Wednesday, February 26, 2014

သီလဝါအထူးစီးပွားရေးဇုန်အတွက် အစုရှယ်ယာများ မတ်လ ၃ရက်စရောင်းမည်

Photo: သီလဝါအထူးစီးပွားရေးဇုန်အတွက် အစုရှယ်ယာများ မတ်လ ၃ရက်စရောင်းမည်
Wednesday, February 26, 2014

ရန်ကုန်၊ မဇ္ဈိမ။ ။သီလဝါ အထူးစီးပွားရေးဇုန် စီမံကိန်းအတွက် မြန်မာသီလဝါ အများပိုင်ကုမ္ပဏီ၏ အစုရှယ်ယာများကို မတ်လ ၃ရက်တွင် စတင်ရောင်းချပေးမည်ဟု မြန်မာသီလဝါ အများပိုင် ကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့က ဖေဖော်ဝါရီလ ၂၆ရက်တွင် ထုတ်ပြန်လိုက်သည်။

မြန်မာသီလဝါအများပိုင်ကုမ္ပဏီ၏ အစုရှယ်ယာအရေအတွက် ၂ ဒသမ ၁၄၅ သန်းကို အစုရှယ်ယာတစ်စုလျှင် ကျပ်တစ် သောင်းနှုန်းဖြင့် မတ်လ ၃ ရက်မှ စတင်ကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝယ်ယူနိုင်ရန် စီစဉ်ရောင်း ချပေးမည်ဟု ဦးဆက်အောင်က ဖေဖော်ဝါရီလထဲတွင် ပြောခဲ့သည်။

ရှယ်ယာများကို ရောင်းချရာတွင် ရှယ်ယာအနည်းငယ်ဝယ်သူကို ဦးစားပေး ရောင်းချပေးမည်ဖြစ်ကာ ကျန်ရှိသည့်ရှယ်ယာများမှ ရှယ်ယာများများ ဝယ်ယူလိုသူများထံ နိုင်ငံတကာထုံးစံအတိုင်း Pro-rata စနစ်ဖြင့် အချိုးကျရောင်းချပေးသွားမည်ဖြစ်သည်။

ရှယ်ယာဝယ်လိုသူများအနေဖြင့် ဧရာဝတီဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်၊ သမဝါယမဘဏ်၊ ရိုးမဘဏ်၊ ကမ္ဘောဇဘဏ်တို့၏ တစ်နိုင်ငံလုံးရှိ ဘဏ်ခွဲများတွင် ဝယ်လိုသည့် ရှယ်ယာအရေအတွက်ကို အဆိုပြုလွှာ တင်၍ ဝယ်ယူနိုင်ရန် စီစဉ်ထားပြီး ဒေသခံများ ဝယ်ယူလိုပါက ဝယ်ယူနိုင်ရန် သီလဝါအထူးစီးပွားရေးဇုန် ရုံးခန်းနေရာတွင် စားပွဲတစ်လုံးချကာ ရောင်းချပေးမည်ဟုလည်း ဦးဆက်အောင်က နိုင်ငံပိုင်သတင်းစာနှင့် အင်တာဗျူးတစ်ခုတွင် ပြောထားသည်။

ရှယ်ယာများကို အများပြည်သူက အပြည့်မဝယ်ယူနိုင်ပါက Myanmar Thilawa SEZ Holdings အများပိုင် ကုမ္ပဏီ၏ ကနဦးရှယ်ယာရှင် ကုမ္ပဏီကိုးခုက အချိုးကျဝယ်ယူရန် သဘောတူထားပြီး ငွေကြေးထပ်မံလို အပ်သည့်အချိန်တွင်လည်း ရှယ်ယာများထပ်မံရောင်းချမည်ဖြစ်သည်။

