Tuesday, February 18, 2014

ပါးရိုက်ခဲ့မှုအတွက် ဒဏ်ကြေးငွေသာ ချမှတ်ခံရနိုင်သည့် ဇွဲကပင် အသင်းပိုင်ရှင် ဦးလှဌေး

Photo: ပါးရိုက်ခဲ့မှုအတွက် ဒဏ်ကြေးငွေသာ ချမှတ်ခံရနိုင်သည့် ဇွဲကပင် အသင်းပိုင်ရှင် ဦးလှဌေး
Tuesday, February 18, 2014

မြန်မာနေရှင်နယ်လိဂ် အမှတ်ပေး ဘောလုံးပြိုင်ပွဲ အပတ်စဉ်(၃)မှ အောင်ဆန်းကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သည့် ဇွဲကပင် အသင်းနှင့် ရတနာပုံ အသင်းတို့ ပွဲစဉ်အပြီးတွင် ကွင်းလယ် ဒိုင်လူကြီး၏ ဆုံးဖြတ်ချက်များကို မကျေနပ်သည့်အတွက် ကွင်းအတွင်းသို့ ၀င်ရောက်ကာ လက်ဆွဲနှုတ်ဆက်ရန်ပြုပြီး ပါးရိုက်ခဲ့သည့် ဇွဲကပင် အသင်းပိုင်ရှင်ကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီမှ ဒဏ်ကြေးငွေ ပြစ်ဒဏ်သာ ချမှတ်ဖွယ် ရှိနေကြောင်း သိရှိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၅ရက်နေ့က အောင်ဆန်းကွင်း၌ ယှဉ်ပြိုင် ကစားခဲ့သည့် ပွဲစဉ်တွင် ဇွဲကပင် ယူနိုက်တက် အသင်းမှာ အမှတ်ပေးဇယားအထက်တွင် ရပ်တည်နေသည့် ရတနာပုံ အသင်းကို ပွဲချိန် ၁၁မိနစ်တွင် သွင်းယူခဲ့သည့် ဂျပန်ကွင်းလယ်လူ ကန်တာရို၏ သွင်းဂိုးဖြင့် သီးဆောင်ထားနိုင်ခဲ့သည်။ သို့ရာတွင် ဒုတိယပိုင်း ပွဲချိန် ၄၈မိနစ်နှင့် ပွဲချိန် ၇၂မိနစ်များတွင် ရတနာပုံအသင်းမှ တိုက်စစ်မှူး ဖွန်ဆီကာ သွင်းယူပေးခဲ့သည့် ပင်နယ်တီ ပြစ်ဒဏ်ဘောများမှတဆင့် အရေးနိမ့်ခဲ့ ရသဖြင့် ဇွဲကပင် အသင်းပိုင်ရှင် ဦးလှဌေးမှ ကွင်းလယ်ဒိုင် ဦးလှမင်းကို ပွဲအပြီးတွင် ကွင်းအတွင်း ၀င်ရောက်ကာ ပါးရိုက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဖြစ်ရပ်အတွက် ပြိုင်ပွဲကြီးကြပ်နှင့် ဒိုင်ကြီးကြပ်တို့၏ ပွဲအပြီး အစီရင်ခံစာကို စောင်ကြည်ပြီး မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီမှ စစ်ဆေး အရေးယူသွားမည်ဖြစ်သည်။ ပွဲအချိန်အတွင်း ပေးအပ်ခဲ့သည် ပင်နယ်တီ ပြစ်ဒဏ်များနှင့် ပတ်သက်၍ ဇွဲကပင် အသင်းပိုင်ရှင်မှ ကွင်းလယ်ဒိုင် အနေဖြင့် ငွေကြေးတစ်စုံတရာ ရယူထားပြီး ပြိုင်ဘက်အသင်း အနိုင်ရရှိရန် ရည်ရွယ်ချက်ရှိရှိ ပြုမူခဲ့ကြောင်း သတင်းမီဒီယာ တစ်ခုနှင့် တွေဆုံမေးမြန်းမှုတွင် ဖြေကြားသွားခဲ့သည်။ ပြိုင်ပွဲကြီးကြပ်နှင့် ရတနာပုံ အသင်း မန်နေဂျာတို့က ယင်းပွဲစဉ်တွင် ပေးအပ်ခဲ့သည့် ပင်နယ်တီများမှာ အမှန်တကယ်ပေးသင့်သည့် ပြစ်ဒဏ်များဖြစ်ကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီမှ အဖွဲ့ဝင် ဦးခင်မောင်ထွေးက " အဓိက ကတော့ သူတို့ ဆရာနဲ့ တပည့်ရင်း ဖြစ်တာပဲ။ ဆရာက တပည့်ကို တောင်းပန်ပေါ့ ကျန်တဲ့ အပိုင်းက တို့ကစဉ်းစားပေးရမှာပါ။ နောင်အလားတူ ဖြစ်ရပ်မျိုး ထပ်မဖြစ်အောင် ပြစ်ဒဏ်တော့ ချမှတ်သွားမှာပါ။ ဒါကလူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို ထိပါးစေတာပေါ့ သူကတောင်းပန်ရင် တစ်မျိုးပေါ့ မတောင်းပန်ရင်တော့လဲ တစ်မျိုးပေါ့။ ထက်ထက်မိုးဦးလိုလဲ တရားဆွဲလို့ ရတာမျိုးမှ မဟုတ်တာ" ဟု ပြောကြားသွားခဲ့သည်။

