Tuesday, February 18, 2014

ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာ မူဝါဒမရှိပါက နိုင်ငံတည်ဆောက်ရေး လုပ်ဆောင်ရာတွင် များစွာအခက်အခဲ ဖြစ်မည်ဟု မိုးလေ၀သနှင့် သဘာဝပတ်ဝန်းကျင် ပညာရှင်များ ပြောကြား

Photo: ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာ မူဝါဒမရှိပါက နိုင်ငံတည်ဆောက်ရေး လုပ်ဆောင်ရာတွင် များစွာအခက်အခဲ ဖြစ်မည်ဟု မိုးလေ၀သနှင့် သဘာဝပတ်ဝန်းကျင် ပညာရှင်များ ပြောကြား
Tuesday, February 18, 2014

မြန်မာနိုင်ငံ၌ ပျောက်ဆုံးနေသည့် အမွေအနှစ်များထဲတွင် ရာသီဥတုလည်း ပါဝင်ပြီး ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာ မူဝါဒမရှိပါက ရေရှည်၌ နိုင်ငံတည်ဆောက်ရေး လုပ်ဆောင်ရာတွင် များစွာအခက်အခဲ ဖြစ်မည်ဟု ဖေဖော်ဝါရီ ၁၅ ရက်နှင့် ၁၆ ရက်များက ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ယုဇနဟိုတယ်၌ ပြုလုပ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကော်မတီနှင့် ဂျာမနီအခြေစိုက်Konrad Adenauer Siugung (KAS) တို့ ပူးပေါင်းဆောင်ရွက်သည့် ရာသီဥတု ပြောင်းလဲခြင်း၏ နိုင်ငံရေး (The Politics of  Climate Change)အလုပ်ရုံဆွေးနွေးပွဲတွင် မိုးလေဝသပညာရှင် ဦးထွန်းလွင်နှင့် သဘာဝပတ်ဝန်းကျင် ပညာရှင် ဦးဝင်းမျိုးသူတို့က ဆိုသည်။

အဆိုပါအလုပ်ရုံ ဆွေးနွေးပွဲအား ဖေဖော်ဝါရီ ၁၄၊ ၁၅ နှင့် ၁၆ ရက် သုံးရက်ကြာ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိမြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် အခြေအနေများအား နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင် စသည့် ရှုထောင့်အမျိုးမျိုးမှ ကျွမ်း ကျင်ပညာရှင်များက ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ပျောက်ကွယ်ကုန်ဆုံးနေသည့် အမွေများစွာရှိကြောင်း၊ ယင်းတို့ မှာ သစ်တောပြုန်းတီးခြင်းများ၊ တွင်းထွက်နှင့် သဘာဝဓာတ်ငွေ့များ၊ ရတနာများ၊ မြေယာပိုင်ဆိုင်မှုများ အပါအဝင် မြန်မာဆိုသည့် အမျိုးသားရေး လက္ခဏာများ ပါဝင်နေသည်ဟု ဦးထွန်းလွင်က ပြောကြားသည်။

“မြန်မာပြည်မှာ ပျောက်ဆုံးနေတဲ့ အမွေတွေအကြောင်းကို အားလုံးလိုလိုက ပြောကြတာပေါ့။ ဒါပေမဲ့ မပြောတဲ့ အမွေကြီး တစ်ခုရှိတယ်ဗျ။ အဲဒါက ကျွန်တော်ရဲ့ ရာသီဥတုပဲ။ ရာသီဥတုကလည်း အမွေပဲ။ မြန်မာပြည်ရဲ့ ရာသီဥတုဆိုတာ မုတ်သုံ၊ မုတ်သုံက မြန်မာပြည်ရဲ့ အမွေပဲ။ ဘာဖြစ်လို့လဲဆိုရင် မုတ်သုံဆိုတာ ကမ္ဘာပေါ်မှာ နေရာတိုင်း မရှိပါဘူး။ အာရှတိုက်မှာပဲရှိတယ်။ ဘာ ဖြစ်လို့ အာရှတိုက်မှာပဲရှိပြီး အခြားတိုက်တွေမှာ မရှိတာလည်းဆိုရင် အဖြေကရှင်းပါတယ်။ အာရှတိုက်မှာရှိတဲ့ ပထဝီဝင် အနေအထားမျိုး ကမ္ဘာပေါ်မှာ အခြားဘယ်တိုက်မှ မရှိပါဘူး”ဟု ဦးထွန်းလွင်က ဆိုသည်။

