Thursday, January 23, 2014

အမြန်ဆုံးအရေးယူသင့်သည့် အကြံသမား ဟန်ဝင်းအောင်

ရန်ကုန်မှာ မီးတွေပျက်တဲ့ကိစ္စနဲ့ ဖယောင်းတိုင်ထွန်း ဆန္ဒပြမှုမှ အစပြုကာ တစ်စတစ်စ လူသိများလာသူ တစ်ဦး ကတော့ ဟန်ဝင်းအောင်ပဲဖြစ်ပါတယ်။ ဟန်ဝင်းအောင်ဟာ ၁၉၉၄ ခုနှစ်က ကျောင်းသားသမဂ္ဂကို တရား မ၀င် ပြန်လည် ထူထောင်လိုမှုနဲ့ ထောင် ၇ နှစ် ကျခံခဲ့ရပြီး၊ ၂၀၀၃ ခုနှစ်မှာလည်း တရားမ၀င်စာရွက် စာတမ်း ဖြန့်ဝေမှုနဲ့ နောက်ထပ် အဖမ်းခံခဲ့ရ ပါတယ်။ ၂၀၁၀ ခုနှစ် ဒီဇင်ဘာမှာတော့ ပြန်လည် လွတ်မြောက် လာခဲ့ပါတယ်။
ဖယောင်းတိုင်ထွန်း ဆန္ဒပြမှုတုန်းက အိပ်ကပ်ထဲ ငွေငါးရာသာရှိပြီး လက်ပံတောင်းကို သူငယ်ချင်း တစ်ယောက် ပေးလိုက်တဲ့ လမ်းစရိတ် ၃ သောင်းနဲ့ ရောက်ရှိလာတဲ့ ဟန်ဝင်းအောင်ဟာ အခုအခါမှာတော့ ကိုယ်ပိုင် ဟမ်းဖုန်း၊ လက်ပ်တော့၊ Ipad စတဲ့တန်ဖိုးကြီး အီလက်ထရောနစ်ပစ္စည်းများနဲ့ လှုပ်ရှားလာနိုင် ခဲ့ခြင်း ဟာ အံ့သြ စရာပါပဲ။

ပြည်ပက မိုးသီးဇွန်အပါအ၀င် နိုင်ငံရေးလုပ်စားသူတွေရဲ့ တိတ်ဆိတ်ထောက် ပံ့ပေးမှုတွေနဲ့ မြောက် ပင့်မှု တွေကြောင့် နောက်ခံအင်အား တောင့်တောင့် တင်းတင်းနဲ့ လက်ပံတောင်းကိစ္စမှာ ရုပ်လုံးကြွလာတဲ့ ဟန်ဝင်းအောင် ဟာ အစိုးရနဲ့ လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တို့ကို ထင်ထင်ပေါ်ပေါ် ရှုံ့ချဆန့်ကျင်လာခဲ့ပါတယ်။ လက်ပံတောင်းကိစ္စမှာ ရွာသားများနှင့် လုံထိန်းရဲများကိုထိပ်တို က်ဖြစ်အောင်ပြု လုပ် ခဲ့ရုံမျှမက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စုံစမ်း စစ်ဆေး ရေး ကော် မရှင်ကိုပါ မထီမဲ့မြင် ပြုလုပ် လာတာတွေ့ရပါတယ်။

