Tuesday, February 18, 2014

စက်မှုဇုန်ထုတ် မော်တော်ယာဉ်များအား အချိန်ကာလ သတ်မှတ်၍ ယာဉ်အိုယာဉ်ဟောင်းအဖြစ် အပ်နှံနိုင်ရန် ဆောင်ရွက်နေ

အန္တရာယ်ကင်းရှင်းစွာ မောင်းနှင်နိုင်ခြင်း မရှိတော့သည့် စက်မှုဇုန်ထုတ်မော် တော်ယာဉ်များအား ထုတ် လုပ်သည်မှ အချိန်ကာလတစ်ခုအထိ သတ်မှတ်၍ ပိုင်ရှင် ဆန္ဒအရ ယာဉ်အိုယာဉ်ဟောင်း အပ်နှံမှုတွင် ထည့်သွင်းဆောင်ရွက် နိုင်ရန်အတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ရထားပို့ဆောင် ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးချန်မောင်က ဖေဖော်ဝါရီ ၁၇ ရက်က ကျင်းပသည့် အမျိုးသားလွှတ်တော်တွင် ပြောကြား သည်။


စက်မှုဇုန်ထုတ် မော်တော်ယာဉ်များအား ၂ဝဝ၁ ခုနှစ်မှ စတင်ထုတ်လုပ်ခဲ့ခြင်း ဖြစ်ကြောင်း၊ မှတ်ပုံတင် သက်တမ်းနှစ် ၂ဝ မကျော်သေးကြောင်း၊ ပြည်တွင်းစက်မှုဇုန် ထုတ်မော်တော်ယာဉ်အချို့သည် အရည် အသွေးကျဆင်းလျက်ရှိကြောင်း၊ ထို့အ တွက် အန္တရာယ်ကင်းရှင်းစွာ မောင်းနှင် သွားလာနိုင်ရန်အတွက် ပြုပြင်ခြင်း၊ ပြင်ဆင် ခြင်းများစွာ ပြုလုပ်နေရခြင်းများကို စိစစ်တွေ့ရှိရကြောင်း ဒုတိယဝန်ကြီး ဦးချန် မောင်က ပြောကြားခဲ့သည်။

“၂ဝဝ၁ ခုနှစ်ကစပြီး စက်မှုဇုန်ထုတ် မော်တော်ယာဉ်တွေကို စက်မှုလက်မှုဖွံ့ဖြိုး တိုးတက်ရေး ကော်မတီရဲ့ စံနှုန်းသတ်မှတ် ချက်တွေနဲ့ စက်မှုဇုန်အလိုက် ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ ၂ဝ၁၄ ခုနှစ် ဇန်နဝါရီအထိ စက်မှုဇုန်ထုတ်မော်တော်ယာဉ် ၉၆၆၄၈ စီး မှတ်ပုံတင်ထားပါတယ်။ လက်ရှိအချိန်အထိလည်း ထုတ်လုပ်ခွင့်ပြုထားဆဲ ဖြစ်ပါတယ်”ဟု ဒုတိယဝန်ကြီး ဦးချန်မောင်က ပြောကြားခဲ့သည်။

စက်မှုဇုန်ထုတ် မော်တော်ယာဉ်အမျိုး အစားအနေဖြင့် စတေရှင်ဝက်ဂွန်၊ ဂျစ်၊ အ ခြားယာဉ်များဖြစ်သည့် သူနာတင်ယာဉ်၊ မီးသတ်ယာဉ်၊ ခရီးသည်တင်ယာဉ်များဖြစ် သည့် ဘတ်စ်၊ မိုက်ခရိုဘတ်စ်၊ ကုန်တင်ယာဉ် များဖြစ်သည့် လိုက်ထရပ်၊ ထရပ်စသည့် အမျိုးအစားများ ထုတ်လုပ်ခဲ့ကြောင်း သိရ သည်။

