Friday, February 21, 2014

အန္တရာယ်ရှိ ကျောင်းဆောင်ပေါင်း ၈၀ ကျော် အသစ်ပြန်ဆောက်ရန် လွှတ်တော်တင်

Photo: အန္တရာယ်ရှိ ကျောင်းဆောင်ပေါင်း ၈၀ ကျော် အသစ်ပြန်ဆောက်ရန် လွှတ်တော်တင်
Friday, February 21, 2014

အမှတ်(၂) အခြေခံပညာ ဦးစီးဌာန အထက်မြန်မာပြည် လက်အောက်ရှိ အန္တရာယ်ရှိ ကျောင်းဆောင်ပေါင်း ၈၃ ကျောင်းကို အသစ် ပြန်လည် ဆောက်လုပ်ရန် အတွက် ပြည်သူ့လွှတ်တော် ပညာရေး မြှင့်တင်မှု ကော်မတီက အဆိုတင်သွင်းကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။

ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အစိုးရက တင်သွင်းထားသော ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် အမျိုးသား စီမံကိန်း ဥပဒေကြမ်း၌ ယင်းကျောင်းဆောင်များ ပြန်လည် ဆောက်လုပ်ရန် မပါရှိသဖြင့် ပညာရေး ဝန်ကြီးဌာနမှ အန္တရာယ်ရှိ ကျောင်းဆောင်များ ပြန်လည် ဆောက်လုပ်ရန် အဆိုတင်သွင်းရခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်း အန္တရာယ်ရှိ ကျောင်းဆောင်ပေါင်း ၂၂၀ ကို ဖျက်သိမ်းပြီး အသစ် ဆောက်လုပ်ရန် လျာထားသော်လည်း လွှတ်တော် ကိုယ်စားလှယ်များက တင်ပြလာသော စာသင်ကြားရန် မသင့်သည့် ကျောင်းပေါင်း ၈၃ ကျောင်းကို ထပ်တိုး ဆောက်လုပ်ရန် ပညာရေး ဝန်ကြီးဌာနနှင့် ညှိနှိုင်းပြီး ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ပညာရေး မြှင့်တင်မှု ကော်မတီ အတွင်းရေးမှူး ဒေါက်တာမြဦးက ပြောကြားသည်။
“ကော်မတီ အနေနဲ့ မဖြစ်မနေ အသစ်ဆောက်ရန် လိုအပ်နေတဲ့ ကျောင်းတွေကို ဦးစားပေး စိစစ်ထားပါတယ်” ဟု ၎င်းက ဆိုသည်။

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်း အန္တရာယ်ရှိ ကျောင်းဆောင်များကို ဖျက်သိမ်းပြီး အသစ် ပြန်လည် ဆောက်လုပ်ရန်အတွက် ကျပ်သန်းပေါင်း ၁၃၃၃၆ ဒသမ ၃ သန်းကို လျာထားကြောင်း ပညာရေး ဝန်ကြီးဌာနထံမှ သိရသည်။

ယင်းသို့ အန္တရာယ်ရှိ ကျောင်းများကို အချိန်မီ ပြင်ဆင်နိုင်ရန် အတွက် အခြေခံပညာ ဦးစီးဌာနသို့ တင်ပြမှုများသည် ကြန့်ကြာမှုများ ရှိသောကြောင့် ကျောင်းသား၊ ကျောင်းသူများအတွက် စိုးရိမ်ဖွယ် အခြေအနေများ ကြုံတွေ့နေရကြောင်း အသက် ၅၀ ကျော် မူလတန်းပြ ဆရာမ တစ်ဦးက ဆိုသည်။
“မြို့ပေါ်က ကျောင်းတွေကတော့ ကြီးကြီးမားမား မဟုတ်ရင် အလှူရှင်တွေနဲ့ ဆောက်လို့ ရပေမယ့် တချို့ရွာတွေမှာ ကိုယ့်ဝမ်း ကိုယ်ကျောင်းရတာ ဆိုတော့ ဖြစ်သလိုပဲ စာသင်ကြရတာ” ဟု ၎င်းက ဆိုသည်။

ယင်းသို့ လွှတ်တော် ကိုယ်စားလှယ်များက ဒေသဆိုင်ရာ ကျောင်းများ လိုအပ်ချက်ကို ဘဏ္ဍာနှစ် မကုန်မီ တင်ပြပေးရန်နှင့် ဘဏ္ဍာငွေ ခွင့်ပြုမှုအလိုက် ဦးစားပေး ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ ဇော်မင်းအောင်က ဇန်နဝါရီလ နောက်ဆုံးပတ် အတွင်း ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြောကြားထားသည်။

သို့သော်လည်း နိုင်ငံတော် လူ့စွမ်းအား အရင်းအမြစ်များ အတွက် အရေးပါသော ပညာရေး ဝန်ကြီးဌာနမှ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်း ဘဏ္ဍာငွေ တောင်းခံမှုမှာ နည်းပါးနေသဖြင့် အခြား ဝန်ကြီးဌာနများ အနေနှင့် မျှဝေ သုံးစွဲပေးရန်အတွက် ပြည်သူ့ ငွေစာရင်း ကော်မတီက ထောက်ပြထားသည်။

