Monday, January 13, 2014

တနင်္သာရီရှိ ကျွန်းလေးခုတွင် နိုင်ငံတကာ အဆင့်မီ အပန်းဖြေ စခန်းများ တည်ဆောက်မည်


တနင်္သာရီတိုင်း ဒေသကြီး မြိတ်ဒေသ၏ ဖွံ့ဖြိုးတိုးတက်မှုကို အခြေခံသည့် ရေလုပ်ငန်းနှင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းများ၊ တည် ဆောက်ရေး လုပ်ငန်းများ၊ စက်မှု လုပ်ငန်းများ၊ အဆင်ြ့မင့် အိမ်ရာဖွံ့ဖြိုးရေး လုပ်ငန်းများ တိုးတက်လာပြီး မောတောင်နယ်စပ် ကုန်သွယ်ရေး စခန်း ဖွင့်လှစ်ခြင်း နှင့် အတူ ကုန်သွယ်မှု လုပ်ငန်းများ၊ ကုန်စည် စီးဆင်းမှုများ လျင်မြန်လာ၍ ပြည်တွင်း၊ ပြည်ပ ခရီးသွား ဧည့် သည် များ ရောက်ရှိ လာတော့မည်ဖြစ်သည်။

မြိတ်ဒေသသို့ ကုန်သွယ်မှု လုပ်ငန်းများ၊ ခရီးသွား လုပ်ငန်းများဖြင့် အလည်အပတ် ရောက်ရှိလာတော့မည့် ဧည့်သည်များအား အပန်းဖြေစေရန် ရေမြေတောတောင် ကျွန်းများနှင့် ဂေဟစနစ် မပျက်စီးသေးသည့် သန္တာ ကျောက်တန်းများ၏ သဘာဝ အလှများကို ကြည့်ရှုခံစား နိုင်စေရန်အတွက် ကျွန်းအပန်း ဖြေ စခန်းများကို မြိတ် အများပိုင် ကော်ပိုရေးရှင်း လီမိတက်မှ တည်ဆောက်မည် ဖြစ်သည်။

အဆိုပါ ကျွန်း အပန်းဖြေစခန်းများ တည်ဆောက်မည့် ကျွန်းများ မှာ ကွမ်းသီးကျွန်း (ကဘူဇာကျွန်း)၊ အရှေ့ စူဠာကျွန်း၊ လငန်း ကျွန်းစုနှင့် တနင်္သာရီ ကျွန်းတို့ဖြစ် သည်။ ယင်းကျွန်းများကို ကျွန်းအပန်းဖြေ စခန်းများ တည်ဆောက်ရန် အတွက် မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိ သူများ၊ မြိတ် ခရိုင် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းနှင့် မြိတ်အများပိုင် ကော်ပိုရေးရှင်း လီမိ တက်မှ တာဝန်ရှိ သူများက ယမန်နေ့မှစ၍ ကျွန်းပတ်ဝန်း ကျင်နှင့် ကျွန်းပေါ်သို့ ကွင်းဆင်း လေ့ လာကြသည်။

ကျွန်းအပန်းဖြေစခန်း တည်ဆောက်ရာတွင် နိုင်ငံတကာ အဆင့်မီ ဟိုတယ် အဆောက်အအုံ၊ ဘန်ဂလိုများ၊ တည်းခို ဆောင်များ၊ အဆင့်မြင့် အရောင်းဆိုင်များ၊ ကစားကွင်း၊ ပန်းခြံ၊ ဂေါက်ကွင်း၊ ရေကူးကန်နှင့် အပျော်စီး ရေယာဉ်များ စသော တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်သွားမည် ဖြစ်ပြီး တည်ဆောက်ရေး စီမံကိန်း ကာလ လေးနှစ်ကို ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်မှ ၂ဝ၁၇- ၂ဝ၁၈ ဘဏ္ဍာနှစ်ဖြင့် အကောင် အထည် ဖော်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

ခိုင်ထူး
မြ၀တီ

No comments:

Post a Comment