Tuesday, January 14, 2014

အိမ်ကွင်းအပိတ်ခံထားရသည့် ပြစ်ဒဏ်အတွက် နေပြည်တော်အသင်း အယူခံဝင်ထား

ပြီးခဲ့သည့်နှစ် ဘောလုံးရာသီက ရန်ကုန်ယူနိုက်တက်နှင့် ကစားခဲ့သောပွဲစဉ်တွင် ပရိသတ် အချို့၏ သောင်း ကျန်းမှုကြောင့်၂၀၁၄ မြန်မာနေရှင်နယ်လိဂ် ပ-ကျော့ပွဲစဉ်များအတွက် အိမ်ကွင်း အပိတ်ခံရ သည့်ပြစ်ဒဏ် ချမှတ်ခံထားရသော နေပြည်တော်အသင်းအနေဖြင့် ယင်းပြစ်ဒဏ် အတွက် အယူခံဝင် ထားသည်။

နေပြည်တော်အသင်း၏အိမ်ကွင်း အပိတ်ခံထားရသောပြစ်ဒဏ်ကို စည်းကမ်းထိန်း သိမ်းရေးကော် မတီ က ချမှတ်ခဲ့ခြင်းဖြစ်ပြီး ယခုအယူခံအတွက် အယူခံကော်မတီမှ စစ်ဆေးဆုံးဖြတ် မည် ဖြစ်သည်။ 

“ကျွန်တော်တို့ အိမ်ကွင်းပြစ်ဒဏ်အတွက် အယူခံဝင်ထားပါတယ်။ အယူခံအောင်မယ် လို့လည်း ယုံကြည် မျှော်လင့်ပါတယ်။ လက်ရှိထုတ်ပြန်ထားတဲ့ ပွဲစဉ်ဇယားမှာလည်း ကျွန်တော်တို့ရဲ့ အိမ်ကွင်း ပွဲစဉ်တွေ မှာ ကွင်းအမည်မထည့်ထားပါဘူး” ဟု နေပြည်တော် အသင်း ဒု-ဥက္ကဋ္ဌ ဦးစိုးသီဟက မဇ္ဈိမသို့ ပြော သည်။

နေပြည်တော်အသင်းအနေဖြင့် ယခုနှစ် မြန်မာနေရှင်နယ်လိဂ်အိမ်ကွင်း ပ-ကျော့ ပွဲစဉ်များလက်ခံကျင်း ပခွင့် အပိတ်ခံထားရသော်လည်း AFC Cup ပြိုင်ပွဲကိုမူ အိမ်ကွင်းတွင် ကျင်းပမည် ဖြစ်သည်။ 

နေပြည်တော်အသင်းသည်၂၀၁၁ ဘောလုံးရာသီကတည်းက အိမ်ကွင်းအဖြစ် ပေါင်းလောင်းကွင်း ကို အသုံးပြုနေပြီး AFC မှ သတ်မှတ်ထားသော စံချိန်စံညွှန်းများ ပြည့်မီအောင် ကျပ်သိန်းပေါင်း တစ်သော င်း ကျော် အသုံးပြုကာ ပြင်ဆင်မှုများ ပြုလုပ်ထား သည်။

Mizzima - News in Burmese

No comments:

Post a Comment