၂၀၁၃ ခုနှစ် မတ်လ ၁၃ ရက်နေ့ ည ၁၁ နာရီလောက်မှာ သပိတ်စခန်းတွေကို ရဲတွေ၊ ၀င်စီးနေ တယ် ဒေါ်အောင်ဆန်းစုကြည် စကားကို ရွာသားတွေ နားမထောင်လို့ လုံထိန်းတွေက ရိုက်တာပါဆိုပြီး မီဒီယာ တွေခေါ်လာ သတင်းမှတ်တမ်း တွေတင်ပြီး လူထုဆက်သွယ်မှုကွန်ယက်အသီးသီး ကို ဖြန့်ဝေပေး ခဲ့ပါတယ်။ ဒါတွေကိုကြည့်ခြင်းအားဖြင့် သူဟာ လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည် သူတွေအကြား အထင် အမြင် လွဲမှားအောင် ပြုလုပ်ခဲ့သူ ဖြစ်တယ်ဆိုတာ သိသာလွန်းခဲ့ပါတယ်။ တစ်ဖန် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ပတောင်းတောင် အစီရင်ခံစာရှင်းလင်းပွဲ တွေ ပြုလုပ် ခဲ့တဲ့ ဆည်တည်၊ ဇီးတော၊ ၀ှက်မှေးစတဲ့ လက်ပတောင်းတစ်ဝိုက်ရှိ ကျေးရွာတွေမှာ လူထုနဲ့ ဒေါ်အောင်ဆန်း စုကြည်ကို ရန်တိုက်ပေးတာ တွေကို ကြည့်မယ်ဆိုရင်လည်း ဟန်ဝင်းအောင်ဟာ အစိုးရ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်သူတွေကို သုံးပွင့်ဆိုင် ဖြစ်အောင် ပဋိပက္ခတွေလုပ်ပြီး ဖျာခင်း၊ ကိုယ်ကျိုးရှာတဲ့ သဘောပေါ်လွင်လှပါတယ်။

ဒါ့အပြင် သူဟာ ရိုးသားယုံလွယ်တဲ့ ရွာသူရွာသားတွေအပေါ်မှာ ကရုဏာရှင်၊ စေတနာရှင် ဟန်ဆောင်ပြီး ရွာသူ၊ ရွာသားတွေအတွက် ကယ်တင်ရှင် ယောင်ယောင်၊ ဖန်ဆင်းရှင်ယောင်ယောင် အခွင့်ထူးခံခဲ့ပါသေး တယ်။ ဟန်ဝင်းအောင်ဟာ သူတည်းခိုတဲ့နေအိမ်မှာ အိမ်ဦးနတ်ပမာ အခန့်သားစားသောက်ရုံမျှမက၊ အိမ်ရှင်အား အရက်ဝယ်ခိုင်းခြင်း၊ အမြည်းကြော် လှော်ခိုင်းခြင်း စသည့် အပြု အမူများနဲ့ ဆက်ဆံခဲ့ပါတယ်။
အဆိုးဆုံးကတော့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ရွာသားတွေကို ရန်တိုက်ပေးခြင်း ဖြစ်ပါ တယ်။
“လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အလိုမရှိ၊ စုံစမ်းစစ်ဆေးရေးကော်မရှင်အဖြေ အလိုမရှိ” ဆိုတဲ့ ဗီနိုင်းတွေ ထုတ်ပေးပြီး ၀မ်းနည်း ကြေကွဲနေရှာတဲ့ ရွာသားတွေကို မြောက်ပင့်ပေးခဲ့ပါသေးတယ်။ မတ်လ ၁၄ ရက် ၁၂ နာရီအချိန်မှာ အမေစုက ဆားလင်းကြီးမြို့နယ်မှာရှိတဲ့ ကျေးရွာတွေကို အစီရင်ခံစာနဲ့ ပက်သက်တဲ့ အကြောင်းအရာတွေကို ရှင်းပြဖို့ သွားခဲ့စဉ် ကလည်း ဟန်ဝင်းအောင်ရဲ့ မြှောက်ပင့်သွေး ထိုးမှု တွေကြောင့် ဒေသခံတွေက လူထုခေါင်းဆောင်ကိုတောင် လုံးဝလက်ခံ ခြင်းမရှိတဲ့အပြင် ဆည်တည်ရွာကို သွားရောက်ရာမှာ လည်း ရွာသားများက ဒေါ်အောင်ဆန်း စုကြည်ကို ရန်လိုတဲ့ အသွင်နဲ့ လေးဂွများ၊ လက်နက်များဖြင့် စောင့်ဆိုင်း နေခဲ့ပါတယ်။ မီဒီယာတွေကိုလည်း ဟန်ဝင်းအောင်ရဲ့ အမိန့်အရဆိုပြီး ၀င်ရောက် ခွင့်မပြုခဲ့ပါဘူး။ ရွာသား တွေကိုလည်း သူတည်းခိုနေတဲ့ အိမ်ပတ်ပတ်လည်မှာ ကင်းအစောင့်ချထားခဲ့ပါတယ်။ သူလိုစဉ်တုန်း ကတော့ မီဒီယာကိုခေါ်ယူအသုံးချပြီး မလိုတော့ ရွာသားတွေနဲ့ တစ်ဖက်လှည့် ရန်တိုက်ပေးခဲ့တာကြောင့် မီဒီယာတွေ ကိုယ်တိုင် နောက်ပိုင်းမှာ ဟန်ဝင်းအောင်နဲ့ ပတ်သတ်ပြီး ဖော်ပြပေးခြင်းတွေ ရပ်ဆိုင်းခဲ့ပါတယ်။