သဘာဝပတ်ဝန်းကျင် ပျက်စီးမှု၊ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမှုနှင့် မြေယာ အသုံးချမှုများကြောင့် ကာဗွန်ဒိုင်အောက်ဆိုက် ထွက်ရှိမှု ပိုများလာပြီး ရာသီဥတု ပြောင်းလဲမှုများဖြစ်ကာ ကမ္ဘာ့နိုင်ငံ အသီးသီး၌  သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဘေးအန္တရာယ်များ ကြုံတွေ့နေရကြောင်း သိရသည်။

ဦးဝင်းမျိုးသူက “ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာနှင့် နိုင်ငံရေးဆိုတဲ့ ကြောင်းအရာက တော်တော်အရေးကြီးတဲ့ အကြောင်းအရာပါ။ မြန်မာပြည်မှာ လူတော်တော်များများ သိပ်သတိမပြုမိတဲ့ အကြောင်းအရာ ဖြစ်နေတယ်။ ဘာကြောင့်လဲဆိုရင် ကျွန်တော်တို့ နိုင်ငံတည်ဆောက်ရေးမှာ ဒီရှုထောင့်ကို မျက်ကွယ်ပြုရင် ကျွန်တော်တို့ ရှေ့သွားရမယ့် လမ်းကြောင်းကလည်း မှုန်ဝါးဝါး မှေးမှိန်မှိန်နဲ့ လမ်းဘေးကိုချော်မယ့် ပြဿနာရှိတယ်။ Climate Change လိုPolicy မရှိဘဲနဲ့ မြန်မာနိုင်ငံက ဆက်သွားနေမယ်ဆိုရင် ရေရှည်မှာ ဒုက္ခရောက်မယ်လို့မြင်တယ်”ဟု ပြောကြား သည်။

“Climate Change Policyကိုဆွဲမယ် ဆိုရင်တော့အဓိက Policyကြီး သုံးခုကို ဆွဲဖို့လိုတယ်။ အဓိက Economic Policyကို ဆွဲဖို့လိုတယ်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး မူဝါဒပေါ့။ ဒါက Climate Changeနဲ့ အဓိက ဆက်စပ်နေတယ်။ နောက်တစ်ခုက Energy Policyပေါ့။Energyနဲ့ Economicကလည်း ဆက်စပ်နေတယ်။ Energyမရှိဘဲနဲ့ Economyက မတက်နိုင်ဘူး။ နောက်တစ်ခုကEnvironment Policy ကိုဆွဲဖို့လိုတယ်။ ဒီသုံးခုဆွဲနိုင်မှသာလျှင် ခုနကပြောတဲ့ Climate Change Policyက ရုပ်လုံးကြွလာမှာ ဖြစ်တယ်။ ဒီအချက်တွေထဲကမှ တစ်ခုခု မပါဝင်ရင် ပြည့်စုံမှာ မဟုတ်တဲ့အတွက် ဒီသုံးခုက ဟန်ချက်ညီနေဖို့ လိုတယ်”ဟု ဦးဝင်းမျိုးသူက ပြောကြားသည်။

သဘာဝပတ်ဝန်းကျင် ပျက်စီးမှုကြောင့် ဖြစ်လာသည့် ရာသီဥတု ပြောင်းလဲခြင်းကို ထိန်းချုပ်နိုင်ခြင်းမရှိဘဲ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများကို ဖြစ်စေမည့် အပြုအမူများ ဆက်လက် လုပ်ဆောင်နေပါက ကမ္ဘာ့ဒီရေ ပမာဏသည် လာမည့် ၂၁ဝဝ ပြည့်နှစ် အတွင်း ၅ ပေမှ ၁၅ ပေအထိ မြင့်တက်လာနိုင်သည်ဟု သိပ္ပံပညာရှင်များက သုံးသပ်ထားသည်ဟု ဦးဝင်းမျိုးသူက ပြောကြားသည်။