 ဖေဖေါ်ဝါရီ ၁၇ ရက်က ကျင်းပသည့် အမျိုးသားလွှတ်တော်တွင် စက်မှုဇုန်ထုတ်ယာဉ်များ ပြန်လည်အပ်နှံနိုင်ရန်နှင့် ပတ်သက်၍ မေးမြန်းခဲ့မှုအပေါ် ဒုတိယဝန်ကြီး၏ ပြန်လည်ဖြေကြားချက်အပေါ် ဒေါက်တာ မြတ်ဥာဏစိုးက“အခုလို စီစဉ်နေတယ် လို့သိရတဲ့အတွက် ကောင်းပါတယ်။ ဒါပေ မဲ့ ထုတ်လုပ်တဲ့နှစ်အလိုက် သတ်မှတ်မှာ လား၊ ကား၏ အရည်အသွေးကိုကြည့်ပြီး ဆုံးဖြတ်မည်လား၊ ကားတွေက ငါးနှစ် သက်တမ်းလောက်ဆို ကားတွေက ချုံးချုံး ကျနေတာတွေ့ရပါတယ်။ မြန်မြန်ဆန်ဆန် လုပ်ပေးသင့်ပါတယ်။ ထုတ်လုပ်သည့် သက်တမ်းအလိုက်၊ ဒါမှမဟုတ်ရင် ဘယ် တော့လောက်မှာ စတင်နိုင်မလဲ”ဟု ထပ် ဆင့်မေးခွန်းမေးမြန်းခဲ့သည်။

ယင်းသို့မေးမြန်းမှုအပေါ် ဒုတိယဝန် ကြီးက “ဇုန်ထုတ်ကားတွေကို နှစ်အလိုက်။ ဒါမှမဟုတ်ရင် အရည် အသွေးအလိုက် ပြန်လည်စိစစ်ရမှာ ရှိပါတယ်။ အပ်နှံရာမှာ သက်တမ်းအလိုက်၊ အရည်အသွေးအလိုက် သတ်မှတ်ဖို့ လိုမလိုပေါ့။ အဲဒီအရည်အ သွေးကဖျက်သိမ်းခွင့်ပေးဖို့ ဘယ်လိုထိန်းချုပ်မလဲ။ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းရမှာဖြစ်ပါတယ်။ အပ်နှံခွင့် ပြုမလားဆိုတာ ညှိနှိုင်းဆွေးနွေးလျက်ရှိပါတယ်။ အပ်နှံတဲ့ယာဉ်ရဲ့ အမျိုးအစား(လူစီး၊ ကုန်တင်၊ အခြား)စသည်ဖြင့်ပေါ့။ ဖျက်သိမ်းတဲ့ယာဉ်နဲ့ အမျိုးအစား တူတာပဲ အရင်ကသွင်းခွင့်ပြုခဲ့တာပါ။ အခုလည်းအဲဒီလိုပဲ လုပ်မလား ညှိနှိုင်းရမှာ ရှိပါတယ်။ ပြန်သွင်း အခွန် အခနဲ့ ပတ်သက်ပြီးတော့လည်း လျှော့ပေါ့ပေးထားခဲ့တာတွေ ရှိပါတယ်။ အချို့ယာဉ်တွေဆို ရာခိုင်နှုန်း ၄ဝ၊ ရာခိုင်နှုန်း ၆ဝ၊ အချို့ဆိုရင် ရာခိုင်နှုန်း ၈ဝ အထိ လျှော့ပေးခဲ့တာ ရှိပါတယ်။ အခုဇုန် ထုတ်ယာဉ်တွေ ကိုလည်း ဘယ်လောက်ပမာဏအထိ ပေးရမယ်ဆိုတာ ပြန်လည်တွက်ဆညိ§နှိုင်း ရဦး မှာဖြစ်ပါ တယ်”ဟု ဦးချန်မောင်က ပြောကြားခဲ့သည်။

Eleven Media Group

No comments:

Post a Comment