Thursday, January 23, 2014

ကားပေါ်တွင် အိပ်နေသူထံမှ ပိုက်ဆံအိတ် လုယူထွက်ပြေး

အလုံမြို့နယ်တွင် ကားရပ်ပြီး ကားပေါ်တွင် ခေတ္တအိပ်နေသူ တစ်ဦးထံမှ ငွေထုပ်လုယက်မှု တစ်ခု ဇန်န၀ါရီ ၂၁ ရက်က ဖြစ်ပွားခဲ့ရာ ပြစ်မှုကျူးလွန်သူနှစ်ဦးကို အမှုဖွင့်တိုင်တန်းပြီး ၄၅ မိနစ်အချိန်အတွင်းတွင် ပြန် လည် ဖမ်းဆီးလိုက်နိုင်သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်း ထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ မွန်းလွဲ ၂ နာရီခွဲက ရွှေပြည်သာမြို့နယ်နေ ကိုကျော်သွင်လင်း (၃၂)နှစ်သည် စူပါ ကာ စတန် ရွှေအိုရောင်ကိုယ်ပိုင်ယာဉ်ဖြင့် အလုံမြို့နယ် စောရန်ပိုင်ရပ်ကွက် အောက် ကြည့်မြင် တိုင်လမ်းနှင့် မာဃလမ်းထိပ်စားသောက်ဆိုင်ရှေ့သို့ ရောက်ရှိပြီး လမ်းဘေးတွင် ကားရပ်၍ ခေါင်း ခန်းတွင် ခေတ္တမှေးနေ သည်ဟု ဆိုသည်။

အထိုအချိန် ကားရှေ့တည့်တည့်မှ လမ်းလျှောက်လာသည့် အမည်မသိ အမျိုးသား နှစ်ဦးက ကားဘေး တံခါးဖွင့်ကာ ၀ဲဘက်ထိုင်ခုံပေါ်တင်ထားသည့် ငွေကျပ် ၄၈,၀၀၀ ကျပ်နှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား ပါ ခေါက်ပိုက်ဆံအိတ်ထည့်ထားသည့် ဘေးလွယ်အိတ်ကို နှိုက်ယူထွက်ပြေးသွားခဲ့သည်ဟုရဲအား ပြောဆိုထားသည်။

ထို့ကြောင့် ၎င်းတို့ နှစ်ဦးကို အရေးယူပေးရန် အလုံရဲစခန်းသို့ ညနေ ၆ နာရီ ၅ မိနစ်အချိန်တွင် လာ ရောက်တိုင်တန်းခဲ့သဖြင့် မြို့နယ်ရဲတပ်ဖွဲ့က ချက်ချင်းလိုက်လံဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ၆ နာရီ မိနစ် ၅၀တွင် ပြစ်မှုကျူးလွန်ခဲ့သူဟု သံသယရှိ၊ ယူဆထားသည့် ရန်မိုး(၂၂)နှစ် ဒေါပုံ မြို့နယ်နေ သူနှင့် သန်းဇော်ထွန်း (၂၈)နှစ် သန်လျင်မြို့နယ်နေသူတို့နှစ်ဦးကို အလုံမြို့နယ် စကားစိမ်း လမ်း နှင့် ကမ်းနားလမ်းထောင့်တွင် ဖမ်းဆီးရမိခဲ့သည်။

ထို့ကြောင့် ယင်းတို့နှစ်ဦးကို ရဲစခန်းက (ပ)၁၆/၂၀၁၄ ဖြင့် အမှုဖွင့်ထားသည့်အတွက် ပြစ်မှုပုဒ်မ ၃၇၉ ဖြင့် အရေးယူနိုင်ရန် ဆက်လက်စစ်ဆေးနေသည်။

Mizzima - News in Burmese

No comments:

Post a Comment