Soccer Myanmar
မြန်မာနေရှင်နယ်လိဂ် အမှတ်ပေး ဘောလုံးပြိုင်ပွဲ အပတ်စဉ်(၃)မှ အောင်ဆန်းကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သည့် ဇွဲကပင် အသင်းနှင့် ရတနာပုံ အသင်းတို့ ပွဲစဉ်အပြီးတွင် ကွင်းလယ် ဒိုင်လူကြီး၏ ဆုံးဖြတ်ချက်များကို မကျေနပ်သည့်အတွက် ကွင်းအတွင်းသို့ ၀င်ရောက်ကာ လက်ဆွဲနှုတ်ဆက်ရန်ပြုပြီး ပါးရိုက်ခဲ့သည့် ဇွဲကပင် အသင်းပိုင်ရှင်ကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်း သိမ်းရေး ကော်မတီမှ ဒဏ်ကြေးငွေ ပြစ်ဒဏ်သာ ချမှတ်ဖွယ် ရှိနေကြောင်း သိရှိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၅ရက်နေ့က အောင်ဆန်းကွင်း၌ ယှဉ်ပြိုင် ကစားခဲ့သည့် ပွဲစဉ်တွင် ဇွဲကပင် ယူနိုက်တက် အသင်းမှာ အမှတ်ပေးဇယားအထက်တွင် ရပ်တည်နေသည့် ရတနာပုံ အသင်းကို ပွဲချိန် ၁၁မိနစ်တွင် သွင်းယူခဲ့သည့် ဂျပန်ကွင်းလယ်လူ ကန်တာရို၏ သွင်းဂိုးဖြင့် သီးဆောင်ထားနိုင်ခဲ့သည်။ သို့ရာတွင် ဒုတိယပိုင်း ပွဲချိန် ၄၈မိနစ်နှင့် ပွဲချိန် ၇၂မိနစ်များတွင် ရတနာပုံအသင်းမှ တိုက်စစ်မှူး ဖွန်ဆီကာ သွင်းယူပေးခဲ့သည့် ပင်နယ်တီ ပြစ်ဒဏ်ဘောများမှတဆင့် အရေးနိမ့်ခဲ့ ရသဖြင့် ဇွဲကပင် အသင်းပိုင်ရှင် ဦးလှဌေးမှ ကွင်းလယ်ဒိုင် ဦးလှမင်းကို ပွဲအပြီးတွင် ကွင်းအတွင်း ၀င်ရောက်ကာ ပါးရိုက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဖြစ်ရပ်အတွက် ပြိုင်ပွဲကြီးကြပ်နှင့် ဒိုင်ကြီးကြပ်တို့၏ ပွဲအပြီး အစီရင်ခံစာကို စောင်ကြည်ပြီး မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီမှ စစ်ဆေး အရေးယူသွားမည်ဖြစ်သည်။ ပွဲအချိန်အတွင်း ပေးအပ်ခဲ့သည် ပင်နယ်တီ ပြစ်ဒဏ်များနှင့် ပတ်သက်၍ ဇွဲကပင် အသင်းပိုင်ရှင်မှ ကွင်းလယ်ဒိုင် အနေဖြင့် ငွေကြေးတစ်စုံတရာ ရယူထားပြီး ပြိုင်ဘက်အသင်း အနိုင်ရရှိရန် ရည်ရွယ်ချက်ရှိရှိ ပြုမူခဲ့ကြောင်း သတင်းမီဒီယာ တစ်ခုနှင့် တွေဆုံမေးမြန်းမှုတွင် ဖြေကြားသွားခဲ့သည်။ ပြိုင်ပွဲကြီးကြပ်နှင့် ရတနာပုံ အသင်း မန်နေဂျာတို့က ယင်းပွဲစဉ်တွင် ပေးအပ်ခဲ့သည့် ပင်နယ်တီများမှာ အမှန်တကယ်ပေးသင့်သည့် ပြစ်ဒဏ်များဖြစ်ကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီမှ အဖွဲ့ဝင် ဦးခင်မောင်ထွေးက " အဓိက ကတော့ သူတို့ ဆရာနဲ့ တပည့်ရင်း ဖြစ်တာပဲ။ ဆရာက တပည့်ကို တောင်းပန်ပေါ့ ကျန်တဲ့ အပိုင်းက တို့ကစဉ်းစားပေးရမှာပါ။ နောင်အလားတူ ဖြစ်ရပ်မျိုး ထပ်မဖြစ်အောင် ပြစ်ဒဏ်တော့ ချမှတ်သွားမှာပါ။ ဒါကလူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို ထိပါးစေတာပေါ့ သူကတောင်းပန်ရင် တစ်မျိုးပေါ့ မတောင်းပန်ရင်တော့လဲ တစ်မျိုးပေါ့။ ထက်ထက်မိုးဦးလိုလဲ တရားဆွဲလို့ ရတာမျိုးမှ မဟုတ်တာ" ဟု ပြောကြားသွားခဲ့သည်။

Soccer Myanmar

No comments:

Post a Comment