The Voice Weekly
အမှတ်(၂) အခြေခံပညာ ဦးစီးဌာန အထက်မြန်မာပြည် လက်အောက်ရှိ အန္တရာယ်ရှိ ကျောင်းဆောင်ပေါင်း ၈၃ ကျောင်းကို အသစ် ပြန်လည် ဆောက်လုပ်ရန် အတွက် ပြည်သူ့လွှတ်တော် ပညာရေး မြှင့်တင်မှု ကော်မတီက အဆိုတင်သွင်းကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။


ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အစိုးရက တင်သွင်းထားသော ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် အမျိုးသား စီမံကိန်း ဥပဒေကြမ်း၌ ယင်းကျောင်းဆောင်များ ပြန်လည် ဆောက်လုပ်ရန် မပါရှိသဖြင့် ပညာရေး ဝန်ကြီးဌာနမှ အန္တရာယ်ရှိ ကျောင်းဆောင်များ ပြန်လည် ဆောက်လုပ်ရန် အဆိုတင်သွင်းရခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်း အန္တရာယ်ရှိ ကျောင်းဆောင်ပေါင်း ၂၂၀ ကို ဖျက်သိမ်းပြီး အသစ် ဆောက်လုပ်ရန် လျာထားသော်လည်း လွှတ်တော် ကိုယ်စားလှယ်များက တင်ပြလာသော စာသင်ကြားရန် မသင့်သည့် ကျောင်းပေါင်း ၈၃ ကျောင်းကို ထပ်တိုး ဆောက်လုပ်ရန် ပညာရေး ဝန်ကြီးဌာနနှင့် ညှိနှိုင်းပြီး ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ပညာရေး မြှင့်တင်မှု ကော်မတီ အတွင်းရေးမှူး ဒေါက်တာမြဦးက ပြောကြားသည်။
“ကော်မတီ အနေနဲ့ မဖြစ်မနေ အသစ်ဆောက်ရန် လိုအပ်နေတဲ့ ကျောင်းတွေကို ဦးစားပေး စိစစ်ထား ပါတယ်” ဟု ၎င်းက ဆိုသည်။

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်း အန္တရာယ်ရှိ ကျောင်းဆောင်များကို ဖျက်သိမ်းပြီး အသစ် ပြန်လည် ဆောက်လုပ်ရန်အတွက် ကျပ်သန်းပေါင်း ၁၃၃၃၆ ဒသမ ၃ သန်းကို လျာထားကြောင်း ပညာရေး ဝန်ကြီးဌာနထံမှ သိရသည်။

ယင်းသို့ အန္တရာယ်ရှိ ကျောင်းများကို အချိန်မီ ပြင်ဆင်နိုင်ရန် အတွက် အခြေခံပညာ ဦးစီးဌာနသို့ တင်ပြမှုများသည် ကြန့်ကြာမှုများ ရှိသောကြောင့် ကျောင်းသား၊ ကျောင်းသူများအတွက် စိုးရိမ်ဖွယ် အခြေအနေများ ကြုံတွေ့နေရကြောင်း အသက် ၅၀ ကျော် မူလတန်းပြ ဆရာမ တစ်ဦးက ဆိုသည်။
“မြို့ပေါ်က ကျောင်းတွေကတော့ ကြီးကြီးမားမား မဟုတ်ရင် အလှူရှင်တွေနဲ့ ဆောက်လို့ ရပေမယ့် တချို့ရွာတွေမှာ ကိုယ့်ဝမ်း ကိုယ်ကျောင်းရတာ ဆိုတော့ ဖြစ်သလိုပဲ စာသင်ကြရတာ” ဟု ၎င်းက ဆိုသည်။

ယင်းသို့ လွှတ်တော် ကိုယ်စားလှယ်များက ဒေသဆိုင်ရာ ကျောင်းများ လိုအပ်ချက်ကို ဘဏ္ဍာနှစ် မကုန်မီ တင်ပြပေးရန်နှင့် ဘဏ္ဍာငွေ ခွင့်ပြုမှုအလိုက် ဦးစားပေး ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ ဇော်မင်းအောင်က ဇန်နဝါရီလ နောက်ဆုံးပတ် အတွင်း ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြောကြားထားသည်။

သို့သော်လည်း နိုင်ငံတော် လူ့စွမ်းအား အရင်းအမြစ်များ အတွက် အရေးပါသော ပညာရေး ဝန်ကြီးဌာနမှ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်း ဘဏ္ဍာငွေ တောင်းခံမှုမှာ နည်းပါးနေသဖြင့် အခြား ဝန်ကြီးဌာနများ အနေနှင့် မျှဝေ သုံးစွဲပေးရန်အတွက် ပြည်သူ့ ငွေစာရင်း ကော်မတီက ထောက်ပြထားသည်။

The Voice Weekly

No comments:

Post a Comment