Monday, January 27, 2014

လှိုင်သာယာမြို့နယ်တွင် ၂၀၀၈ ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်ရေးဆွဲပေးရန် ဆန္ဒထုတ်ဖော်

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆွဲပေးရန် ဆန္ဒပြတောင်းဆိုနေသူများကို တွေ့ရစဉ် (ဓာတ်ပုံ-ဝေလင်းအောင်)
ဇန်န၀ါရီ ၂၆ ရက် နံနက် ၉ နာရီတွင် လှိုင်သာယာမြို့နယ်၌ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ တစ်ရာကျော်တို့မှ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆွဲပေးရန်အတွက် ဆန္ဒထုတ်ဖော် ပွဲကို ပြု လုပ်ခဲ့ကြသည်။

ယင်းဆန္ဒထုတ်ဖော်ပွဲကို  လှိုင်သာယာဘီအိုစီအ၀ိုင်းမှ ၆ ရပ်ကွက်ဘောလုံးကွင်းအထိ လူတစ်ရာကျော် တို့မှ “၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး”၊ “လူ့အခွင့်အရေး အပြည့်အ၀ ရရှိရေး”၊ “တရား မျှတမှုရှိရေး”၊ “အာဏာရှင်အဟောင်း အသစ်များ အလိုမရှိ” စသည့်စာတန်းများပါ ဗွီနိုင်းဆိုင်းဘုတ်များ ကိုင်ဆောင်၍ ကြွေးကြော်သံများဖြင့် တရားဝင်ခွင့်ပြုမိန့်ရယူကာ ဆန္ဒပြခဲ့ကြသည်။

ကျွန်တော်တို့က ပြည်သူတွေဖြစ်တဲ့ အတွက်ကြောင့်မို့လို တရားဥပဒေအကြောင်း သိပ်နားမလည်ပါဘူး။ ဒါပေမဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာပါတဲ့ အခြေခံဥပဒေအချို့က ဒီမိုကရေစီစံနှုန်းနဲ့ မညီဘူးဆိုတာ လူတိုင်းသိကြပါတယ်။ ကျွန်တော်တို့လိုချင်တာက စစ်မှန်တဲ့ ဒီမိုကရေစီ နည်းလမ်းကျ ဖွဲ့စည်းထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆွဲပေးဖို့ပဲ ဖြစ်ပါတယ်။ ဘယ်ပါတီကပဲဖြစ်ဖြစ် ဒီမိုကရေစီ နည်းလမ်း ကျတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲမယ်ဆိုရင် ထောက်ခံအားပေးသွားမှာပါ” ဟု ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်သူတစ်ဦးဖြစ်သည့် ကိုသန့်ဇင်မျိုးက ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ဇန်န၀ါရီ ၂၄ ရက်နှင့် ဇန်န၀ါရီ ၃ ရက်တို့ကလည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မအချို့ဖြစ်သည့် ပုဒ်မ-၅၉(စ)နှင့်(ဃ) ပြင်ဆင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးရှိ မင်္ဂလာတောင်ညွန့် မြို့နယ်နှင့် ကျောက်တံတားမြို့နယ်တို့၌ ဒီမိုကရေစီ အင်အားစုများနှင့် ပြည်သူများမှ ဆန္ဒထုတ်ဖော် မှုများ ပြုလုပ်ခဲ့သည်။

Eleven

No comments:

Post a Comment