Eleven Media Group

သဘာဝပတ်ဝန်းကျင် ပညာရှင် ဦးဝင်းမျိုးသူက ရာသီဥတုပြောင်း လဲခြင်းဆိုင်ရာ မူဝါဒနှင့်စပ်လျဉ်း၍ ရှင်းလင်းစဉ်
သဘာဝပတ်ဝန်းကျင် ပညာရှင် ဦးဝင်းမျိုးသူက ရာသီဥတုပြောင်း လဲခြင်းဆိုင်ရာ မူဝါဒနှင့်စပ်လျဉ်း၍ ရှင်းလင်းစဉ်

မြန်မာနိုင်ငံ၌ ပျောက်ဆုံးနေသည့် အမွေအနှစ်များထဲတွင် ရာသီဥတုလည်း ပါဝင်ပြီး ရာသီဥတု ပြောင်း လဲခြင်းဆိုင်ရာ မူဝါဒမရှိပါက ရေရှည်၌ နိုင်ငံတည်ဆောက်ရေး လုပ်ဆောင်ရာတွင် များစွာအခက်အခဲ ဖြစ်မည် ဟု ဖေဖော်ဝါရီ ၁၅ ရက်နှင့် ၁၆ ရက်များက ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ယုဇနဟိုတယ်၌ ပြု လုပ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကော်မတီနှင့် ဂျာမနီအခြေစိုက် Konrad Adenauer Siugung (KAS) တို့ ပူးပေါင်းဆောင်ရွက်သည့် ရာသီဥတု ပြောင်းလဲခြင်း၏ နိုင်ငံရေး (The Politics of  Climate Change)အလုပ်ရုံဆွေးနွေးပွဲတွင် မိုးလေဝသပညာရှင် ဦးထွန်းလွင်နှင့် သဘာဝ ပတ်ဝန်းကျင် ပညာရှင် ဦးဝင်းမျိုးသူတို့က ဆိုသည်။


အဆိုပါအလုပ်ရုံ ဆွေးနွေးပွဲအား ဖေဖော်ဝါရီ ၁၄၊ ၁၅ နှင့် ၁၆ ရက် သုံးရက်ကြာ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိမြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် အခြေအနေများအား နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် သဘာဝ ပတ်ဝန်းကျင် စသည့် ရှုထောင့်အမျိုးမျိုးမှ ကျွမ်း ကျင်ပညာရှင်များက ဆွေးနွေးခဲ့ကြကြောင်း သိရ သည်။

မြန်မာနိုင်ငံတွင် ပျောက်ကွယ်ကုန်ဆုံးနေသည့် အမွေများစွာရှိကြောင်း၊ ယင်းတို့ မှာ သစ်တောပြုန်းတီးခြင်း များ၊ တွင်းထွက်နှင့် သဘာဝဓာတ်ငွေ့များ၊ ရတနာများ၊ မြေယာပိုင်ဆိုင်မှုများ အပါအဝင် မြန်မာဆိုသည့် အမျိုးသားရေး လက္ခဏာများ ပါဝင်နေသည်ဟု ဦးထွန်းလွင်က ပြောကြားသည်။

“မြန်မာပြည်မှာ ပျောက်ဆုံးနေတဲ့ အမွေတွေအကြောင်းကို အားလုံးလိုလိုက ပြောကြတာပေါ့။ ဒါပေမဲ့ မပြောတဲ့ အမွေကြီး တစ်ခုရှိတယ်ဗျ။ အဲဒါက ကျွန်တော်ရဲ့ ရာသီဥတုပဲ။ ရာသီဥတုကလည်း အမွေပဲ။ မြန်မာပြည်ရဲ့ ရာသီဥတုဆိုတာ မုတ်သုံ၊ မုတ်သုံက မြန်မာပြည်ရဲ့ အမွေပဲ။ ဘာဖြစ်လို့လဲဆိုရင် မုတ်သုံ ဆိုတာ ကမ္ဘာပေါ်မှာ နေရာတိုင်း မရှိပါဘူး။ အာရှတိုက်မှာပဲရှိတယ်။ ဘာ ဖြစ်လို့ အာရှတိုက်မှာပဲရှိပြီး အခြား တိုက်တွေမှာ မရှိတာလည်းဆိုရင် အဖြေကရှင်းပါတယ်။ အာရှတိုက်မှာရှိတဲ့ ပထဝီဝင် အနေအထား မျိုး ကမ္ဘာပေါ်မှာ အခြားဘယ်တိုက်မှ မရှိပါဘူး”ဟု ဦးထွန်းလွင်က ဆိုသည်။

