Tuesday, January 14, 2014

နယ်စပ်ပြဿနာရှိနေသော်လည်း အိနိ္ဒယ-မြန်မာကုန်သွယ်မှု တိုးမြှင့်ရေး ဆောင်ရွက်နေ

အိနိ္ဒယ-မြန်မာနှစ်နိုင်ငံနယ်စပ်စည်း အငြင်းပွားမှုပြဿနာရှိနေသော်လည်း ကုန်သွယ်ရေး ကဏ္ဍကို တိုးမြှင့်ရန်အတွက် အရေးပါသောလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိနေသည်ဟု Hueiyen News ၏ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းအနောက်ဘက်ရှိ ကလေးမြို့နှင့် ယင်းနှင့်နယ်မြေချင်းထိစပ်နေသော အိနိ္ဒ ယနိုင်ငံ မဏိပူရ်ပြည်နယ်၊ မိုရေးမြို့နယ်စပ်တွင် နှစ်နိုင်ငံနယ်စပ်စည်းမျဉ်း အမှတ်အသားနှင့် စပ်လျဉ်း ကာ အငြင်းပွားမှုများဖြစ်ပွားလျက်ရှိသည်။ 

အိနိ္ဒယနိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် ကုန်သွယ်မှုတိုးမြှင့်ရေးအတွက် မွန်ဘိုင်းအခြေစိုက် အိနိ္ဒယ-မြန်မာ ကုန်သည်နှင့် စက်မှုအသင်း (IMCCI) နှင့် မန္တလေးအခြေစိုက် အိနိ္ဒယကောင်စစ်ဝန်ရုံးတို့ ပူးပေါင်းကာ မန္တလေးတွင် ဇန်န၀ါရီ ၁၇ ရက်မှ ၁၉ ရက်အထိ ကုန်စည်ပြပွဲကျင်းပမည်ဟုHueiyen Newsသတင်း တွင်ပါရှိပြီး ရန်ကုန်အခြေစိုက် အိနိ္ဒယသံရုံးကလည်း ရန်ကုန်မြို့တွင် ဇန်န၀ါရီ ၁၆ ရက်တွင် အိနိ္ဒယ ကုန်စည်ပြပွဲကျင်းပမည်ဟု သတင်းထုတ်ပြန်ထားသည်။

မန္တလေးတွင် ကျင်းပမည့်ကုန်စည်ပြပွဲအား အိနိ္ဒယလုပ်ငန်းရှင် ၁၀၀ ခန့် တက်ရောက် မည်ဖြစ်ကာ ကုန် ထုတ်လုပ်ငန်း၊ ၀န်ဆောင်မှု၊ ဆေးရုံနှင့် ပညာရေးဝန်ဆောင်မှုလုပ်ငန်းများ အစရှိသည့် လုပ်ငန်းနယ် ပယ်များမှဖြစ်သည်ဟုHueiyen News သတင်းတွင်ပါရှိသည်။ 

အိနိ္ဒယနိုင်ငံသည် မြန်မာ့အိမ်နီးချင်း နိုင်ငံကြီးဖြစ်သော်လည်း နယ်စပ်ဒေသများတွင် လမ်းပန်းဆက် သွယ်ရေး မဖွံ့ဖြိုးသေးခြင်းကြောင့် မြန်မာနှင့်ပြုလုပ်နေသည့် နယ်စပ်ကုန်သွယ်ရေးကဏ္ဍသည် အခြား သော အိမ် နီးချင်း များဖြစ်သည့် တရုတ်နှင့်ထိုင်းနိုင်ငံ တို့နှင့် ပြုလုပ်သော ပမာဏ အောက် များစွာလျော့ နည်းလျက်ရှိနေသည်ဟု စီးပွား/ကူးသန်း၏ စာရင်းများတွင် ဖော်ပြထားသည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံနှင့် နယ်စပ်ကုန်သွယ်မှုပြုလုပ်လျက်ရှိသည့် တရုတ်၊ ထိုင်း၊ အိနိ္ဒယနှင့် ဘင်္ဂလား ဒေ့ရှ် စသည့် လေးနိုင်ငံအနက်တွင် အိနိ္ဒယနိုင်ငံသည် တတိယမြောက် နယ်စပ်ကုန်သွယ်မှု အများဆုံး နိုင်ငံ အဖြစ်သာ ရပ်တည်နေလျက်ရှိသည်။

Mizzima - News in Burmese

No comments:

Post a Comment