အဲ့ဒီတုန်းက ဒေါ်အောင်ဆန်းစုကြည်က ဟန်ဝင်းအောင်နဲ့တွေ့ပြီး အခြေအနေ ကို ညှိနှိုင်း ဖို့ ခေါ်ဆိုရာ မှာ တော့ ရင်ဆိုင် ရဲခြင်းမရှိဘဲ ပုန်းရှောင်နေခဲ့ပါတယ်။ ရွာသားတွေကို အယုံ သွင်း မြှောက် ပင့်ပေးရုံ ကလွဲလို့ အမှန်တရားကို ရင်မဆိုင် ရဲတဲ့ သူတစ်ယောက်၊ အမျိုးသမီးတစ်ယောက်ကိုတောင် ထိပ် တိုက် ရင်မဆိုင် ရဲတဲ့ ခပ်ညံ့ညံ့လူတစ်ယောက်သာ ဖြစ်ပါတယ်။အခုလည်း သူတို့ရဲ့ လုပ်ပိုင် ခွင့် လေးတွေ အပြည့်အ၀ရနိုင်ဖို့အတွက် ရိုးရိုးသားသားနဲ့ တောင်းဆိုနေတဲ့ မိုးထိမိုးမိ လုပ်သားတွေ ရဲ့ ကိစ္စမှာလည်း ၀င်ရောက်ခြေရှုပ်ဖို့ကြံစည် နေတယ်လို့ သတင်းရနေပါတယ်။ စီတန်း လှည့်လည်ခွင့်နဲ့ ပက်သက်ပြီး ပုဒ်မ ၁၈ ထုတ်ကာ အမျိုးမျိုးဖမ်းစီးနေတဲ့ ပြည်ထဲရေးက ရဲတွေဟာ ဟန်ဝင်းအောင် နဲ့ပတ်သက်ရင် ဘာကြောင့် နှာစေးနေ ပါသလဲ။ မဟုတ်မမှန်သတင်းလွှင့် ကာ ပြည် သူတွေကို အမျိုးမျိုး သွေးထိုး ပေးနေ တဲ့ သူကို ဖမ်းဆီးဖို့ ဥပဒေပုဒ်မ မရှိတော့လေ သလား။ ထိုကဲ့သို့ ပြည်သူလူထုကို ဒုက္ခပေးနေတဲ့အတွက် အမြန်ဆုံးဖမ်းဆီးအရေးယူ သင့်ကြောင်း ရေးသား လိုက် ရပါတယ်။

ကိုငြိမ်းဆွေ
Thar Nge FB မှ ကူးယူဖော်ပြသည်။ 
From : We Love True

No comments:

Post a Comment