သဘာဝပတ်ဝန်းကျင် ပျက်စီးမှု၊ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမှုနှင့် မြေယာ အသုံးချမှုများကြောင့် ကာဗွန်ဒိုင်အောက်ဆိုက် ထွက်ရှိမှု ပိုများလာပြီး ရာသီဥတု ပြောင်းလဲမှုများဖြစ်ကာ ကမ္ဘာ့နိုင်ငံ အသီးသီး၌  သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဘေးအန္တရာယ်များ ကြုံတွေ့နေရကြောင်း သိရသည်။

ဦးဝင်းမျိုးသူက “ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာနှင့် နိုင်ငံရေးဆိုတဲ့ ကြောင်းအရာက တော်တော် အရေးကြီးတဲ့ အကြောင်းအရာပါ။ မြန်မာပြည်မှာ လူတော်တော်များများ သိပ်သတိမပြုမိတဲ့ အကြောင်း အရာ ဖြစ်နေတယ်။ ဘာကြောင့်လဲဆိုရင် ကျွန်တော်တို့ နိုင်ငံတည်ဆောက်ရေးမှာ ဒီရှုထောင့်ကို မျက် ကွယ်ပြု ရင် ကျွန်တော်တို့ ရှေ့သွားရမယ့် လမ်းကြောင်းကလည်း မှုန်ဝါးဝါး မှေးမှိန်မှိန်နဲ့ လမ်းဘေးကိုချော် မယ့် ပြဿနာရှိတယ်။ Climate Change လိုPolicy မရှိဘဲနဲ့ မြန်မာနိုင်ငံက ဆက်သွားနေမယ်ဆိုရင် ရေရှည်မှာ ဒုက္ခရောက်မယ်လို့မြင်တယ်”ဟု ပြောကြား သည်။

“Climate Change Policyကိုဆွဲမယ် ဆိုရင်တော့အဓိက Policyကြီး သုံးခုကို ဆွဲဖို့လိုတယ်။ အဓိက Economic Policyကို ဆွဲဖို့လိုတယ်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး မူဝါဒပေါ့။ ဒါက Climate Changeနဲ့ အဓိက ဆက်စပ်နေတယ်။ နောက်တစ်ခုက Energy Policyပေါ့။Energyနဲ့ Economicကလည်း ဆက်စပ်နေ တယ်။ Energyမရှိဘဲနဲ့ Economyက မတက်နိုင်ဘူး။ နောက်တစ်ခုကEnvironment Policy ကိုဆွဲဖို့ လိုတယ်။ ဒီသုံးခုဆွဲနိုင်မှသာလျှင် ခုနကပြောတဲ့ Climate Change Policyက ရုပ်လုံးကြွလာမှာ ဖြစ်တယ်။ ဒီအချက်တွေထဲကမှ တစ်ခုခု မပါဝင်ရင် ပြည့်စုံမှာ မဟုတ်တဲ့အတွက် ဒီသုံးခုက ဟန်ချက်ညီနေ ဖို့ လိုတယ်”ဟု ဦးဝင်းမျိုးသူက ပြောကြားသည်။

သဘာဝပတ်ဝန်းကျင် ပျက်စီးမှုကြောင့် ဖြစ်လာသည့် ရာသီဥတု ပြောင်းလဲခြင်းကို ထိန်းချုပ်နိုင်ခြင်းမရှိဘဲ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများကို ဖြစ်စေမည့် အပြုအမူများ ဆက်လက် လုပ်ဆောင်နေပါက ကမ္ဘာ့ဒီရေ ပမာဏသည် လာမည့် ၂၁ဝဝ ပြည့်နှစ် အတွင်း ၅ ပေမှ ၁၅ ပေအထိ မြင့်တက်လာနိုင်သည်ဟု သိပ္ပံပညာရှင်များက သုံးသပ်ထားသည်ဟု ဦးဝင်းမျိုးသူက ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment