော်နိုင်ငံရေးထဲမှာ ပါဝင်လာခြင်းဟာ ထူးခြားတဲ့ နိုင်ငံရေးအချိုးအကွေ့ ဖြစ်ပါတယ်။ အဲ့ဒီအခြေအနေနဲ့ စပ်ဆက်ပြီးတော့ ကျွန်တော်တို့ တခြားနိုင်ငံရေး ဆောင်ရွက်မှုတွေကိုပါ လုပ်လာတဲ့အချိန်မှာ တစ်ဖက်ကလည်း ကျွန်တော်တို့ ဒီနေ့ဒေါ်အောင်ဆန်းစုကြည် ပြည်နယ်နဲ့တိုင်းတွေကိုလှည့်ပြီး လူထုနိုင်ငံရေး လုပ်နေတယ် ဆိုတာကလည်း တစ်ဖက်က လွှတ်တော်ပြင်ပနိုင်ငံရေးနဲ့ ချိတ်ဆက်ပြီးတော့ ဆောင်ရွက်နေတာဖြစ်တယ်။ ဒီတော့ ကျွန်တော်တို့အနေနဲ့က နိုင်ငံရေးကို ကျွန်တော်တို့ ဦးတည်ချက်တွေ၊ ဆန္ဒတွေကို လက်တွေ့အကောင်အထည် ပေါ်လာအောင် ရလာဒ်ထွက်လာအောင် ဘယ်လိုလုပ်မလဲ ဆိုတာကို အာရုံစိုက်ပြီးတော့ နည်းလမ်းတွေ ရှာကြဖို့ လိုမယ်လို့မြင်တယ်” ဟု ဦးကိုကိုကြီးက ပြောကြားသည်။

၂၀၁၃ ခုနှစ် သြဂုတ်လက ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သည့် ရှစ်လေးလုံးအရေးတော်ပုံ ၂၅ နှစ်ပြည့် အခမ်းအနား၏ ဆုံးဖြတ်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရန် စုံညီအစည်းအဝေးကို ရန်ကုန်မြို့၌ နှစ်ရက်ကြာ ကျင်းပခဲ့သည်။

ဇန်န၀ါရီ ၁၁ ရက်က ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ငွေရတုကြေညာစာတမ်း အကောင်အထည်ဖော်ရေး စုံညီအစည်းအဝေး ပြုလုပ်နေစဉ်

Eleven Media Group
ဇန်န၀ါရီ ၁၁ ရက်က ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ငွေရတုကြေညာစာတမ်း အကောင် အထည်ဖော်ရေး စုံညီအစည်းအဝေး ပြုလုပ်နေစဉ်
လွှတ်တော်ပြင်ပရှိ အင်အားစုများ အနေဖြင့် လွှတ်တော်တွင်း ရှိသူများနှင့် ဟန်ချက် ညီရန် လို အပ်ကြော င်းနှင့် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လွှတ်တော်ပြင်ပနိုင်ငံရေးနှင့် ချိတ်ဆက်ဆောင်ရွက်နေသည်ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမင်းကိုနိုင်နှင့် ဦးကိုကိုကြီးတို့ က ပြောကြား သည်။
ဇန်န၀ါရီ ၁၁ ရက်က ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သည့် ရှစ်လေးလုံးအရေးတော်ပုံ ငွေရတု ဆုံးဖြတ်ချက်များ အကောင်အထည်ဖော်ရေး စုံညီအစည်းအဝေး ပထမနေ့တွင် ဦးမင်းကိုနိုင် က မိန့်ခွန်းပြောကြားရာ ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စုဆိုင်ရာနှင့် ပတ်သက်ပြီး ပြောကြားခဲ့ရာ ရွေးကော်ပွဲဝင်ပြီး လွှတ်တော်တွင်း ၀င်ရောက်ကြသူများနှင့် လွှတ်တော်ပြင်ပရှိ အင်အားစုများ ဟန်ချက်ညီညီ ဆောင် ရွက် ရန် လိုအပ်သည်ဟု ပြောကြားသည်။

“ကျွန်တော်တို့အားလုံး သွားနိုင်တဲ့ အခြေအနေတစ်ခုကို ဘုံထုတ်လိုက်မယ်ဆိုရင် ဒီမိုကရက် တစ် ဖက်ဒရယ်ပြည်ထောင်စုတစ်ခု ဖြစ်ပါလိမ့်မယ်။ ပန်းတိုင်ကတော့ ကျွန်တော်တို့ တူတယ်ဆိုရင် ရှေ့ဆက် ပြီး ဘယ်လိုလက်တွဲကြမလဲ ဆိုတာကို စဉ်းစားဖို့ ကျန်ပါလိမ့်မယ်။ အဲဒီမှာ နှစ်မျိုးရှိပါလိမ့် မယ်။ ရွေးကောက်ပွဲဝင်ပြီးတော့ လွှတ်တော်ထဲကိုဝင်ကြမယ်။ အဲဒါကတစ်ပိုင်း၊ နောက်တစ်ပိုင်းက ဒီလွှတ်တော်ပြင်ပမှာလည်း အင်အားစုတွေက ရှိနေပါ လိမ့် မယ်။ အကြောင်းကြောင်းကြောင့် လွှတ်တော် ထဲ မ၀င်သော်လည်းပဲ ကျွန်တော်တို့ ပြည်ထောင်စုတစ်ခုလုံးအတွက် အလုပ်လုပ်ချင်ကြတဲ့ အင်အားစုတွေ ဟာ လွှတ်တော်တွင်း ရောက်သွားသူတွေနဲ့ ဟန်ချက်ညီဖို့လိုတယ်” ဟု ဦးမင်းကိုနိုင် က ပြော ကြားသည်။

ဇန်န၀ါရီ ၁၂ ရက်တွင် ဆက်လက်ပြုလုပ်ခဲ့သည့် ရှစ်လေးလုံး အရေးတော်ပုံ ငွေရတု ဆုံးဖြတ် ချက်များ အကောင်အထည်ဖော်ရေး စုံညီအစည်းအဝေး ဒုတိယနေ့တွင် ဦးကိုကိုကြီးက လက်ရှိမြန်မာနိုင်ငံ၏ အကျပ်အတည်းကို ဖြေရှင်းရန်အတွက် ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးအပေါ် အခြေခံကာ အားလုံးပါဝင်သည့် ဆွေးနွေးပွဲတစ်ခု ဖြစ်ပေါ် လာရေး ဆိုင်ရာများနှင့်ပတ် သက်ပြီး ပြောကြား ခဲ့သည်။

“အထင်အရှားဆုံး နိုင်ငံရေး အချိုးအကွေ့လို့ ပြောရမယ်ဆိုရင် ၁၉၉၀ ရွေးကောက်ပွဲမှာ အဓိက အနိုင်ရတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လက်ရှိလွှတ်တော်နိုင်ငံရေးထဲမှာ ပါဝင် လာခြင်း ဟာ ထူးခြားတဲ့ နိုင်ငံရေး အချိုး အကွေ့ ဖြစ်ပါတယ်။ အဲ့ဒီအခြေအနေနဲ့ စပ် ဆက်ပြီးတော့ ကျွန်တော်တို့ တခြားနိုင်ငံရေး ဆောင်ရွက် မှုတွေကိုပါ လုပ်လာတဲ့အချိန်မှာ တစ်ဖက်ကလည်း ကျွန်တော်တို့ ဒီနေ့ဒေါ်အောင် ဆန်း စုကြည် ပြည်နယ်နဲ့တိုင်းတွေကိုလှည့်ပြီး လူထုနိုင်ငံရေး လုပ်နေတယ် ဆိုတာကလည်း တစ်ဖက်က လွှတ်တော်ပြင်ပနိုင်ငံရေးနဲ့ ချိတ်ဆက်ပြီးတော့ ဆောင်ရွက်နေ တာဖြစ်တယ်။ ဒီတော့ ကျွန်တော်တို့အနေနဲ့က နိုင်ငံရေး ကို  ကျွန်တော်တို့ ဦးတည်ချက်တွေ၊ ဆန္ဒတွေ ကို လက်တွေ့အကောင် အထည် ပေါ်လာအောင် ရလာဒ်ထွက်လာအောင် ဘယ်လိုလုပ်မလဲ ဆိုတာကို အာရုံစိုက်ပြီးတော့ နည်းလမ်းတွေ ရှာကြဖို့ လိုမယ်လို့မြင်တယ်” ဟု ဦးကိုကိုကြီးက ပြောကြားသည်။

၂၀၁၃ ခုနှစ် သြဂုတ်လက ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သည့် ရှစ်လေးလုံးအရေးတော်ပုံ ၂၅ နှစ်ပြည့် အခမ်းအနား၏ ဆုံးဖြတ်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရန် စုံညီအစည်း အဝေးကို ရန်ကုန်မြို့၌ နှစ်ရက်ကြာ ကျင်းပခဲ့သည်။

Eleven Media Group

No comments:

Post a Comment