သီလဝါအထူးစီးပွားရေးဇုန်အား မြန်မာ-ဂျပန် ပုဂ္ဂလိကနှင့် အစိုးရမှ ပူးပေါင်းဖွဲ့စည်းသည့် Myanmar Japan Thilawa Development Limited က တည်ဆောက်မည်ဖြစ်ကာ မြန်မာမှ ၅၁ ရာခိုင်နှုန်း၊ ဂျပန်မှ ၄၉ ရာခိုင်နှုန်းရှယ်ယာများ ပါဝင်သည်။ မြန်မာဘက်မှ ၅၁ ရာခိုင်နှုန်းတွင် သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီမှ ၁ဝ ရာခိုင်နှုန်းနှင့် အများပိုင်ကုမ္ပဏီကိုးခု ပါဝင်စုဖွဲ့ထားသည့် Myanmar Thilawa SEZ Holdings အများပိုင်ကုမ္ပဏီက ၄၁ ရာခိုင်နှုန်းတို့ပါဝင်ပြီး၊ ရောင်းချသောရှယ်ယာများမှာ ၄၁ ရာခိုင်နှုန်းပါဝင်သည့် အများပိုင်ကုမ္ပဏီ၏ ရှယ်ယာများဖြစ်သည်။

သီလဝါအထူးစီးပွားရေးဇုန်ကို ၂ဝ၁၃ ခုနှစ် နိုဝင်ဘာလဆန်းပိုင်းမှ စတင်ဆောင်ရွက်ခြင်းဖြစ်ပြီး ၂ဝ၁၅ နှစ်လယ်ပိုင်းမှစတင်ကာ စီးပွားဖြစ်လည်ပတ်နိုင်မည်ဟု ဇုန်တာဝန်ရှိသူများက မှန်းဆထားသည်။ သီလဝါ စီးပွားရေးဇုန်သည် မြန်မာနိုင်ငံတွင် ပထမဦးဆုံး တည်ဆောက်သည့် နိုင်ငံတကာ အဆင့်မီ အထူးစီးပွားရေးဇုန် တစ်ခုဖြစ်ပြီး မြေဧက ၅၇၈၇ ဒသမ ၁၇၈တွင် ပထမအဆင့်ကို စတင်ဆောင်ရွက်မည်ဖြစ်သည်။

Mizzima - News in Burmese
သီလဝါ အထူးစီးပွားရေးဇုန် စီမံကိန်းအတွက် မြန်မာသီလဝါ အများပိုင်ကုမ္ပဏီ၏ အစုရှယ်ယာများကို မတ်လ ၃ရက်တွင် စတင်ရောင်းချပေးမည်ဟု မြန်မာသီလဝါ အများပိုင် ကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့က ဖေဖော်ဝါရီလ ၂၆ရက်တွင် ထုတ်ပြန်လိုက်သည်။


မြန်မာသီလဝါအများပိုင်ကုမ္ပဏီ၏ အစုရှယ်ယာအရေအတွက် ၂ ဒသမ ၁၄၅ သန်းကို အစုရှယ်ယာတစ်စု လျှင် ကျပ်တစ် သောင်းနှုန်းဖြင့် မတ်လ ၃ ရက်မှ စတင်ကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝယ်ယူနိုင်ရန် စီစဉ်ရောင်း ချပေးမည်ဟု ဦးဆက်အောင်က ဖေဖော်ဝါရီလထဲတွင် ပြောခဲ့သည်။

ရှယ်ယာများကို ရောင်းချရာတွင် ရှယ်ယာအနည်းငယ်ဝယ်သူကို ဦးစားပေး ရောင်းချပေးမည်ဖြစ်ကာ ကျန်ရှိသည့်ရှယ်ယာများမှ ရှယ်ယာများများ ဝယ်ယူလိုသူများထံ နိုင်ငံတကာထုံးစံအတိုင်း Pro-rata စနစ်ဖြင့် အချိုးကျရောင်းချပေးသွားမည်ဖြစ်သည်။

