Friday, January 17, 2014

Huawei စမတ်ဖုန်း၏ Brand Ambassadorအဖြစ် ၀တ်မှုံရွှေရည်ကို ခန့်အပ်

ရုပ်ရှင်သရုပ်ဆောင် ၀တ်မှုံရွှေရည်ကို Huawei စမတ်ဖုန်း၏ Brand Ambassador အဖြစ် ခန့်အပ်လိုက် သည်ဟု Huawei ကုမ္ပဏီက ဇန်န၀ါရီ ၁၆ ရက်တွင် သတင်းထုတ်ပြန်သည်။
Huawei ၏ ဈေးကွက်မန်နေဂျာ ဒေါ်ခင်ရတနာဝင်းက “Huawei ရဲ့ မြန်မာနိုင်ငံဆိုင်ရာ Brand Ambassador ကို နှစ်နှစ်စာချုပ်နဲ့ မင်းသမီးဝတ်မှုံရွှေရည်တစ်ဦးတည်းကို ခန့်အပ် ထားတာ ပါ”ဟု ပြော သည်။

Huawei ကုမ္ပဏီနှင့် ၀တ်မှုံရွှေရည်တို့၏ Brand Ambassador စာချုပ်ချုပ်ဆိုခြင်းကို ဇန်န၀ါရီ ၁၆ ရက် က ရန်ကုန်မြို့ ကုန်သည်ကြီးများဟိုတယ်တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

Huawei ကုမ္ပဏီသည် ၎င်းတို့၏စမတ်ဖုန်းများအတွက် တရားဝင်ဝန်ဆောင်မှုဆား ဗစ်စင်တာ (Authorized Service Center) ကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်က စတင်ဖွင့်လှစ်ထားခဲ့ပြီးံHuawei Mobile ဆိုင်ခွဲ များတွင်လည်း Mobile Service ၀န်ဆောင်မှုများကို လက်ခံဆောင် ရွက်ပေးမည်ဖြစ် သည်ဟုလည်း ၎င်းင်းက ဆိုသည်။

Ambassador အဖြစ် ခန့်အပ်ခံရသူ ၀တ်မှုံရွှေရည်ကလည်း “Huawei က မြန်မာနိုင်ငံမှာတင် မကဘူး၊ ကမ္ဘာမှာပါ အောင်မြင်နေတဲ့ Brand တစ်ခုဖြစ်ပါတယ်။ Huawei ရဲ့ Ambassador အဖြစ် လုပ် ကိုင်ပြီး နောက်ပိုင်းမှာ Huawei က ပြုလုပ်မယ့် Events တွေ၊ ပရဟိတ လုပ်ငန်းတွေမှာ ပါဝင်ကူညီ လုပ် ဆောင် သွားမှာပါ”ဟု ပြောသည်။

Huawei အနေဖြင့် ရန်ကုန်မြို့တွင် မိုဘိုင်းဖုန်းအရောင်းဆိုင်များကို ဖွင့်လှစ်ထားပြီး ဆိုင်ခွဲ များကို နေ ပြည်တော်နှင့် မိတ်္ထီလာမြို့များတွင် လာမည့်နှစ်အတွင်း ဖွင့်လှစ် သွားမည်ဖြစ်ပြီး ဖေဖော်ဝါရီလ အတွင်း ၌လည်း မန္တလေးတွင် မိုဘိုင်းဆိုင်ခွဲ ထပ်မံတိုးချဲ့ဖွင့်လှစ် သွား မည်ဖြစ်သည်ဟုလည်း ဒေါ်ခင် ရတနာ ၀င်း က ဆိုသည်။

Huawei ကုမ္ပဏီသည် ၂၀၁၃ ခုနှစ်အတွင်း စမတ်ဖုန်းရောင်းအား ၂၀ ရာခိုင်နှုန်းအထိ တိုးတက် လာပြီး အကြမ်းဖျင်း အမြတ်ငွေ ၄၀ ရာခိုင်နှုန်းအထိ တိုးတက်လာသည်ဟု နိုင်ငံတကာ သတင်းဌာနများ က ဖော် ပြ ထားသည်။

Mizzima - News in Burmese

No comments:

Post a Comment