ရှယ်ယာဝယ်လိုသူများအနေဖြင့် ဧရာဝတီဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်၊ သမဝါယမဘဏ်၊ ရိုးမဘဏ်၊ ကမ္ဘောဇဘဏ်တို့၏ တစ်နိုင်ငံလုံးရှိ ဘဏ်ခွဲများတွင် ဝယ်လိုသည့် ရှယ်ယာအရေအတွက်ကို အဆိုပြုလွှာ တင်၍ ဝယ်ယူနိုင်ရန် စီစဉ်ထားပြီး ဒေသခံများ ဝယ်ယူလိုပါက ဝယ်ယူနိုင်ရန် သီလဝါအထူးစီးပွားရေးဇုန် ရုံးခန်းနေရာတွင် စားပွဲတစ်လုံးချကာ ရောင်းချပေးမည်ဟုလည်း ဦးဆက်အောင်က နိုင်ငံပိုင်သတင်းစာနှင့် အင်တာဗျူးတစ်ခုတွင် ပြောထားသည်။

ရှယ်ယာများကို အများပြည်သူက အပြည့်မဝယ်ယူနိုင်ပါက Myanmar Thilawa SEZ Holdings အများပိုင် ကုမ္ပဏီ၏ ကနဦးရှယ်ယာရှင် ကုမ္ပဏီကိုးခုက အချိုးကျဝယ်ယူရန် သဘောတူထားပြီး ငွေကြေးထပ်မံလို အပ်သည့်အချိန်တွင်လည်း ရှယ်ယာများထပ်မံရောင်းချမည်ဖြစ်သည်။

သီလဝါအထူးစီးပွားရေးဇုန်အား မြန်မာ-ဂျပန် ပုဂ္ဂလိကနှင့် အစိုးရမှ ပူးပေါင်းဖွဲ့စည်းသည့် Myanmar Japan Thilawa Development Limited က တည်ဆောက်မည်ဖြစ်ကာ မြန်မာမှ ၅၁ ရာခိုင်နှုန်း၊ ဂျပန်မှ ၄၉ ရာခိုင်နှုန်းရှယ်ယာများ ပါဝင်သည်။ မြန်မာဘက်မှ ၅၁ ရာခိုင်နှုန်းတွင် သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီမှ ၁ဝ ရာခိုင်နှုန်းနှင့် အများပိုင်ကုမ္ပဏီကိုးခု ပါဝင်စုဖွဲ့ထားသည့် Myanmar Thilawa SEZ Holdings အများပိုင်ကုမ္ပဏီက ၄၁ ရာခိုင်နှုန်းတို့ပါဝင်ပြီး၊ ရောင်းချသောရှယ်ယာများမှာ ၄၁ ရာခိုင်နှုန်းပါဝင်သည့် အများပိုင်ကုမ္ပဏီ၏ ရှယ်ယာများဖြစ်သည်။

သီလဝါအထူးစီးပွားရေးဇုန်ကို ၂ဝ၁၃ ခုနှစ် နိုဝင်ဘာလဆန်းပိုင်းမှ စတင်ဆောင်ရွက်ခြင်းဖြစ်ပြီး ၂ဝ၁၅ နှစ်လယ်ပိုင်းမှစတင်ကာ စီးပွားဖြစ်လည်ပတ်နိုင်မည်ဟု ဇုန်တာဝန်ရှိသူများက မှန်းဆထားသည်။ သီလဝါ စီးပွားရေးဇုန်သည် မြန်မာနိုင်ငံတွင် ပထမဦးဆုံး တည်ဆောက်သည့် နိုင်ငံတကာ အဆင့်မီ အထူး စီးပွားရေးဇုန် တစ်ခုဖြစ်ပြီး မြေဧက ၅၇၈၇ ဒသမ ၁၇၈တွင် ပထမအဆင့်ကို စတင်ဆောင်ရွက် မည်ဖြစ် သည်။

Mizzima - News in Burmese

No comments:

Post a Comment